အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ညောင်ဦး                                                                                             ဒီဇင်ဘာ ၂၂

          အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် မန္တလေး တိုင်းဒေသကြီး၊ ညောင်ဦးမြို့၊ Royal Palace Hotel ၌ ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံလုပ်သား များ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်သမားရေးရာဥပဒေများ အသိပညာပေးပွဲသို့ တက် ရောက် အမှာစကားပြောကြားခဲ့သည်။ အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ရှိ အလုပ်သမားရေးရာ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာ တာဝန်ခံများ၊  လုပ်ငန်းရှင်များနှင့် NSSA အသိအမှတ်ပြု စစ်ဆေးအကဲဖြတ်ရေးဌာနများမှ တာဝန်ခံများ၊ ဖိတ်ကြား ထားသူများ အပါအဝင် အင်အား (၁၀၀) ဦး တက်ရောက်ခဲ့ကြသည်။

          အခမ်းအနားတွင် အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်က အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်ဝန်ကြီးချုပ်က “နိုင်ငံတစ်နိုင်ငံ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ရာတွင် လူသားအရင်းအမြစ်သည် အဓိကဖြစ်ကြောင်း၊ စီးပွားရေးကောင်းမွန်မှုသည် လူသားအရင်းအမြစ် ကြွယ်ဝမှုအပေါ်တွင် မူတည်ကြောင်း၊ စီးပွားရေးကို ကောင်းမွန်အောင် လုပ်ဆောင်နိုင်သည့် ကုန်ထုတ်လုပ်မှုတိုးတက်အောင် လုပ်ဆောင်နိုင်သည့် လူသားအရင်းအမြစ်များ ပေါများလာပါက နိုင်ငံ့စီးပွားသည် တိုးတက်လာမည်ဖြစ်ကြောင်း” လမ်းညွှန်မှာကြားခဲ့ကြောင်း၊

        အလုပ်သမားဝန်ကြီးဌာနအနေဖြင့် “စည်းကမ်းကောင်းမွန်ပြီး စွမ်းဆောင်ရည်ထက်မြက် သည့် ကျွမ်းကျင်လုပ်သားများ စဉ်ဆက်မပြတ် ပေါ်ထွန်းလာစေရေး၊ ခေတ်မီနိုင်ငံတော်တည် ဆောက်ရေးအတွက် အခြေခံလိုအပ်ချက်ဖြစ်သည့် အရည်အချင်းပြည့်ဝသည့် လူ့စွမ်းအားအရင်း အမြစ်များ ဖွံ့ဖြိုးတိုးတက်ခိုင်မာစေရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်ခြင်း ဖြင့် မြန်မာအလုပ်သမားထု၏ လူမှုစီးပွားဘဝကို ဖွံ့ဖြိုးတိုးတက်စေရေး” တို့အတွက် မူဝါဒများချ မှတ်ဆောင်ရွက်လျက်ရှိကြောင်း၊

မန္တလေးတိုင်းဒေသကြီးတွင်အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးအတွက် သက်မွေးနှင့်ကျွမ်းကျင်မှုသင်တန်းများကို ၂၀၂၁ခုနှစ်ဖေဖော်ဝါရီလမှ၂၀၂၃ ခုနှစ် အောက်တို ဘာလအထိ ၁၂၅ ကြိမ်  သင်တန်းပေးခဲ့ပြီး သင်တန်းသား (၁၈၃၁) ဦးအနက် (၄၆၁) ဦးကို အလုပ် ရရှိရေး ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊         

