နေပြည်တော် ဒီဇင်ဘာလ ၁၅
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် ယနေ့ (၁၁:၃၀) နာရီ တွင် အဆိုပါဝန်ကြီးဌာန၏ စုဝေးခန်းမ၌ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန မှ အရာထမ်း၊ အမှုထမ်းများနှင့်အတူ အထူးနေ့လယ်စာသုံးဆောင်ခဲ့ကြသည်။
အထူးနေ့လယ်စာစားပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း/ အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် နိုင်ငံတော်အစိုးရ၏ ယန္တရား ကောင်းမွန်စွာလည်ပတ်နိုင်ရေးအတွက် ကျရာကဏ္ဍမှ တာဝန်သိစိတ်ဖြင့် ဆောင်ရွက်နေကြ သော ဝန်ထမ်းများအား မိသားစုသဖွယ် အသိအမှတ်ပြုကြောင်းနှင့် ဝန်ကြီးဌာန၏ မူဝါဒနှင့် ရည်မှန်းချက်တာဝန်များအား ကျေပွန်စွာ တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများအား အသိအမှတ်ပြုသည့်အတွက် နေ့လယ်စာမိတ်ဆုံစားပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ဝန်ကြီးဌာန၏ ရည်မှန်းချက်တာဝန်များကျေပွန်စွာထမ်းဆောင်နိုင်မှုမှာ အဆင့်အလိုက် ဝန်ထမ်းအားလုံး၏ ပူးပေါင်း ဆောင်ရွက်မှုကြောင့်ဖြစ်ပါကြောင်း၊ ဝန်ထမ်းအားလုံးက ပေးအပ်ထားသည့်တာဝန်များကို တတ်စွမ်းသမျှ ကြိုးစားဆောင်ရွက်ကြသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ နိုင်ငံတော်နှင့် ပြည်သူ့အတွက် ဝန်ထမ်းအားလုံးက မိမိတို့လုပ်ငန်းတာဝန်များကို ညီညီညွတ်ညွတ်ဖြင့် ဆက်လက်ဆောင်ရွက်ကြစေလိုပါကြောင်း၊
ဝန်ထမ်းများအနေဖြင့် ပါတီနိုင်ငံရေးကင်းရှင်းရန် အထူးလိုအပ်ကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက် (၉)ရပ်နှင့်အညီ တာဝန်ကျရာ ကဏ္ဍများတွင် အောင်မြင်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ အမိန့်နှင့် ညွှန်ကြားချက်များ၊ စောင့်ထိန်း ရမည့်ကျင့်ဝတ်များကို လိုက်နာရန်တာဝန်ရှိကြောင်း၊ ဝန်ထမ်းများလိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်နှင့်အညီ လုပ်ကိုင်ဆောင်ရွက်မည်ဆိုပါက မိမိဝန်ကြီးဌာန၏ မူလလုပ်ငန်းများ၊ ရည်မှန်းချက်များ အောင်မြင်ပြီးမြောက်ပြီး နိုင်ငံတော်အတွက်လည်း ကောင်းမွန်သည့် အကျိုး ကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း နှင့် ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်မှုကို ထိန်းသိမ်း စောင့်ရှောက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာ အကြီးအကဲများက ဝန်ကြီးဌာနမှ အရာထမ်း/ အမှုထမ်းများနှင့်အတူ အထူးနေ့လယ်စာ အတူတကွ သုံးဆောင်ခဲ့ကြကြောင်း သတင်းရရှိသည်။