အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်                                                                                                           ဇွန် ၂၅။

အလုပ်သမားဝန်ကြီးဌာန၊  အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနမှ ဦးစီး၍ အစိုးရသစ်၏  ရက်(၁၀၀) စီမံချက်ဖြင့် အလုပ်သမားရေးရာဥပဒေများအသိပညာပေးဆွေးနွေးပွဲကို ရန်ကုန်တိုင်း ဒေသကြီး၊ လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်၊ စက်မှုဇုန်(၂)၊ မက္ခရာမင်းသားကြီးမောင်ပျိုးလမ်း၊  အမှတ်(၁၉၁၊ ၁၉၄၊ ၁၉၆)ရှိ KK Fishing Net Factory Co.,Ltd (ငါးဖမ်းပိုက်စက်ရုံ)တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။

အလုပ်သမားရေးရာဥပဒေများအသိပညာပေးဆွေးနွေးပွဲတွင် ဝန်ကြီးဌာနအောက်ရှိ ဦးစီး ဌာန၊ အဖွဲ့ရုံးတို့က စည်းကြပ်လျက်ရှိသည့် ဥပဒေ၊ နည်းဥပဒေများကို ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံများက ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

အဆိုပါ အလုပ်သမားရေးရာဥပဒေများအသိပညာပေးဆွေးနွေးပွဲကို လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၊ စက်မှုဇုန်(၂)၊ မက္ခရာမင်းသားကြီးမောင်ပျိုးလမ်း၊  အမှတ်(၁၉၁၊ ၁၉၄၊ ၁၉၆) ရှိ KK Fishing Net Factory Co.,Ltd (ငါးဖမ်းပိုက်စက်ရုံ)တွင် အလုပ်သမား ကျား(၆၄)ဦး၊ မ(၈၆)ဦး၊ စုစုပေါင်း (၁၅၀)ဦး တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများ၏ မေးမြန်းချက်များကို သက်ဆိုင်ရာတိုင်း ဒေသကြီးတာဝန်ခံများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါကြောင်း သိရှိရသည်။