၁၂-၆-၂၀၂၆ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့အစည်းအဝေးခန်းမ၌ နိုင်ငံတော်အစိုးရ၏ ရက် ၁၀၀ စီမံကိန်းတွင် လုပ်သားထု၏ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်မှုများ အရှိန်အဟုန်ဖြင့် တိုးမြှင့် ဆောင်ရွက်နိုင်ရန်နှင့် အစိုးရ၊ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရန်အတွက် NSSA လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှုစံသတ်မှတ်ပြဋ္ဌာန်း ရေးအဖွဲ့ (NSSA) ဥက္ကဋ္ဌ၊ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးဆောင်၍ ကျင်းပပြုလုပ် ခဲ့ရာ NSSA အဖွဲ့ဝင်များ၊ အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုစံသတ်မှတ်ရေးကော်မတီဥက္ကဋ္ဌများ အပါအဝင် Inperson ဖြင့် (၄၅) ဦး၊ Online မှ (၅) ဦး၊ စုစုပေါင်း (၅၀) ဦး တက်ရောက်ခဲ့ကြ ပါသည်။

