အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်                                                                                                          မေ ၁၃။                  အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ(WCC) အဖွဲ့ဝင်များ၏ စွမ်းရည်မြှင့် သင်တန်းကို မေလ ၁၃ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ် (၁)၊ စီမံခန့်ခွဲရေးကော်မတီရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမား ရေးရာဆက်ဆံရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးက အဖွင့်အမှာစကားပြောကြားသည်။

သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ပြီးနောက် နံနက်ပိုင်းတွင် အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနမှ ဦးစီးအရာရှိက အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ စည်းကြပ်သော ဥပဒေများနှင့်နည်းဥပဒေများကိုလည်းကောင်း၊ အလုပ်ခန့်ထားမှုဆိုင်ရာသဘော တူညီချက်စာချုပ် (EC) ချုပ်ဆိုခြင်းကိုလည်းကောင်း၊ အလုပ်သမားဥပဒေပါ လျော်ကြေးနှုန်းထားများကိုလည်းကောင်း၊ အလုပ်သမားအဖွဲ့အစည်း ဖွဲ့စည်းခြင်းများနှင့်စပ်လျဉ်း၍လည်းကောင်း၊ လူမှုဖူလုံရေးအဖွဲ့မှ ဦးစီး အရာရှိက ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်စပ်လျဉ်းသည့် သိကောင်းစရာများကိုလည်းကောင်း၊ လူမှုဖူလုံရေးဥပဒေပါ အာမခံစနစ်များကိုလည်းကောင်း၊ လူမှုဖူလုံရေးထည့်ဝင်ကြေးနှုန်းထားများနှင့် ငွေကြေးအကျိုးခံစားခွင့်များကိုလည်းကောင်း၊ လူမှုဖူလုံရေးအာမခံစိစစ်ရေးကတ်ပြား (ပုံစံ-၄) ထုတ်ပေးခြင်းများနှင့်စပ်လျဉ်း၍လည်းကောင်း၊ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီး ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက စည်းကြပ်အလုပ်သမားဥပဒေ ပြဋ္ဌာန်းချက်များကို လည်းကောင်း၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ သိကောင်းစရာများနှင့် အလုပ်ချိန်၊ အကျုံးဝင်သက်ဆိုင်မှုနှင့် အလုပ်ပိတ်ချိန်၊ အချိန်ပိုလုပ်ကိုင်ခြင်းနှင့် အချိန်ပိုငွေကြေးတွက်ချက်မှုများ ကိုလည်းကောင်း၊ အများပြည်သူအလုပ်ပိတ်ရက်နှင့်စပ်လျဉ်း၍လည်းကောင်း ဆွေးနွေးပို့ချခဲ့ပါသည်။

နေ့လယ်ပိုင်းတွင် အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူးက ၂၀၁၂ ခုနှစ်၊ အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဥပဒေ၊ နည်းဥပဒေများကို လည်းကောင်း၊ WCC အဖွဲ့ဝင်များ လိုက်နာဆောင်ရွက်သင့်သည့် ဥပဒေပါအချက်များကို လည်းကောင်း၊ အငြင်းပွားမှုဖြေရှင်းရေးနည်းလမ်းများ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်၊ ညွှန်ကြားချက်များပါ သိမှတ်ဖွယ်ရာများကိုလည်းကောင်း၊ WCC အဖွဲ့ဝင်များ လိုက်နာဆောင်ရွက် သင့်သည့် ဆောင်ရန်၊ ရှောင်ရန် အချက်အလက်များနှင့်စပ်လျဉ်း၍လည်းကောင်း၊ အငြင်းပွားမှု ပြဿနာများကိုလည်းကောင်း ရှင်းလင်းတင်ပြခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများက အုပ်စုဖွဲ့၍ အငြင်းပွားမှုကို လက်တွေ့ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်ခဲ့ကြပါသည်။

          ၁၃-၅-၂၀၂၆ ရက်နေ့၊ (၁၆:၁၀)နာရီအချိန်တွင် အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေး ကော်မတီ(WCC) အဖွဲ့ဝင်များ စွမ်းရည်မြှင့်သင်တန်း အောင်မြင်စွာပြီးမြောက်၍ အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးက သင်တန်းဆင်းအမှာစကား ပြောကြား၍ သင်တန်းဆင်းလက်မှတ်ပေးအပ်ခြင်းများဆောင်ရွက်ခဲ့ပြီး သင်တန်းဆင်းပွဲ အခမ်းအနားကို ရုပ်သိမ်း ခဲ့သည်။

အဆိုပါသင်တန်းတွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် စည်းကြပ်နယ်မြေအတွင်းရှိ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများမှ အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့ဝင် သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။