နေပြည်တော် နိုဝင်ဘာ ၄
အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန် သည် ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများလိုက်ပါလျက် ညောင်ဦးမြို့နယ်၊ မင်းနန်သူရွာရှိ Aureum Palace Hotel Assessment Center တွင် အိပ်ခန်းဆောင်ထိန်းသိမ်းရေးအလုပ်အကိုင် (Room Attendant) Level-1 ဖြေဆိုသူ (၁၈) ဦးကို စစ်ဆေးအကဲဖြတ်နေမှုအား ကြည့်ရှုအားပေးခဲ့သည်။
Assessment Center တာဝန်ခံက နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ရာဇသင်္ဂဟလမ်း၊ ဟိုတယ်ဇုံ (၁) ရှိ Aureum Palace Hotel Assessment Center တွင် ဟိုတယ်အလုပ်အကိုင် ဆိုင်ရာ Room Attendant Level-1၊ Waiting Staff Level-1၊ Bell Person Level-1 နှင့် Public Area Attendant Level-1 အလုပ်အကိုင်တို့အတွက် Assessment Center အဖြစ် ၂၀၂၄ ခုနှစ်၊ မတ်လတွင် တည်ထောင်၍ Room Attendant Level-1 အလုပ်အကိုင်အတွက် ဖြေဆိုသူ (၂၂) ဦး ကို ကျွမ်းကျင်လုပ်သားများအဖြစ် အသိအမှတ်ပြုလက်မှတ်ပေးအပ်နိုင်ခဲ့ကြောင်း၊
မန္တလေးတိုင်း၊ ညောင်ဦးမြို့ရှိ Aureum Palace Hotel ၌ NSSA ၏ ဟိုတယ် အလုပ် အကိုင်ဆိုင်ရာ Room Attendant Level-1၊ Waiting Staff Level-1၊ Bell Person Level-1 နှင့် Public Area Attendant Level-1 တို့အတွက် စစ်ဆေးအကဲဖြတ်ရေးဌာနအဖြစ် ဆောင်ရွက် နိုင်ရန် ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် လျှောက်ထား၍ ဦးစီးဌာနမှ အသိအမှတ်ပြုကျောင်း အဖြစ် မှတ်ပုံတင်ခွင့်ပြုပေးခဲ့ပြီး လက်ရှိကာလတွင် အိမ်ခန်းဆောင်ထိန်းသိမ်းရေး အလုပ်အကိုင် (Room Attendant) အတွက် ဖြေဆိုသူ (၁၈) ဦးကို စစ်ဆေးအကဲဖြတ် သွားမည်ဖြစ်ပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ဟိုတယ်အလုပ်အကိုင် (၄) မျိုး အတွက် ဖြေဆိုသူ (၁၀၀) ဦးခန့်ကို ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်၍ ကျွမ်းကျင်လုပ်သားများ စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း တင်ပြခဲ့ပါသည်။
ဒုတိယဝန်ကြီးက ၂၀၁၄ ခုနှစ်မှ ယခုအချိန်ထိ ဟိုတယ်စားပွဲထိုး၊ အိပ်ခန်းဆောင်ထိန်း သိမ်းရေးနှင့် ဧည့်ကြိုအလုပ်အကိုင် (၃) မျိုးတွင် သတ်မှတ်အရည်အချင်းပြည့်မီသူ (၁၄၈၅) ဦးကို ကျွမ်းကျင်လုပ်သားများအဖြစ် သတ်မှတ်၍ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်များ ပေးအပ် နိုင်ခဲ့ကြောင်း၊ နိုင်ငံတော်၏စီးပွားရေးမှာ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်နွယ်နေ ပြီး ဟိုတယ်လုပ်ငန်းကဏ္ဍရှိ အလုပ်အကိုင်များ အဓိကပါဝင်လျက်ရှိသဖြင့် ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း၊ ခရီးသွားဧည့်သည်များ လည်ပတ်မှု များပြားသည့် ဒေသဖြစ်၍ အကောင်းဆုံးဝန်ဆောင်မှု ပေးနိုင်ရန်လိုကြောင်း၊ ဝန်ဆောင်မှုပေးနိုင်မည့် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရန် Assessment Center က အသိအမှတ်ပြုထားသည့် အလုပ်အကိုင် (၄) မျိုးအတွက် စီမံချက်ဖြင့် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်နိုင်ရေး ဆောင်ရွက်ပြီး အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ် ပေးအပ်နိုင်ရေး ကျွမ်းကျင်မှုစစ်ဆေး အကဲဖြတ်ခြင်းလုပ်ငန်းစဉ်တွင် စဉ်ဆက်မပြတ် ပါဝင်ဆောင်ရွက်ပေးရန်နှင့် အလုပ်ရှာဖွေသူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေး အထောက်အပံ့ ပေးရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။