နေပြည်တော် အောက်တိုဘာ ၂၅
အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဆိုင်ရာ နှီးနှော ဖလှယ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်ရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ၌ ကျင်းပပြုလုပ်ခဲ့သည်။
နှီးနှောဖလှယ်ပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)မှ ကိုယ်စားလှယ်များ၊ ခုံသမာဓိကောင်စီဝင်များ၊ မြန်မာပြည်အောက်ပိုင်းရှိ ခုံသမာဓိအဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ညှိနှိုင်းဖျန်ဖြေရေး အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များအပါအဝင် စုစုပေါင်း (၁၉၀) ဦးခန့် တက်ရောက်ခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် အလုပ်ရှင်နှင့် အလုပ်သမား အကြားဖြစ်ပွားသော အငြင်းပွားမှုများအား ဖြေရှင်းဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက် အခဲများ၊ စိန်ခေါ်မှုများ၊ အားသာချက်၊ အားနည်းချက်များ၊ ဥပဒေနှင့်အညီ ဖြေရှင်းပေးနိုင်မှုများ ကို ဆွေးနွေးဖလှယ်ခြင်းဖြင့် ရှေ့ဆက်လက်ဆောင်ရွက်ရမည့် အငြင်းပွားမှုဖြေရှင်းရေး လုပ်ငန်းစဉ်များအတွက် ရလဒ်ကောင်းများ ထွက်ပေါ်လာစေရန် ရည်ရွယ်၍ အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဆိုင်ရာနှီးနှောဖလှယ်ပွဲ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း၊ အလုပ်ရှင် နှင့်အလုပ်သမားများအကြား ဆက်ဆံရေးကောင်းမွန်ပြီး လုပ်ငန်းခွင်အေးချမ်းသာယာခြင်းသည် အဓိကကျပါကြောင်း၊ မိမိတို့လုပ်ငန်းခွင်အတွင်း အခက်အခဲများ၊ လိုအပ်ချက်များ ဖြစ်ပေါ်လာ ပါက လုပ်ငန်းခွင်အတွင်း၌ ကနဦးဆွေးနွေးညှိနှိုင်း ဆောင်ရွက်သင့်ပါကြောင်း၊ အလုပ်ရှင်၊ အလုပ်သမား နှစ်ဖက်ဆွေးနွေးညှိနှိုင်းမှုကြောင့် ကုန်ထုတ်လုပ်မှုတိုးတက်ခြင်း၊ လုပ်ငန်းအကျိုး အမြတ်များရရှိခြင်းမှတစ်ဆင့် အလုပ်ရှင်၊ အလုပ်သမား နှစ်ဦးနှစ်ဖက်စလုံး အကျိုးကျေးဇူး များစွာ ဖြစ်ထွန်းစေမည်ဖြစ်ပါကြောင်း၊ ညှိနှိုင်းဖျန်ဖြေသူများအနေဖြင့် အငြင်းပွားသူ နှစ်ဖက် အကြား Win Win Situation ဖြစ်စေမည့် ရလဒ်ရရှိရေးဖျန်ဖြေပေးရန်နှင့် ခုံသမာဓိဖြင့် ဆုံးဖြတ် ဆောင်ရွက်သူများအနေဖြင့်လည်း အငြင်းပွားသူ အလုပ်ရှင်၊ အလုပ်သမားများအကြား နှစ်ဖက် သမာသမတ်ကျစွာနှင့် မျှတစွာဆုံးဖြတ်ရန် လိုအပ်ပါကြောင်း၊ Tripartite အဖွဲ့များ၏ အခန်းကဏ္ဍသည် အရေးကြီးခြင်းကြောင့် အငြင်းပွားမှုများကို ဖြေရှင်းဆောင်ရွက်နေသည့် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့၊ ခုံသမာဓိအဖွဲ့နှင့် ခုံသမာဓိကောင်စီအဖွဲ့ဝင်များအနေဖြင့် အငြင်းပွားမှု များကို ညှိနှိုင်းဖျန်ဖြေခြင်း၊ ကြားနာစစ်ဆေးဆုံးဖြတ်ခြင်း ဆောင်ရွက်ရာတွင် မိမိသည် အလုပ် ရှင်ကိုယ်စားလှယ်ဖြစ်သည်၊ အလုပ်သမားကိုယ်စားလှယ်ဖြစ်သည်ဆိုသည့် အဖွဲ့အစည်းစွဲ မထားဘဲ ညှိနှိုင်းဖျန်ဖြေဆုံးဖြတ်ပေးရန် လိုအပ်ပါကြောင်း၊ အလုပ်ရှင်၊ အလုပ်သမားများအနေဖြင့် အလုပ်သမားရေးရာဥပဒေများအား ပိုမိုကျယ်ပြန့်စွာ သိရှိနားလည်ခြင်းဖြင့် အငြင်းပွားမှုများ လျော့နည်းကာ ကုန်ထုတ်စွမ်းအား တိုးတက်စေရေးအတွက် အလုပ်သမားရေးရာ အသိပညာ ပေးဆွေးနွေးပွဲများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ လုပ်ငန်းဌာနအတွင်း ဖွဲ့စည်းထားသည့် အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်များမှ အလုပ်သမားရေးရာဥပဒေပါ ရပိုင်ခွင့်၊ အခွင့်အရေးနှင့် တာဝန်များအား