မန္တလေး ဧပြီလ ၂၀
၂၀၂၃ ခုနှစ် ၊ ဧပြီလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း နှင့် တာဝန်ရှိသူများသည် အလုပ်သမားဆေးရုံကြီး (မန္တလေး)သို့ သွားရောက်၍ ဆေးရုံ အစည်းအဝေးခန်းမ၌ ခေတ္တဆေးရုံအုပ်ကြီးနှင့် ဝန်ထမ်းများ တွေ့ဆုံ၍ အလုပ်ရှင်နှင့် အာမခံ အလုပ်သမားများ၏ ကျန်းမာရေး စောင့်ရှောက်မှုကို တိုးချဲ့ဆောင်ရွက်နိုင်ရန်နှင့် အရည်အသွေး ပြည့်မီသော ကျန်းမာရေး ဝန်ဆောင်မှုများကို ပေးအပ်နိုင်ရန် လိုအပ်ကြောင်း၊ ဆေးရုံးလုံခြုံရေး အလေးထား ဆောင်ရွက်ရန် ဖြစ်ကြောင်း၊ လူမှုဖူလုံရေးအဖွဲ့သည် အာမခံ အလုပ်သမားများအားကိုးအားထားပြုရသည့် ဌာနတစ်ခု ဖြစ်စေရန်အတွက် အလုပ်ရှင် ၊ အလုပ်သမားများ၏ အဓိက လိုအပ်ချက် ဖြစ်သော ကောင်းမွန်သည့် ဆေးကုသဝန်ဆောင်မှုကို ပေးအပ်နိုင်ရန်နှင့် ယခုထက် ပိုမိုထိရောက်အောင် ဆောင်ရွက်ပေးနိုင်ရန် လမ်းညွှန်မှာကြားခဲ့ပြီး အလုပ်သမားဆေးရုံ အတွင်း/အပြင် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှုနှင့် ဆေးကုသဝန်ဆောင်မှု ဆောင်ရွက်ပေးနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ အပြည့်အစုံ ဖတ်ရှုရန် …………………..

