အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီက ပုဂ္ဂလိကကဏ္ဍမှ အလုပ်သမားများကို အပိုထောက်ပံ့ကြေး တစ်ရက်လျှင် ကျပ် ၁,၀၀၀ ကို အမိန့်ကြေညာချက် ထုတ်ပြန်ခဲ့မှုအပေါ် အလုပ်ပိတ်ရက်များနှင့် အချိန်ပိုကြေးများတွင် အငြင်းပွားဖွယ်ဖြစ်ပေါ်နိုင် ကြောင်း၊ စက်ရုံနှင့် လုပ်ငန်းအချို့တွင် လိုက်နာပေးချေခြင်း မရှိသည့် ဖြစ်ရပ်များရှိနေကြောင်း DVB News သတင်းဌာနမှ ၁၅-၁၀-၂၀၂၅ ရက်နေ့တွင် ရေးသားဖော်ပြခဲ့သည်ကို တွေ့ရှိခဲ့ရပါသည်။

          နိုင်ငံတော်အစိုးရသည် နိုင်ငံ့တာဝန်ကို ထမ်းဆောင်လျက်ရှိသည့် နိုင်ငံ့ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများအတွက် အပိုထောက်ပံ့ကြေးအဖြစ် တစ်ဦးလျှင် တစ်လ ကျပ် ၃၀,၀၀၀/- ကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှစတင်၍ ပထမအကြိမ်၊ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လမှစတင်၍ ဒုတိယအကြိမ်၊ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလမှ ၁ ရက်နေ့မှစတင်၍ ကျပ် ၃၀,၀၀၀/- ကို အပို ထောက်ပံ့ကြေးအဖြစ် လစဉ်ခံစားခွင့်ပြုရန် တတိယအကြိမ်ကြေညာခဲ့သည့်အပြင် ပုဂ္ဂလိကကဏ္ဍရှိ အလုပ်သမားများအတွက် နေရာဒေသနှင့် လုပ်ငန်းအမျိုးအစား ခွဲခြားခြင်းမရှိဘဲ လက်ရှိထောက်ပံ့ လျက်ရှိသည့် အပိုထောက်ပံ့ကြေးကျပ် ၂,၀၀၀/- ၌ ကျပ် ၁,၀၀၀ ကို ထပ်ဆောင်း၍  အလုပ်လုပ် သောရက်များနှင့် ၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့်အလုပ်ပိတ်ရက်အက်ဥပဒေအရ ခံစားခွင့်ပြုရန် ထုတ်ပြန် ကြေညာခဲ့ပါသည်။

          နိုင်ငံတော်အစိုးရအနေဖြင့် အလုပ်သမားများ၏ စားဝတ်နေရေးကို အထောက်အကူပြုရန် ရည်ရွယ်၍ အပိုထောက်ပံ့ကြေးကို ခံစားခွင့်ပြုခြင်းဖြစ်ရာစက်ရုံ၊ အလုပ်ရုံများနှင့် လုပ်ငန်းများ အားလုံးမှ စနစ်တကျ လိုက်နာဆောင်ရွက်စေရေးအတွက် အလုပ်သမားဝန်ကြီးဌာန၏ စစ်ဆေးရေး အရာရှိများက ကွင်းဆင်းစစ်ဆေး၍ ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ အလုပ်သမားများအနေဖြင့်လည်း အပိုထောက်ပံ့ကြေး မရရှိခြင်းဖြစ်ပေါ်ပါက နီးစပ်ရာ အလုပ်သမားဌာနများသို့ အချိန်နှင့်တစ်ပြေးညီ တိုင်ကြားနိုင်ပါကြောင်းနှင့် အလုပ်ရှင်၊ အလုပ်သမား များအားလုံး ပူးပေါင်းဆောင်ရွက်မှသာ တည်ငြိမ်အေးချမ်းသည့် လုပ်ငန်းခွင်များဖြစ်ပေါ်ပြီး အလုပ် အကိုင်အခွင့်အလမ်းများ တိုးတက်ခြင်းနှင့် ကုန်ထုတ်လုပ်မှုတိုးတက်ခြင်းတို့ကို ခံစားနိုင်မည်ဖြစ်ပါ ကြောင်း နှိုးဆော်လိုက်ရပါသည်