အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်                                                                                                          ဇွန်  ၁၉

        အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်သန်းသည် ယနေ့နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ အမျိုးသားလုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ သင်တန်းကျောင်း၌ ကျင်းပသည့် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ကော်မတီဝင်များအတွက် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ သင်တန်းအမှတ်စဉ် (၁၁/၂၀၂၆) သင်တန်း ဆင်းပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားသည်။

          ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်း ရေးနှင့် ကျန်းမာရေးဆိုင်ရာကော်မတီဝင်များ၏ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး ဆိုင်ရာ အသိအမြင်များ၊ ဗဟုသုတများ တိုးတက်လာစေရန် ရည်ရွယ်၍ ယခုသင်တန်းများ ဖွင့်လှစ်ပို့ချပေးခြင်းဖြစ်ကြောင်း၊ သင်တန်းများကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလမှ စတင်၍ လစဉ် ဖွင့်လှစ်ပို့ချ ပေးလျက်ရှိရာ လက်ရှိအချိန်ထိ စက်ရုံ (၁၂၁၇) ရုံမှ သင်တန်းသား (၁၂၅၇) ဦးအား ပို့ချပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊

လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာကော်မတီဝင်များ အနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာရေးနှင့် ညီညွတ်သည့် လုပ်ငန်းခွင်များ ဖန်တီး ပေးနိုင်ရေး သင်တန်းမှရရှိလာသည့် အသိအမြင်နှင့် အတွေ့အကြုံများကို လက်တွေ့အသုံးချခြင်း၊ လုပ်ဖော်ကိုင်ဖက်များအား ပြန်လည်မျှဝေခြင်းများကို ဆောင်ရွက်ပေးစေလိုကြောင်း၊ ဘေး/ကျန်း ဆိုင်ရာကိစ္စရပ်များသည် လုပ်ငန်းခွင်ရှိ အလုပ်ရှင်၊ အလုပ်သမားပူးပေါင်း ဆောင်ရွက်မှသာ အောင်မြင်မှု ရရှိနိုင်မည်ဖြစ်ပြီး မလိုလားအပ်သည့် အပိုကုန်ကျစရိတ်များကိုလည်း လျှော့ချပေး နိုင်မည် ဖြစ်ကြောင်း၊  မြန်မာနိုင်ငံ၏ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး ဆိုင်ရာ စီမံခန့်ခွဲမှုစနစ်များ အဆင့်မြှင့်တင်နိုင်ရေး၊ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် အရင်းအမြစ်များ တည်ဆောက်နိုင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိသည့်အတွက် ဘေး/ကျန်း ကော်မတီဝင်များအနေဖြင့်  သင်တန်းမှရရှိသည့် အသိအမြင်များအား မိမိတို့၏ လုပ်ငန်းခွင်တွင် အလေးထားဆောင်ရွက်ပေးရန် ပြောကြားခဲ့ပြီး သင်တန်းပြီးမြောက်ကြောင်း အသိအမှတ်ပြု လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။