ရန်ကုန် ဇွန် ၂၃။
အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနမှ ဦးစီး၍ အစိုးရသစ် ၏ ရက်(၁၀၀) စီမံချက်ဖြင့် အလုပ်သမားရေးရာဥပဒေများအသိပညာပေးဆွေးနွေးပွဲကို ရန်ကုန် တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ဝါးတစ်ရာစက်မှုဇုန်၊ မြေတိုင်းအမှတ် (၄၉)၊ အမှတ် (၂၃၈/ ၂၄၁)ရှိ Very Impressive Prospect Co.,Ltd (အားကစားပစ္စည်းစက်ရုံ)တွင် ကျင်းပပြုလုပ်ခဲ့ ပါသည်။
အလုပ်သမားရေးရာဥပဒေများအသိပညာပေးဆွေးနွေးပွဲတွင် ဝန်ကြီးဌာနအောက်ရှိ ဦးစီး ဌာန၊ အဖွဲ့ရုံးတို့က စည်းကြပ်လျက်ရှိသည့် ဥပဒေ၊ နည်းဥပဒေများကို ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံများက ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
အဆိုပါ အလုပ်သမားရေးရာဥပဒေများအသိပညာပေးဆွေးနွေးပွဲကို ရွှေပြည်သာမြို့နယ်၊ ဝါးတစ်ရာစက်မှုဇုန်၊ မြေတိုင်းအမှတ် (၄၉)၊ အမှတ်(၂၃၈/၂၄၁) ရှိ Very Impressive Prospect Co.,Ltd (အားကစားပစ္စည်းစက်ရုံ)မှ အလုပ်သမား ကျား (၁၀၉)ဦး၊ မ (၁၂၈)ဦး၊ စုစုပေါင်း (၂၃၇)ဦး တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများ၏ မေးမြန်းချက်များကို သက်ဆိုင်ရာတိုင်းဒေသကြီး တာဝန်ခံများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါကြောင်း သိရှိရသည်။

