အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်                                                                                              စက်တင်ဘာ ၉ ရက်

အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးမြင့်နောင်သည် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသား ရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ အလုပ်ရုံနှင့် အလုပ် သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါ၍ လှိုင်သာယာမြို့နယ်ရှိ ဆောင်းဦးရွှေနေအထည်ချုပ်စက်ရုံသို့ ယနေ့နံနက်ပိုင်းတွင် သွားရောက်၍ စက်ရုံတာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ကုန်အမှာစာရရှိမှုအခြေအနေ၊ ကုန်ထုတ်လုပ်မှု အခြေအနေ၊ အလုပ်ရှင်၊ အလုပ်သမား၊ လုပ်ငန်းခွင်ဆက်ဆံရေးအခြေအနေ၊ လုပ်ခလစာရရှိမှု အခြေအနေများကို မေးမြန်းခဲ့ပြီး လုပ်ငန်းခွင် တည်ငြိမ် အေးချမ်းရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်စေရေး လမ်းညွှန်မှာကြားခဲ့ပြီးနောက် အလုပ်သမားရေးရာ လုပ်ငန်းခွင် ညှိနှိုင်း ရေး ကော်မတီ၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး ကော်မတီဝင်များနှင့် တွေ့ဆုံ၍ အလုပ်သမား များ၏ အခက်အခဲ၊ လိုအပ်ချက်တို့ တင်ပြချက်များအပေါ် ပေါင်းစပ် ညှိနှိုင်းပေးခဲ့ပြီး လုပ်ငန်းခွင်အရောက် အသိပညာပေး ဆွေးနွေးမှု ဆောင်ရွက် ပေးလျက်ရှိသည့် သင်ထောက်ကူပြု မော်တော်ယာဉ်ဖြင့် အသိပညာပေးမှုကို ကြည့်ရှုစစ်ဆေး၍ စက်ရုံ အတွင်း လုပ်ငန်း ဆောင်ရွက်နေသည့် အလုပ်သမားများအား ရင်းနှီးစွာတွေ့ဆုံအားပေးစကား ပြောကြား ခြင်းများ ဆောင်ရွက်ခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် ငွေပင်လယ်စက်မှုဇုန်ရှိ jiu Sheng (Myanmar) (ကျိုစိမ့်မြန်မာ) သိုးမွှေးစက်ရုံသို့သွားရောက်ခဲ့၍ စက်ရုံတာဝန်ရှိသူမျာ၏ တင်ပြချက်များအပေါ် ကုန်အမှာစာ ရရှိမှု၊ ကုန်ထုတ်လုပ်မှု၊ လုပ်ငန်းခွင် ဆက်ဆံရေးနှင့် လုပ်ခလစာပေးချေမှုအခြေအနေများကို မေးမြန်းခဲ့ပြီး လုပ်ငန်းခွင် တည်ငြိမ် အေးချမ်းရေးနှင့် ကုန်ထုတ်လုပ်မှုတိုးတက်စေရေး လမ်းညွှန်မှာကြားခဲ့ပြီးနောက် အလုပ်သမား ရေးရာ လုပ်ငန်းခွင် ညှိနှိုင်းရေးကော်မတီ၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး ကော်မတီတို့နှင့် တွေ့ဆုံခဲ့၍ အလုပ်သမား များ၏ အခက်အခဲ၊ လိုအပ်ချက်တို့ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းမှုများ ဆောင်ရွက်ပေးခဲ့ပြီး စက်ရုံအတွင်း လှည့် လည် ကြည့်ရှုစစ်ဆေးခဲ့သည်။

 ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ် ရှိ အလုပ်သမား ဆေးရုံ(ထန်းတပင်)သို့ သွားရောက်၍ ခေတ္တဆေးရုံအုပ်ကြီးနှင့် ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ဆေးရုံတက်ရောက်နေ သည့် လူနာများအား ရင်းရင်းနှှီးနှီးနှုတ်ဆက်အားပေး၍ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပြီး ဆေး ကုသဆောင်များ နှင့် ဆေးရုံဝင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်၊

ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မွန်းလွဲပိုင်းတွင် Sun Apparel Myanmar အထည်ချုပ်စက်ရုံ သို့ရောက်ရှိခဲ့၍ စက်ရုံတာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ကုန်အမှာ စာရရှိမှု၊ ကုန်ထုတ်လုပ်မှု၊ လုပ်ငန်းခွင်ဆက်ဆံရေးနှင့် လုပ်ခလစာပေးချေမှုအခြေအနေများကို မေးမြန်းခဲ့ပြီး လုပ်ငန်းခွင် တည်ငြိမ်အေးချမ်းရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက် စေရေး လမ်းညွှန် မှာကြားခဲ့ပြီး အလုပ်သမားရေးရာ လုပ်ငန်းခွင်ညှိနှိုင်းရေး ကော်မတီ၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး ကော်မတီတို့နှင့် တွေ့ဆုံခဲ့၍ အလုပ်သမားများ၏ အခက်အခဲ၊ လိုအပ်ချက် တင်ပြချက် များအပေါ် ပေါင်းစပ်ညှိနှိုင်းမှုများ ဆောင်ရွက်ပေးခဲ့ပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက်လူမှုဖူလုံရေးအဖွဲ့နှင့် ပူးပေါင်း၍ Free For Service စနစ်ဖြင့် ဆောင်ရွက်ပေးနေ သည့် လူမှုဖူလုံရေး-ကဲဝဲလ် အထွေထွေရောဂါကုဆေးခန်း(ရွှေပြည်သာ)သို့ သွားရောက်ခဲ့၍ ဆေးကုသမှု ခံယူနေသည့် အာမခံအလုပ်သမားများအား လှည့်လည်ကြည့်ရှုအားပေးစကား ပြောကြားခဲ့ပြီး ဆေးခန်းအတွင်း ဆေးကုသနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေး ခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရွှေပြည်သာမြို့နယ် သာဓုကန်စက်မှုဇုန် ရှိ Hosheng Myanmar Garmment Co., Ltd (ဟိုစိမ့်မြန်မာ) အထည်ချုပ်စက်ရုံသို့ သွားရောက်ခဲ့၍ စက်ရုံတာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ကုန်အမှာစာရရှိမှု၊ ကုန်ထုတ် လုပ်မှု၊ လုပ်ငန်းခွင် ဆက်ဆံရေးနှင့် လုပ်ခလစာပေးချေမှု အခြေအနေများကို မေးမြန်းခဲ့ပြီး လုပ်ငန်းခွင် တည်ငြိမ်အေးချမ်းရေးနှင့် ကုန်ထုတ်လုပ်မှုတိုးတက်စေရေး လမ်းညွှန်မှာကြားခဲ့ပြီး နောက် အလုပ်သမားရေးရာ လုပ်ငန်းခွင် ညှိနှိုင်းရေးကော်မတီ၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး ကော်မတီတို့နှင့်တွေ့ဆုံခဲ့၍ အလုပ်သမားများ၏ အခက်အခဲ၊ လိုအပ်ချက်တို့ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းမှုများဆောင်ရွက်ပေးခဲ့ပြီး လုပ်ငန်းခွင် အတွင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။