နေပြည်တော် ဇွန် ၁၃
အလုပ်သမားဝန်ကြီးဌာန၊ အလုပ်ရုံနှင့် အလုပ်သမားဉပဒေစစ်ဆေးရေးဆိုင်ရာ လုပ်ငန်း စွမ်းဆောင်ရည်မြှင့်တင်ရေးမွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကို နေပြည်တော်၊ ရုံးအမှတ်(၅၁)၊ အလုပ်သမားဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ ယနေ့နံနက်ပိုင်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ ထုတ်ပြန်ထားသော စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြာရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် အလုပ်ရုံနှင့်အလုပ်သမားဉပဒေစစ်ဆေးရေးဆိုင်ရာ ရုံးချုပ်နှင့် နေပြည်တော် ကောင်စီနယ်မြေမှ အရာထမ်း၊ အမှုထမ်း (၅၈) ဦး၊ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ စက်မှုဇုန်၊ အထူးစီးပွားရေး ဇုန်နှင့် မြို့နယ်ရုံးခွဲများမှ Virtual System ဖြင့် တက်ရောက်သူ အရာထမ်း၊ အမှုထမ်း (၄၂) ဦး အပါအဝင် စုစုပေါင်း (၁၀၀) ဦး တက်ရောက်ခဲ့သည်။
ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် အလုပ်သမားများ၏ ရပိုင်ခွင့်နှင့် အကျိုး ခံစားခွင့်များအား မှန်မှန်ကန်ကန်နှင့် ပြည့်ပြည့်ဝဝရရှိစေရန် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ပေးရမှာဖြစ်ပြီး အလုပ်သမားများ၏ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များကိုလည်း အလေးထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စစ်ဆေး ရေးကိစ္စရပ်များအနေဖြင့် လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေအရ မြေပြင်တွင် ကွင်းဆင်း စစ်ဆေး၍ရသည့် နယ်မြေများကို ကွင်းဆင်း၍ စစ်ဆေးခြင်း၊ မြေပြင်သို့ သွားရောက်၍ မစစ်ဆေးနိုင်သည့် နယ်မြေများကို Online ဖြင့် စစ်ဆေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း၊ စည်းကြပ်နေသည့် ဥပဒေ၊ နည်းဥပဒေများကို အလုပ်ရှင်၊ အလုပ်သမားများအနေဖြင့် သဘော ပေါက်နားလည်စေရန် အသိပညာပေး ဆွေးနွေးပွဲများကိုလည်း ဦးစီးဌာနအလိုက် ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ဦးတည်ချက် (၉) ရပ်နှင့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်ချမှတ်ပြီး နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍစုံ ဖွံ့ဖြိုး တိုးတက်ရေးကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ဝန်ထမ်းများသည် အဓိကကျသည့် မောင်းနှင်အားဖြစ်ကြောင်း၊ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားကို မိမိတို့ကိုယ်စွမ်း ဉာဏ်စွမ်းရှိသ၍ အလေးအနက်ထား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ လုပ်ငန်းခွင်အေးချမ်း သာယာပြီး ကုန်ထုတ်စွမ်းအား တိုးတက်မြင့်မားစေရေးအတွက် အလုပ်ရှင်နှင့် အလုပ်သမား များအပေါ် ဥပဒေအရလည်းကောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်လာသော နည်းပညာများအရ လည်းကောင်း၊ ကုန်ထုတ်လုပ်မှုနှင့် လုပ်ငန်းခွင်ဆက်ဆံရေးတွင် ထိရောက်သည့် ဝန်ဆောင်မှု ပေးနိုင်ရေး အလေးထားဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည် ဖြစ်သည့်အတွက် နိုင်ငံ့ဝန်ထမ်းများအပေါ် ပြည်သူများက ယုံကြည်အားထားမှု ပိုမိုရရှိစေရေး ဝန်ထမ်းအားလုံးက ကြိုးစားဆောင်ရွက်ကြရန်လိုကြောင်း၊ အရာထမ်း၊ အမှုထမ်းများအနေဖြင့် မိမိတို့ဝန်ကြီးဌာနက တာဝန်ယူစည်းကြပ်လျက်ရှိသည့် ဥပဒေများ၊ ဖြစ်ပေါ်ပြောင်းလဲတိုးတက် နေသည့် အလုပ်သမား အခွင့်အရေးဆိုင်ရာ အခြေအနေများ၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များကို စဉ်ဆက်မပြတ် လေ့လာသင်ယူကြရန်၊ မိမိ တို့ကိုယ်တိုင် ရုံးလုပ်ငန်းများကို စနစ်တကျ မှန်ကန်စွာ ဆောင်ရွက်နိုင်ကြရန်၊ မိမိရာထူးအဆင့် အလိုက် လုပ်ငန်းတာဝန်များကို ကျေပွန်အောင် ထမ်းဆောင်ကြရန်၊ ယခုဖွင့်လှစ်ပို့ချသည့် သင်တန်းမှ အတွေ့အကြုံကောင်းများကိုရယူပြီး လုပ်ငန်းစွမ်းဆောင်ရည်များ တိုးတက်မြင့်မား အောင် အားစိုက်ဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြားခဲ့ပါသည်။