အလုပ်သမားဝန်ကြီးဌာနအနေဖြင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် ကျွမ်း ကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရန် မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်း ရေးအဖွဲ့ (NSSA) ကို ၂၀၀၇ ခုနှစ်တွင် စတင်ဖွဲ့စည်း၍ ၂၀၁၃ ခုနှစ်၊ အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးဥပဒေနှင့်အညီ စည်းကြပ်ဆောင်ရွက်လျက်ရှိကြောင်း၊  မန္တလေးတိုင်းဒေသကြီး အတွင်း အလုပ်အကိုင် (၂၃) မျိုးအတွက် NSSA အသိအမှတ်ပြု ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေး ဌာန (၃၃) ခုကို တည်ထောင်၍ ၂၀၁၄ ခုနှစ်မှ ယနေ့အထိ ဖြေဆိုသူ (၃,၆၇၈) ဦးကို စစ်ဆေး အကဲဖြတ်ခဲ့ရာ အရည်အသွေးပြည့်မီသူ (၃,၅၁၂) ဦးကို မွေးထုတ်ပေးနိုင်ခဲ့ကြောင်း၊  

ညောင်ဦးမြို့တွင် ဟိုတယ်အလုပ်အကိုင်အတွက် Sanon Training Restaurant Assessment Center၊  ယွန်း/ ရက်ကန်းအလုပ်အကိုင်အတွက် ယွန်းပညာကောလိပ် (ပုဂံ) ကို NSSA အသိအမှတ် ပြု Assessment Center အဖြစ်အသိအမှတ်ပြုထားပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း စက်ရက်ကန်း၊ လက်ရက်ကန်း၊ ချိတ်ရက်ကန်း၊ ရွှေဇဝါယွန်းနဲ့ အနက်ထည်အလုပ်အကိုင်တို့အတွက် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ခဲ့ရာ ဖြေဆိုသူ (၄၁) ဦးရှိပြီး အရည်အသွေးပြည့်မီသူ (၄၁) ဦး မွေးထုတ်ပေးနိုင်ခဲ့ကြောင်း၊

          မန္တလေးတိုင်းဒေသကြီးတွင် ချည်မျှင်နှင့် အထည်အလိပ်လုပ်ငန်း၊ ဆေးဆိုးပန်းရိုက်လုပ်ငန်း၊ ဆီထွက်သီးနှံ၊ ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်လုပ်ငန်း၊ ယွန်းနှင့်ရက်ကန်းလုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွား  လာရေးလုပ်ငန်းများအပြင် MSME လုပ်ငန်းများ အများအပြားရှိကြောင်း၊ MSME ကဏ္ဍဖွံ့ဖြိုး တိုးတက်စေရေး ကျွမ်းကျင်လုပ်သားများ စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရန် မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ လုပ်ငန်းရှင်များ၊ ဒေသခံများအနေဖြင့် ကျွမ်းကျင်မှုသင်တန်းများ ဖွင့်လှစ်ခြင်း နှင့် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ခြင်းလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ရန်လိုအပ်ကြောင်း၊    

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသည် ကမ္ဘာ့အမွေအနှစ် (World Heritage) စာရင်းဝင် ဖြစ်ပြီး ပြည်တွင်း၊ ပြည်ပခရီးသည်များ အများဆုံးလာရောက်လည်ပတ်လေ့လာသော နယ်မြေဖြစ်၍ ဟိုတယ်နှင့် ခရီးသွားလာမှုလုပ်ငန်းအဖြစ်ထွန်းဆုံးဒေသဖြစ်ကြောင်း၊ ပုဂံဒေသဖွံ့ဖြိုး တိုးတက် စေရေး ဟိုတယ်လုပ်ငန်းတွင် ကျွမ်းကျင်ပညာရှင်များ လိုအပ်၍ လုပ်ငန်းရှင်များအနေဖြင့် NSSA နှင့်ချိတ်ဆက်ပြီး ကျွမ်းကျင်လုပ်သားများ စစ်ဆေးအကဲဖြတ်နိုင်ရေး Assessment Center များ တည်ထောင်နိုင်ရေးနှင့် NSSA စစ်ဆေးအကဲဖြတ်ခြင်းများတွင် ဝင်ရောက်ဖြေဆိုနိုင်ရေး ပူးပေါင်း ပါဝင်ဆောင်ရွက်ရန် တိုက်တွန်းပြောကြားခဲ့ပါသည်။