အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

မန္တလေး                                                                                                 နိုဝင်ဘာ ၁၇ ။

           အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဆိုင်ရာ နှီးနှော ဖလှယ်ပွဲကို ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးမြို့ တော်စည်ပင်သာယာရေးကော်မတီရုံး မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည်။

           အခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ မန္တလေး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊  ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ခုံသမာဓိကောင်စီဝင်များ၊ အထက် မြန်မာပြည်ခုံသမာဓိအဖွဲ့ဝင်များ၊ မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာ ဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်းချုပ် (UMFCCI) နှင့် မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (MRCCI) တို့မှ ကိုယ်စားလှယ်များအပါအဝင် စုစုပေါင်း (၁၃၀) ဦးခန့် တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် အလုပ်သမားရေးရာအငြင်း ပွားမှုဖြေရှင်းရေးဆိုင်ရာနှီးနှောဖလှယ်ပွဲသည် အလုပ်ရှင်နှင့် အလုပ်သမားအငြင်းပွားမှုများကို ဥပဒေနှင့်အညီ ထိရောက်စွာဖြေရှင်းနိုင်မည့် နည်းလမ်းများနှင့် ဆုံးဖြတ်ချက်ရလဒ်ကောင်း များကို ရရှိလာစေရန် ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ မြန်မာပြည်အောက်ပိုင်းရှိ အငြင်း ပွားမှုဖြေရှင်းရေးအဖွဲ့ဝင်များအတွက် အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ၁၄-၁၀-၂၀၂၃ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၌ ကျင်းပပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်း၊ အလုပ်ရှင်၊ အလုပ်သမားအကြား အငြင်းပွားမှုကို ပြေလည်စွာဖြေရှင်းနိုင်ရန်နှင့်  လုပ်ငန်းခွင်ဆက်ဆံရေးကောင်းမွန်လာစေရန် လုပ်ငန်းခွင်အတွင်း၌ အလုပ်ရှင်၊ အလုပ်သမား ကနဦးဆွေးနွေးညှိနှိုင်းနိုင်ရေး အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်များပါဝင်သည့် အလုပ် သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) ကို အလုပ်သမား (၃၀) ဦးနှင့် အထက်ရှိသော စက်ရုံ၊ အလုပ်ရုံများတွင် ဖွဲ့စည်းပေးထားကြောင်း၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန် ယူဆောင်ရွက်နေသည့်ကာလအတွင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးပြုပြင်ပြောင်းလဲမှုများအား အဆင့်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ စက်မှုလုပ်ငန်းများကို အားပေး ဆောင်ရွက်၍ ပို့ကုန်ကဏ္ဍမြှင့်တင်ရေးဆောင်ရွက်လျက်ရှိပြီး ပြည်တွင်း/ပြည်ပမှ ရင်းနှီးမြှုပ်နှံ မှုများ ဖိတ်ခေါ်လျက်ရှိကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာခြင်းဖြင့် အလုပ် အကိုင်အခွင့်အလမ်းများ ပေါများလာမည်ဖြစ်သကဲ့သို့ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နှင့် အလုပ်သမားများ၏ လူမှုဘဝတိုးတက်ရေးတွင် တစ်ဖက်တစ်လမ်းက အထောက်အကူပြု လာမည်ဖြစ်ကြောင်း၊  အငြင်းပွားမှုဖြေရှင်းရေးယန္တရားတွင်ပါဝင်သည့် သက်ဆိုင်ရာကိုယ်စား လှယ်များအနေဖြင့် အလုပ်ရှင်၊ အလုပ်သမားများ၏ ရပိုင်ခွင့်များကို ဘက်လိုက်မှုမရှိဘဲ သမာသမတ်ကျစွာ ဖြေရှင်းဆောင်ရွက်ရန်လိုအပ်ပြီး အဖွဲ့အစည်းစွဲမထားဘဲ အလုပ်ရှင်၊ အလုပ်သမားနှစ်ဖက်၏ အကျိုးကိုကြည့်ရှုဆောင်ရွက်ရန် တိုက်တွန်းပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် အောင်မြေသာစံမြို့နယ်ရှိ အလုပ်သမားဆေးရုံကြီး(မန္တလေး)သို့ သွားရောက်၍ ဆေးရုံးတွင်း လှည့်လည်ကြည့်ရှုစစ်ဆေး ခဲ့ပြီး ဆေးရုံတက်ရောက်ကုသနေသည့် အာမခံအလုပ်သမားများကို ရင်းရင်းနှီးနှီးနှုတ်ဆက်၍ ထောက်ပံ့ငွေများပေးအပ်ခဲ့ပါသည်။ ထို့နောက် ပြည်ကြီးတံခွန်မြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့် ရေးသင်တန်းကျောင်း(မန္တလေး)သို့ သွားရောက်စစ်ဆေးခဲ့ရာ သင်တန်းကျောင်းတာဝန်ခံမှ လုပ်ငန်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးမှ လိုအပ် သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။