အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်                                                                                                                ဇွန် ၂၇

          အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးနှင့် အလုပ်သမားရေးရာဌာနများမှ တာဝန်ခံအရာထမ်းများနှင့် ယနေ့နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်း)၌ လူငယ်လူရွယ်များ အလုပ်အကိုင်အခွင့်အလမ်း တိုးတက်ရရှိရေးအတွက် ဂဟေဆက် သင်တန်းနှင့် မော်တော်ယာဉ်စက်ပြင်သင်တန်း ဖွင့်လှစ်ပို့ချနေမှုကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ဒုတိယဝန်ကြီးက ပြည်တွင်း ပြည်ပလုပ်သားဈေးကွက်လိုအပ်ချက်နှင့်ကိုက်ညီသော ကျွမ်းကျင်လုပ်သားများ မွေးထုတ်နိုင်ရေး သင်ထောက်ကူပစ္စည်းများ၊ သင်တန်းသုံးပစ္စည်းများနှင့် လေ့ကျင့်ရေးနည်းပြများ၏ အရည်အသွေးအာမခံချက်ရှိရန် လိုကြောင်း၊ သင်တန်းသားများ အနေဖြင့် သင်တန်းကာလအတွင်း စာတွေ့/ လက်တွေ့သင်ခန်းစာများကို စိတ်ပါဝင်စားစွာ တက်ရောက်ကြရန်နှင့် သင်တန်းစည်းကမ်းများလိုက်နာပြီး လက်တွေ့လုပ်ဆောင်ရာ၌ အဖွဲ့ လိုက် တက်ညီလက်ညီလုပ်ဆောင်မှသာ ရလဒ်ကောင်းများရရှိနိုင်မည်ဖြစ်ကြောင်း၊ သင်တန်း ဆင်းများကို ပြည်တွင်းအလုပ်အကိုင်များရရှိရေး ချိတ်ဆက်ပေးပြီး NSSA အသိအမှတ်ပြု ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဌာနများတွင် ကျွမ်းကျင်မှုစစ်ဆေးအကဲ ဖြတ်မှုခံယူစေရန် မှာကြားခဲ့သည်။

ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်း ကျောင်း(ရန်ကင်း)တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အတွင်း သင်တန်းအမျိုး အစား (၈)မျိုးကို သင်တန်းသား (၂၀၂) ဦးနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စားသောက်ဆိုင်ဝန်ဆောင်မှုသင်တန်းကို သင်တန်းသား (၄၀) ဦး ဖြင့် ဖွင့်လှစ်ပို့ချရန် လျာထားဆောင်ရွက်လျက်ရှိပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း စားသောက်ဆိုင်ဝန်ဆောင်မှုသင်တန်းကို သင်တန်းသား (၂၀) ဦး၊ သံချည်သံကွေး (မွမ်းမံ) သင်တန်းကို သင်တန်းသား (၃၀)ဦးဖြင့် ဖွင့်လှစ်ခဲ့ကြောင်း၊ မော်တော်ယာဉ်စက်ပြင် သင်တန်း သား (၂၀) ဦးနှင့် ဂဟေဆက်သင်တန်းကို သင်တန်းသား (၁၂) ဦးဖြင့် ဖွင့်လှစ်ပို့ချလျက်ရှိ ကြောင်း သိရှိရသည်။

          ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မင်္ဂလာဒုံမြို့နယ်ရှိ Shinsung Tongsang International Co., Ltd နှင့် SMK Mingaladon Co., Ltd အထည်ချုပ်စက်ရုံများသို့  သွားရောက်၍ လုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှုပြီး လုပ်သားများကို တွေ့ဆုံအားပေးခဲ့သည်။  

ဒုတိယဝန်ကြီးအား စက်ရုံအစည်းအဝေးခန်းမတွင် စက်ရုံတာဝန်ခံများ၊ မန်နေဂျာများ၊ ကြီးကြပ်ရေးမှူးများနှင့် စက်ရုံအလုပ်သမားအဖွဲ့အစည်းဝင်များ၊ အလုပ်သမားရေးရာလုပ်ငန်း ညှိနှိုင်းရေးကော်မတီဝင်များ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင် ကျန်းမာရေးတာဝန်ခံများ က လုပ်ငန်းခွင် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ရာ ဒုတိယဝန်ကြီးက လုပ်ငန်းခွင်တည်ငြိမ် အေးချမ်းရေးနှင့် ကုန်ထုတ်စွမ်းအား တိုးတက်စေရေးအတွက် အလုပ်သမားရေးရာ ညွှန်ကြားချက် များနှင့်အညီ လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စက်ရုံအလုပ်သမားအဖွဲ့အစည်း၊ အလုပ် သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ(WCC)၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကော်မတီများသည်  အလုပ်သမားရေးရာ ဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်၍ အလုပ်ရှင်၊ အလုပ်သမား အပြန်အလှန် စေတနာထားပြီး ယုံကြည်မှုရှိရှိ ဆောင်ရွက်ရန်လိုကြောင်း၊

လုပ်ငန်းခွင်ဆက်ဆံရေးကောင်းမွန်ခြင်းဖြင့် စက်ရုံ၏ ကုန်ထုတ်လုပ်မှုကို မြှင့်တင်ပေးနိုင် သောကြောင့် အလုပ်ရှင်၊ အလုပ်သမားများက အလေးထားဆောင်ရွက်ရန်လိုကြောင်း၊ အလုပ် သမားရေးရာကိစ္စနှင့်စပ်လျဉ်း၍ ဝန်ကြီးဌာနရှိ ဦးစီးဌာန၊ အဖွဲ့များသို့ အချိန်မရွေး ဆက်သွယ်နိုင် ကြောင်း၊ အလုပ်ရှင်၊ အလုပ်သမား နွေးထွေးသည့် ဆက်ဆံမှုသည် စက်ရုံ၊ အလုပ်ရုံ၏ ပုံရိပ်ကို များစွာသက်ရောက်မှုရှိစေနိုင်ကြောင်း မှာကြားခဲ့ကြောင်း သတင်းရရှိသည်။