အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်                                                                                           ဩဂုတ် ၁၄

အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၏ ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို  ယနေ့နံနက်ပိုင်းတွင် လူမှုဖူလုံရေးအဖွဲ့(ရုံးချုပ်)၊ စုဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် တက်ရောက် အဖွင့်အမှာစကားပြောကြားသည်။

အခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်းများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။

          ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ယနေ့အခမ်းအနားသည် အလုပ်သမား ဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှ ကြီးမှူး၍ ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၃) သင်တန်းဖွင့်ပွဲအခမ်းအနားဖြစ်ပြီး ယနေ့ခေတ် နည်းပညာများ အချိန်နှင့်တစ်ပြေးညီ တိုးတက် လာချိန်တွင် လူမှုဖူလုံရေးအဖွဲ့မှာ တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်း များ ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်တတ်စေရန်နှင့် ကွန်ပျူတာအခြေခံနည်းပညာကို အသုံးချပြီး e-Government လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လွယ်ကူချော့မွေ့စေရန်၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းစည်းကမ်းချက်များနှင့်အညီ စနစ်တကျ ကြိုးကြိုးစားစား သင်ယူရန်လိုကြောင်း၊ သင်တန်းတွင် ပို့ချမည့်သင်ခန်းစာများကို လက်တွေ့လုပ်ဆောင်ရာမှာ စိတ်ပါဝင်စားစွာဖြင့် အားတက်သရော လိုက်ပါလုပ်ဆောင်ရွက်ရန်လိုပြီး သင်တန်းတွင် သတ်မှတ် ထားသည့် စည်းကမ်းချက်များနှင့်အညီ ကြိုးစားလိုက်နာ လေ့လာသွားကြရန်လိုကြောင်း၊ သင်တန်းနှင့်ပတ်သက်၍ လိုအပ်သည်များအား သင်တန်းတာဝန်ခံများ၊ သက်ဆိုင်ရာတာဝန်ရှိသူ များနှင့် ဆက်သွယ်ပြောကြားပေးရန်နှင့် တာဝန်ရှိသူများအနေဖြင့်  ဖြည့်ဆည်းဆောင်ရွက်ပေးစေ လိုကြောင်း၊ ဝန်ထမ်းများအတွက် ကွန်ပျူတာပညာရပ်အား ကျွမ်းကျင်ပိုင်နိုင်စွာ လက်တွေ့အသုံးပြု နိုင်ရန်နှင့် ဌာနတွင်းလုပ်ငန်းတာဝန်များ၊ ဝန်ထမ်းဆိုင်ရာစည်းမျဉ်းစည်းကမ်းများ၊ သိသင့်သိထိုက် သည့် အသိပညာဗဟုသုတများကို အခြေခံအားဖြင့် နားလည်သိရှိစေရန် ရည်ရွယ်ဖွင့်လှစ်ပေး သည့် ယခုသင်တန်းကို တက်ရောက်ကြသည့် သင်တန်းသားများအနေဖြင့် သင်တန်းကာလအတွင်း မိမိတို့အတွက် အကျိုးရှိအောင် ရသလောက်ကြိုးစားသင်ယူသွားရန်နှင့် ဌာနမှ အားကိုးအားထား ပြုထိုက်သည့် နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်အောင် အစဉ်ကြိုးစားအားထုတ် လုပ်ကိုင်ကြရန်နှင့် ပေးအပ်လာသည့် တာဝန်ဝတ္တရားများကိုလည်း ကျေပွန်အောင်ထမ်းဆောင်သွားကြရန် တိုက်တွန်း ပြောကြားခဲ့သည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ကွန်ပျူတာ အခြေခံသင်တန်း သင်ကြားပို့ချနေမှုအား ကြည့်ရှုအားပေးခဲ့သည်။

အဆိုပါသင်တန်းကို အရာထမ်း၊ အမှုထမ်း (၄၀) ဦးတို့ဖြင့် ၁၄-၈-၂၀၂၃ ရက်နေ့မှ ၂၅-၈-၂၀၂၃ ရက်နေ့ထိ သင်တန်းကာလ (၁၀)ရက်ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။