အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်                                                                                                   ဧပြီ ၂၇

၂၀၂၃ ခုနှစ်၊ မေလ (၁) ရက်နေ့တွင်ကျရောက်သည့် အလုပ်သမားနေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် ယနေ့နံနက်ပိုင်းတွင် အမှတ်(၂) တပ်မတော်ဆေးရုံကြီး (ခုတင်- ၁၀၀၀)၌ အလုပ် သမားဝန်ကြီးဌာနမှ ဝန်ထမ်းများစုပေါင်း၍ သွေးလှူဒါန်းပွဲကျင်းပပြုလုပ်ရာ အဆိုပါအခမ်း အနားသို့ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ အမြဲတမ်း အတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်အားပေးခဲ့ သည်။

အလုပ်သမားဝန်ကြီးဌာနသည် နိုင်ငံတော်၏ မူဝါဒများနှင့်အညီ အလုပ်ရှင်၊ အလုပ်သမားများ၏အကျိုးကို ဘက်ပေါင်းစုံမှ ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် လူမှုကာကွယ်စောင့်ရှောက် ရေးလုပ်ငန်းများအား တစ်ဘက်တစ်လမ်းမှ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ပြည်သူ့ ဆေးရုံကြီး (ခုတင်-၁၀၀၀)၊ နေပြည်တော်၌ ဝန်ထမ်းဦးရေ (၆၀) ဦးမှ စုပေါင်းသွေးလှူဒါန်းခဲ့ပြီး ယနေ့တွင် ဝန်ထမ်းဦးရေ (၄၀) ဦးမှ ထပ်မံလှူဒါန်းခဲ့သည့်အတွက် အလုပ်သမားဝန်ကြီးဌာန အနေဖြင့် စုစုပေါင်း ဝန်ထမ်းဦးရေ (၁၀၀)ဦးမှ စုပေါင်းသွေးလှူဒါန်းခဲ့သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များသည် ဝန်ထမ်းသွေးလှူရှင် များအား ဆေးဝါးများနှင့် အာဟာရပစ္စည်းများပေးအပ်၍ ဝန်ထမ်းများ စုပေါင်းသွေးလှူဒါန်း နေမှုကို ကြည့်ရှုအားပေးခဲ့သည်။

ဝန်ကြီးဌာနအနေဖြင့် ၂၀၂၃ ခုနှစ်၊ မေလ (၁)ရက်နေ့တွင် ကျရောက်မည့် အလုပ်သမားနေ့ ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆောင်းပါးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲများ နှင့် စုပေါင်းသွေးလှူဒါန်းပွဲများ ကျင်းပခြင်း၊ နိုင်ငံတော် ၏ မူဝါဒများနှင့်အညီ အလုပ်ရှင်၊ အလုပ်သမားများ၏ အကျိုးကို ဘက်ပေါင်းစုံမှ ဆောင်ရွက်ပေးနေမှုများနှင့်ပတ်သက်၍ အလုပ် သမားနေ့ဆိုင်ရာ စကားဝိုင်း Talk Show အစီအစဉ် ရိုက်ကူးခြင်း၊ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ဆွေးနွေးပွဲများ ကျင်းပခြင်းနှင့် အလုပ်အကိုင်အခွင့်အလမ်းပြပွဲ (Job Fair) ကျင်းပ ခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။