၂၀၂၃ ခုနှစ်၊ မေလ (၁) ရက်နေ့တွင်ကျရောက်သည့် အလုပ်သမားနေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) နေပြည်တော်၌ အလုပ်သမားဝန်ကြီးဌာနမှ ဝန်ထမ်းများစုပေါင်း၍ သွေးလှူဒါန်းပွဲ အခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်အားပေးခဲ့ပါသည်။
အလုပ်သမားဝန်ကြီးဌာနသည် နိုင်ငံတော်၏ မူဝါဒများနှင့်အညီ အလုပ်ရှင်၊ အလုပ်သမား များ၏အကျိုးကို ဘက်ပေါင်းစုံမှ ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် လူမှုကာကွယ်စောင့်ရှောက် ရေးလုပ်ငန်းများအား တစ်ဘက်တစ်လမ်းမှ ဆောင်ရွက်လျက်ရှိပါကြောင်း၊
စုပေါင်းသွေးလှူဒါန်းခြင်းအားဖြင့် နှစ်စဉ်နှစ်တိုင်း လူသန်းပေါင်းများစွာ၏ အသက်ကို ကယ်တင်နိုင်သည့်အပြင် သွေးတိုးရောဂါရှိသူများ၊ နာတာရှည်လူနာများ၊ ခွဲစိတ်ကုသမှုခံယူရမည့် လူနာများနှင့် ကိုယ်ဝန်ဆောင်များ မီးဖွားချိန်တွင် လိုအပ်ပါက အသုံးပြုနိုင်ရန်၊ အရေးပေါ်အခြေ အနေများတွင် အဆင်သင့် အသုံးပြုနိုင်စေရန်၊ ရှားပါးသောသွေးအုပ်စုများကို သွေးအလှူရှင်များမှ တစ်ဆင့် ရရှိနိုင်စေရန်၊ လူ့အသက်ပေါင်းများစွာကို ကယ်တင်နိုင်စေရန် မျှော်မှန်း၍ အလုပ်သမား ဝန်ကြီးဌာနရှိ ဝန်ထမ်းများအနေဖြင့် စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပရခြင်းဖြစ်ပါကြောင်း၊
ဝန်ကြီးဌာနအနေဖြင့် စက်ရုံ၊ အလုပ်ရုံနှင့် လုပ်ငန်းဌာနများတွင် လုပ်ငန်းခွင်အေးချမ်း သာယာရေးအတွက် သုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်မှု၏အရေးပါမှုကို အလေးထားဆောင်ရွက် လျက်ရှိရာ ကိုဗစ် ၁၉ ကပ်ရောဂါကူးစက်မှုကာလအတွင်း စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများမှ အလုပ်သမားများအား ကိုဗစ် ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေး၊ စက်မှုဇုန်အတွင်းရှိ ကိုဗစ်-၁၉ အတည်ပြုလူနာများနှင့် အရေးကြီးလူနာများအတွက် ဆေးဝါးဝယ်ယူရေးကိစ္စများ အဆင်ပြေစေရေး၊ လူမှုဖူလုံရေးအဖွဲ့ပိုင်ဆေးရုံ၊ ဆေးခန်းများတွင် တက်ရောက်ဆေးကုသမှုခံယူရေး၊ အောက်ဆီဂျင် ပြတ်လပ်မှု မရှိစေရေး၊ လူမှုဖူလုံရေးအကျိုးခံစားခွင့်များ အပြည့်အဝရရှိခံစားနိုင်ရေးတို့ကိုလည်း ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊
ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် ညွှန်ကြားရေးမှူးချုပ်များသည် သွေးလှူရှင် ဝန်ထမ်းများအား ဆေးဝါးများနှင့် အာဟာရပစ္စည်းများပေးအပ်၍ ဝန်ထမ်းများစု ပေါင်းသွေး လှူဒါန်းနေမှုကို ကြည့်ရှုအားပေးခဲ့ပြီးနောက် ကျန်မားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးမှ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့သည်။
အဆိုပါ စုပေါင်းသွေးလှူဒါန်းပွဲတွင် အလုပ်သမားဝန်ကြီးဌာနမှ ဝန်ထမ်းဦးရေ (၆၀) ဦး စုပေါင်းသွေးလှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်