အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ စက်မှုဇုန် (၄)၊ ကျန်စစ် သားလမ်း၊ အမှတ် (၁၈၀/ဘီ) ရှိ ဒေါ်ခိုင်သဇင်မြင့် ပိုင်ဆိုင်သည့် New Way Shoe Factory Co.,Ltd (ဖိနပ်စက်ရုံ) ၌ ၁၂-၇-၂၀၂၃ ရက်နေ့တွင် Upper ဌာနမှ အလုပ်သမား (၁၇၆) ဦး တို့သည် လုပ်ခလစာဒေးကြေး ကျပ် ၅,၆၀၀ နှုန်း တိုးမြှင့်ပေးရန်နှင့် အချိန်ပိုကြေး တစ်နာရီ ကျပ် ၁၄၀၀ ပေးရန်ကိစ္စတို့နှင့်ပတ်သက်၍ နံနက်ပိုင်း အလုပ်ဝင်ရောက်ချိန်မှစ၍ အလုပ်လုပ် ကိုင်ခြင်းမရှိဘဲ လုပ်ငန်းခွင်ရှိ တာဝန်ကျသည့်နေရာများတွင် ထိုင်ပြီး တောင်းဆိုမှုပြုလုပ် လျက်ရှိကြောင်း သိရှိရပါသည်။

          အဆိုပါကိစ္စနှင့်ပတ်သက်၍ ၁၂-၇-၂၀၂၃ ရက်နေ့တွင်  အလုပ်ရှင်၊ အလုပ်သမားများ တို့သည်   လုပ်ငန်းခွင်အတွင်း   ညှိနှိုင်းခဲ့ရာ   ပြေလည်မှုရရှိခဲ့၍ ယာယီထောက်ပံ့ကြေး  ကျပ်   ၂၄,၀၀၀ အား ၁-၇-၂၀၂၃ ရက်နေ့မှစတင် ခံစားခွင့်ပြုပြီး (၇/၂၀၂၃)လစာတွင် ထောက်ပံ့ကြေး အဖြစ် သတ်မှတ်ပေးရန် အပါအဝင် အချက် (၅) ချက် ပါဝင်သည့် စုပေါင်းသဘောတူညီချက် ချုပ်ဆိုနိုင်ခဲ့ကြောင်းနှင့်  ၁၃-၇-၂၀၂၃ ရက်နေ့၊ နံနက်ပိုင်း အလုပ်ဝင်ရောက်ချိန်မှစ၍ အလုပ် သမားများသည် လုပ်ငန်းခွင်အတွင်း အေးချမ်းစွာ ဝင်ရောက်လုပ်ကိုင်လျက်ရှိပါကြောင်း သိရှိရပါသည်။

အလုပ်သမားဝန်ကြီးဌာန