အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အလုပ်သမားဝန်ကြီးဌာန၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနနှင့် အလုပ်သမားရေးရာဆက်ဆံရေး ဦးစီးဌာနတို့ရှိ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းတာဝန်များအား စည်းလုံးညီညွတ်စွာဆောင်ရွက်နိုင်စေရန်၊ ပိုမိုချစ်ခင် ရင်းနှီးစေရန်နှင့် သက်သာချောင်ချိစေရန် ရည်ရွယ်၍ “စည်းလုံးခြင်းသည်အင်အား” ဟူသောဆောင်ပုဒ်နှင့်လျော်ညီစွာ ပြည်ထောင်စုဝန်ကြီး အပါအဝင် အရာထမ်း (၅၈)ဦး၊ အမှုထမ်း (၈၇)ဦး၊ စုစုပေါင်း (၁၄၅)ဦးတို့သည် ၂၉-၂-၂၀၂၄ ရက်နေ့၊ (၁၂:၀၀) နာရီအချိန်တွင် ရုံးအမှတ် (၅၁)၊ စုဝေးခန်းမ၌ လက်ရည်တစ်ပြင်တည်း အတူတကွ နေ့လယ်စာစားသုံးခဲ့သည်။