အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ ရန်ကုန် အလုပ်သမားဆေးရုံကြီးမှ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ဒဂုံမြို့နယ်ရှိ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ် သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) ရုံးခန်းမ၌ ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၉)ရက်နေ့၊ နံနက်ပိုင်းတွင် Covid-19 (Corona Virus) နှင့်ပတ်သက်၍ ကျန်းမာရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲပြုလုပ်ခဲ့ ရာရန်ကုန်အလုပ်သမားဆေးရုံကြီးမှ ဒုတိယဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံလုံး ဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်မှ သမဂ္ဂအဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။
ဆွေးနွေးပွဲတွင် ရန်ကုန်အလုပ်သမားဆေးရုံကြီးမှ ဆေးကုသဆောင် ပထမလက်ထောက် ဆရာဝန်ဒေါက်တာစည်သူလင်းက Covid-19 (Corona Virus) နှင့်စပ်လျဉ်း၍ သိရှိလိုက်နာ ဆောင်ရွက်ရမည့် ကျန်းမာရေးဆိုင်ရာအသိပညာများ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် တက် ရောက်လာသူများမှ သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ ဆေးကုသဆောင်ပထမလက်ထောက် ဆရာဝန် ဒေါက်တာစည်သူလင်းနှင့် ဒုတိယဆေးရုံအုပ်ကြီးတို့မှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး လက်ကမ်း စာစောင်နှင့် ပိုစတာများဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။
ရန်ကုန်အလုပ်သမားဆေးရုံကြီး၊ ဆေးကုသဆောင်ပထမလက်ထောက်ဆရာဝန် ဒေါက်တာစည်သူလင်းမှ Covid-19 (Corona Virus) နှင့်စပ်လျဉ်း၍ သိရှိလိုက်နာဆောင်ရွက်ရမည့် ကျန်းမာရေးဆိုင်ရာအသိပညာများ ရှင်းလင်းဆွေးနွေးနေစဉ်
စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးနေစဉ်
ရန်ကုန်တိုင်းဒေသကြီးလူမှုဖူလုံရေးရုံး၊ တိုင်းဒေသကြီးတာဝန်ခံအရာရှိ ဦးထွန်းကြိုင်နှင့် ရန်ကုန်အလုပ်သမားဆေးရုံကြီး၊ ဒုတိယဆေးရုံအုပ် ဒေါက်တာယုယုတင်တို့မှ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) ရုံးမှ လက်ထောက်အထွေထွေ အတွင်းရေးမှူး ဒေါ်ဖြိုးစန္ဒာစိုးနှင့်အဖွဲ့အား လက်ကမ်းစာစောင်များနှင့် နံရံကပ်ပိုစတာများပေးအပ်နေစဉ်