အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်                                                                                                     ဇွန် ၁၂

          အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၏ စာရေးဝန်ထမ်းများ လုပ်ငန်းခွင်ဝင်အကြို သင်တန်းအမှတ်စဉ် (၃/၂၀၂၃) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ လူမှုဖူလုံရေးအဖွဲ့ (ရုံးချုပ်)၊ စုဝေးခန်းမ၌ ကျင်းပခဲ့ရာ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာပွင့်ဆန်း တက်ရောက်အဖွင့်အမှာစကား ပြောကြားခဲ့သည်။

          အခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ ၊ဒုတိယညွှန်ကြားရေး မှူးချုပ်များ၊ တာဝန်ရှိသူများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။

          ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် လူမှု ဖူလုံရေးအဖွဲ့သို့ အသစ်ဝင်ရောက်လာသည့် အငယ်တန်းစာရေးဝန်ထမ်းများအတွက် လုပ်ငန်းခွင် ဆိုင်ရာ အသိပညာများ မြှင့်တင်ပေးနိုင်ရန်အတွက် နိုင်ငံ့ဝန်ထမ်းများ သိသင့်သိထိုက်သည့် ဘာသာရပ်များ၊ မူဝါဒများ၊ ရည်မှန်းချက်များ၊ လုပ်ငန်းတာဝန်များ၊ လက်ရှိကျင့်သုံးဆောင်ရွက် နေသာ ဥပဒေ၊ နည်းဥပဒေကို သိရှိနားလည်တတ်ကျွမ်းကြပြီး ရုံးလုပ်ငန်းများတွင် အကျိုးရှိရှိ ထိထိရောက်ရောက် အသုံးချလုပ်ကိုင်သွားနိုင်ရန် ရည်ရွယ်ပြီး ဖွင့်လှစ်ပို့ချပေးခြင်းဖြစ်ကြောင်း၊ လူမှုဖူလုံရေးအဖွဲ့သည် အာမခံအလုပ်ရှင်/ အလုပ်သမားများရဲ့အကျိုး၊ အများပြည်သူများ၏ အကျိုးကို ရှေ့ရှုပြီး နိုင်ငံတော်ကချမှတ်ထားသည့် မူဝါဒလုပ်ငန်းစဉ်များနှင့်အညီ ဝန်ဆောင်မှု ပေးနေသော ဌာနအဖွဲ့အစည်း တစ်ခုဖြစ်ကြောင်း၊

လူမှုဖူလုံရေးစီမံကိန်းကို တစ်မျိုးသားလုံး အကျုံးဝင်သည့် စီမံကိန်းဖြစ်လာစေဖို့၊ ခေတ်စနစ်နှင့်ကိုက်ညီပြီး နိုင်ငံတကာအဆင့်မှီသည့် လူမှုဖူလုံရေးစနစ်များကို အကောင်အထည်ဖော် နိုင်စေရန် ရေရှည်မျှော်မှန်းချက်များ ချမှတ်လုပ်ဆောင်လျက်ရှိကြောင်း၊ နိုင်ငံ့ဝန်ထမ်းများဖြစ် သည်နှင့်အညီ နိုင်ငံဝန်ထမ်းများ လိုက်နာကျင့်ကြံရမည့် ဥပဒေ၊ နည်းဥပဒေများအပြင် ပါတီ နိုင်ငံရေးကင်းရှင်းရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေပြီး နိုင်ငံတော် က ချမှတ်သည့် မူဝါဒနှင့် လုပ်ငန်းစဉ်များ အောင်မြင်စေရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

          အဆိုပါသင်တန်းကို Hybrid Training ပုံစံဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ အသစ်ဝင်ရောက်လာသည့် အငယ်တန်းစာရေး (၅၀) ဦးတို့အား သင်တန်းကာလ (၁၀)ရက်ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပါသည်။