မန္တလေး နိုဝင်ဘာ ၂၁
အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဆိုင်ရာ နှီးနှော ဖလှယ်ပွဲကို ယနေ့ နံနက်ပိုင်း တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးမြို့ တော်စည်ပင်သာယာရေးကော်မတီရုံး မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ တိုင်းဒေသ ကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ခုံသမာဓိကောင်စီဝင်များ၊ အထက်မြန်မာပြည်ခုံ သမာဓိအဖွဲ့ဝင်များ၊ မြို့နယ်ညှိနှိုင်းဖျန်ဖြေရေး အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များ နှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)နှင့် မန္တလေးတိုင်းဒေသကြီး ကုန်သည် များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (MRCCI) တို့မှ ကိုယ်စားလှယ်များအပါအဝင် စုစုပေါင်း (၁၄၀) ဦးခန့် တက်ရောက်ခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် အလုပ်သမားရေးရာအငြင်း ပွားမှုဖြေရှင်းရေး ဆိုင်ရာနှီးနှော ဖလှယ်ပွဲသည် အလုပ်ရှင်နှင့် အလုပ်သမားအငြင်းပွားမှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ ဖြေရှင်းနိုင်မည့် နည်းလမ်း များနှင့် ဆုံးဖြတ်ချက်ရလဒ်ကောင်းများ ကို ရရှိလာစေရန် ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ မြန်မာပြည်အောက်ပိုင်းရှိ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ဝင်များအတွက် အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဆိုင်ရာ နှီးနှော ဖလှယ်ပွဲကို ၂၅-၁၀-၂၀၂၄ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၌ ကျင်းပ ပြုလုပ်ခဲ့ ပြီးဖြစ် ကြောင်း၊ အလုပ်ရှင်၊ အလုပ်သမားအကြား အငြင်းပွားမှုကို ပြေလည်စွာဖြေရှင်းနိုင်ရန်နှင့် လုပ်ငန်းခွင်ဆက်ဆံရေးကောင်းမွန်လာစေရန် လုပ်ငန်းခွင်အတွင်း၌ အလုပ်ရှင်၊ အလုပ်သမား ကနဦးဆွေးနွေးညှိနှိုင်းနိုင်ရေး အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်များပါဝင်သည့် အလုပ် သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) ကို အလုပ်သမား (၃၀) ဦးနှင့် အထက်ရှိသော စက်ရုံ၊ အလုပ်ရုံများတွင် ဖွဲ့စည်းပေးထားကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီ တာဝန် ယူဆောင်ရွက်နေသည့်ကာလအတွင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြုပြင် ပြောင်းလဲမှု များအား အဆင့် အလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ စက်မှုလုပ်ငန်းများကို အားပေး ဆောင်ရွက်၍ ပို့ကုန်ကဏ္ဍ မြှင့်တင်ရေးဆောင်ရွက်လျက်ရှိပြီး ပြည်တွင်း/ပြည်ပမှ ရင်းနှီးမြှုပ်နှံ မှုများ ဖိတ်ခေါ် လျက်ရှိကြောင်း၊ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုများ ဝင်ရောက်လာခြင်းဖြင့် အလုပ် အကိုင်အခွင့်အလမ်းများ ပေါများလာမည်ဖြစ်သကဲ့သို့ နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နှင့် အလုပ်သမားများ၏ လူမှုဘဝတိုးတက်ရေးတွင် တစ်ဖက်တစ်လမ်းက အထောက်အကူပြု လာမည် ဖြစ်ကြောင်း၊ အငြင်းပွားမှုဖြေရှင်းရေး ယန္တရားတွင်ပါဝင်သည့် သက်ဆိုင်ရာကိုယ်စား လှယ်များအနေဖြင့် အလုပ်ရှင်၊ အလုပ် သမားများ၏ ရပိုင်ခွင့်များကို ဘက်လိုက်မှုမရှိဘဲ သမာသမတ်ကျစွာ ဖြေရှင်းဆောင်ရွက်ရန်လိုအပ်ပြီး အဖွဲ့အစည်း အစွဲမထား ဘဲ အလုပ်ရှင်၊ အလုပ် သမားနှစ်ဖက်၏ အကျိုးကိုကြည့်ရှုဆောင်ရွက်ရန် တိုက်တွန်းပြောကြားခဲ့သည်။
ထို့နောက် ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (မန္တလေး)သို့ရောက်ရှိပြီး သင်တန်းကျောင်းရှိ စာသင်ဆောင်ခန်းမ မျက်နှာကျက်တပ်ဆင်ခြင်း၊ တိုးချဲ့ဆောင်ဆောက် လုပ်ခြင်းလုပ်ငန်းများနှင့် လေအေးပေးစက်တပ်ဆင်/ ပြုပြင်ခြင်း သင်တန်း (၂/၂၀၂၄) ဖွင့်လှစ် ပို့ချနေမှုကို ကြည့်ရှုအားပေးခဲ့ပြီး သင်တန်းကျောင်းတာဝန်ခံက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အတွင်း ကျွမ်းကျင်မှုသင်တန်းများ ပို့ချဆောင်ရွက်ခဲ့မှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ပြည်တွင်းပြည်ပ လုပ်သားဈေးကွက်လိုအပ်ချက်နှင့် ကိုက်ညီသော ကျွမ်းကျင်လုပ်သားများ မွေးထုတ်နိုင်ရေး သင်ထောက် ကူပစ္စည်းများ၊ သင်တန်းသုံးပစ္စည်းများနှင့် လေ့ကျင့်ရေးနည်းပြများ၏ အရည်အသွေးအာမခံချက်ရှိရန် လိုအပ်ပါကြောင်း၊ လေ့ကျင့်ရေးနည်းပြ များအနေဖြင့် လုပ်ငန်းခွင်၏ တိုးတက်ပြောင်းလဲနေသော အခြေအနေများကို လေ့လာသုံးသပ်ပြီး သင်တန်းများတွင် ထည့်သွင်းသင်ကြားနိုင်ရေး ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။