အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ(WCC) အဖွဲ့ဝင်များ၏ စွမ်းရည်မြှင့်တင် ရေးသင်တန်းဖွင့်ပွဲကို ၂၃-၁-၂၀၂၅ ရက်နေ့၊ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာ မြို့နယ်၊ သာဓုကန် စက်မှုဇုန်စီမံခန့်ခွဲရေး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ အလုပ်သမားဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်နှင့် အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ သင်တန်းနည်းပြများနှင့် သင်တန်းသား WCC အဖွဲ့ဝင်များအပါအဝင် အင်အား ၁၀၀ ဦးခန့် တက်ရောက်ကြသည်။
၂၃-၁-၂၀၂၅ ရက်နေ့၊ နံနက်ပိုင်း သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ဒုတိယဝန်ကြီးက အဖွင့် အမှာစကားပြောကြားခဲ့ပြီး ခုံသမာဓိကောင်စီဝင်၊ အလုပ်ရှင်ကိုယ်စားလှယ်၊ ရန်ကုန်တိုင်းဒေသ ကြီး ခုံသမာဓိအဖွဲ့၊ ဥက္ကဋ္ဌတို့ကလည်းကောင်း၊ ၂၄-၁-၂၀၂၅ ရက်နေ့တွင် အလုပ်သမားဝန်ကြီးဌာန အောက်ရှိ သက်ဆိုင်ရာ ဦးစီးဌာန၊ တိုင်းဒေသကြီး တာဝန်ခံများက သက်ဆိုင်ရာ ဘာသာရပ် အလိုက် သင်ခန်းစာများ ဆွေးနွေးပို့ချခဲ့ပါသည်။
ဆက်လက်၍ ၂၄-၁-၂၀၂၅ ရက်နေ့၊ (၁၅:၂၀) နာရီအချိန်တွင် သင်တန်းဆင်းပွဲအခမ်းအနား ပြုလုပ်ခဲ့ရာ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ် အမှာစကား ပြောကြားရာတွင် WCC အဖွဲ့ဝင်များ၏ စွမ်းရည်မြှင့်သင်တန်းတွင် အလုပ်သမား ဝန်ကြီးဌာနအောက်ရှိ သက်ဆိုင်ရာ ဦးစီးဌာနများမှ စည်းကြပ်သောဥပဒေ၊ နည်းဥပဒေများကို သိရှိရခြင်း၊ အငြင်းပွားမှုများဖြစ်ပွားပါက WCC ဖြင့် ကနဦးဖြေရှင်းရမည်ကို သိရှိနိုင်ခြင်း၊ အငြင်းပွားမှုများ ဖြေရှင်းရာတွင်လည်း ကျွမ်းကျင်ပိုင်နိုင်စွာ ဖြေရှင်းနိုင်ခြင်း၊ WCC ကို ဥပဒေ နှင့်အညီ ဖွဲ့စည်းနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည့်အပြင် WCC အဖွဲ့များ အားကောင်း လာစေမည်ဖြစ်ပြီး စွမ်းဆောင်ရည်မြင့်မားလာစေမည်ဟု ယုံကြည်ပါကြောင်း၊ အလုပ်ရှင်နှင့် အလုပ်သမားတို့သည် လုပ်ငန်းခွင်အတွင်းဖြစ်ပွားသော မည်သည့်ကိစ္စရပ်မဆို အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC)ဖြင့် ဆွေးနွေးညှိနှိုင်းစေလိုပါကြောင်း၊ အငြင်းပွားမှုများ ဖြေရှင်းရာတွင်လည်း အလုပ်ရှင်၏ အကျိုးစီးပွားကို မထိခိုက်စေရန်လိုအပ်ပြီး အလုပ်သမားများ၏ ရပိုင်ခွင့်အခွင့်အရေးများ ရရှိရန်လည်း လိုအပ်ပါကြောင်း၊ ယခုကဲ့သို့ စွမ်းရည်မြှင့်သင်တန်းမှ WCC အဖွဲ့ဝင်များအနေဖြင့် အလုပ်သမားရေးရာ ဥပဒေများကို သိရှိနားလည်စေမည်ဖြစ်ပြီး လုပ်ငန်းခွင် အတွင်း ဖြစ်ပွားသောအငြင်းပွားမှုကို ထိရောက်စွာ ဖြေရှင်းနိုင်မည့် နည်းလမ်းကောင်းများနှင့် အရည်အချင်းကောင်းများ ရရှိစေခဲ့သည့်အတွက် အလုပ်ရှင်၊ အလုပ်သမား နှစ်ဦးနှစ်ဖက်စလုံး အတွက် အကျိုးရှိခြင်းကြောင့် WCC အဖွဲ့များ အားကောင်းလာပြီး လုပ်ငန်းခွင်လည်း အေးချမ်းသာယာလာမည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့ဝင်များ စွမ်းရည်မြှင့်သင်တန်းသို့ တက်ရောက်ခဲ့သည့် သင်တန်းသူ၊ သင်တန်းသားများအား သင်တန်းဆင်း လက်မှတ်ပေးအပ်ခြင်း ဆောင်ရွက်ခဲ့ပြီး ၂၄-၁-၂၀၂၅ ရက်နေ့၊ (၁၅:၅၀)နာရီအချိန်တွင် အလုပ်သမား ရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့ဝင်များ စွမ်းရည်မြှင့်သင်တန်း ပြီးဆုံးခဲ့ပါသည်။