သိရှိနိုင်ရေးအတွက် စွမ်းဆောင်ရည်မြှင့်တင်သည့် သင်တန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများနှင့်စပ်လျဉ်း၍ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ဆွေးနွေးဖလှယ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အငြင်းပွားမှုများကို နှစ်ဖက် ပြေလည်မှုရရှိစေရေး ဖျန်ဖြေပေးခြင်းနှင့် အငြင်းပွားမှုများကို မှန်ကန်စွာနှင့် မြန်ဆန်စွာ ဆုံးဖြတ်ဆောင်ရွက်ပေးခြင်းဖြင့် အလုပ်ရှင်၊ အလုပ်သမားများက ယုံကြည်အားထားရသည့် အငြင်းပွားမှု ဖြေရှင်းရေးယန္တရားတစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း၊ မိမိတို့၏ လုပ်ငန်းတာဝန်များ ကို တာဝန်သိမှု၊ တာဝန်ယူမှု၊ စွမ်းဆောင်ရည်ရှိမှုနှင့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လုပ်ကိုင် ဆောင်ရွက်သွားစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းမှ ပြောကြားရာတွင် ကုန်ထုတ်စွမ်းအားတိုးတက်လာခြင်းဖြင့် လုပ်ငန်းများ ရေရှည်တည်တံခိုင်မြဲပြီး အလုပ်ရှင်၊ အလုပ်သမားများ နှစ်ဦးနှစ်ဖက်စလုံးအတွက် အေးချမ်းသာယာသော လုပ်ငန်းခွင်များ တည်ဆောက်သွားနိုင်ပြီး အကျိုးစီးပွား တိုးတက်မည်ဖြစ်ပါကြောင်း၊ အငြင်းပွားမှုများကို လေ့လာစိစစ်ရာတွင် အဓိကအားဖြင့် လုပ်ငန်းခွင်ဆက်ဆံရေး အဆင်မပြေဖြစ်ခြင်း၊ လုပ်သား အင်အားလျော့ချခံရခြင်း၊ အလုပ်ထုတ်ခံရခြင်းနှင့် နေရာပြောင်းရွှေ့မှု စသည့်ကိစ္စရပ်များ အများဆုံးဖြစ်ပွားလျက်ရှိသည်ကို တွေ့ရှိရ ပါကြောင်း၊
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် စက်မှုကဏ္ဍဖွဲ့ဖြိုးတိုးတက်မှုအား ဦးစားပေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့်အပြင် ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာရေး ပြည်တွင်းစီးပွားရေးဖွဲ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည် ကို တွေ့ရှိရပါကြောင်း၊ သင့်လျော်ကောင်းမွန်သော အလုပ်အကိုင်တည်မြဲစေရန်နှင့် လုပ်ငန်းခွင် အေးချမ်းသာယာမှုရှိစေရန်အတွက် အလုပ်ရှင်၊ အလုပ်သမားများအကြား လိုလားချက်များ နစ်နာချက်များရှိပါက အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ(WCC)ဖြင့် ဆွေးနွေး ညှိနှိုင်းဆောင်ရွက်ကြရန် လိုအပ်သကဲ့သို့ အလုပ်ရှင်နှင့် အလုပ်သမားများအကြား မပြေလည် မှုများ၊ အငြင်းပွားမှုများကို အမြန်ဆုံးပြေလည်မှုရရှိရန်အတွက် ဥပဒေနှင့်အညီ အကောင် အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ခုံသမာဓိကောင်စီဝင်များနှင့်တွေ့ဆုံ၍ ရှင်းလင်း တင်ပြချက်များအပေါ် လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။
အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က နှှီးနှောဖလှယ်ပွဲ ကျင်းပပြုလုပ်ရသည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း၊ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီး ဌာနနှင့် အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနတို့မှ ဒုတိယညွှန်ကြားရေးမှူးချုပ်များက ဦးစီးဌာနအလိုက် စည်းကြပ်သည့်ဥပဒေများနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ ထိုသို့ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တွေ့ကြုံရသောစိန်ခေါ်မှုများ၊ အားသာချက်၊ အားနည်းချက်များအား ရှင်းလင်းဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် ကိုယ်စားလှယ်များ အား အုပ်စု (၃) စုဖွဲ့၍ အုပ်စုလိုက် ဆွေးနွေးခြင်းများအပေါ် အပြန်အလှန် ဆွေးနွေးခြင်းများ လည်း ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။