အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်                                                                                                           မတ် ၂၄       

          ၂၀၂၃ ခုနှစ်၊ မေလ (၁) ရက်နေ့တွင် ကျရောက်မည့် အလုပ်သမားနေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် အလုပ်အကိုင်အခွင့်အလမ်းများတိုးတက်ရရှိစေရန် ရည်ရွယ်ပြီး အလုပ်အကိုင် အခွင့်အလမ်းများပြားသည့် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာစက်မှုဇုန်၌ အလုပ်အကိုင် အခွင့် အလမ်းပြပွဲ (Job Fair)ကို အလုပ်သမားဝန်ကြီးဌာနနှင့် ပြည်တွင်းအလုပ်အကိုင်ဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းတို့ပူးပေါင်း၍ ကျင်းပသည်။

ဖွင့်ပွဲအခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ လှိုင်သာယာစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်တွင်းအလုပ်အကိုင်ဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း၊ ပြပွဲတွင် ပါဝင်ပြသသည့် ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များ၊ ပြည်တွင်း အလုပ်အကိုင်ရှာဖွေရေး အကျိုးဆောင်အေဂျင်စီများ တက်ရောက်ကြသည်။

 ဒုတိယဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၃ ခုနှစ်၊ မေလ(၁)ရက်နေ့တွင် ကျရောက်မည့် အလုပ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ပြားသည့် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာစက်မှုဇုန်တွင် အလုပ်အကိုင်အခွင့်အလမ်းပြပွဲကို ကျင်းပခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၌ အရည်အချင်းပြည့်ဝသော လုပ်သားအင်အားထု ဖွံ့ဖြိုး တိုးတက်လာစေရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများကို ပိုမိုဖန်တီးပေးနိုင်ရေးတို့အတွက် အလုပ်သမားဝန်ကြီးဌာနသည် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်ဆက်ဆံရေး ကောင်းမွန်ခြင်းဖြင့် တည်ငြိမ်အေးချမ်းသည့် လုပ်ငန်းခွင်များဖြစ်ပေါ်စေရေး၊ အလုပ်သမားဥပဒေပါ အကျိုးခံစားခွင့်များရရှိစေရန် စည်းကြပ်ဆောင်ရွက်ရေး၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုပ်ငန်းခွင် မတော်တဆ ထိခိုက်မှုနှင့် လုပ်ငန်းခွင်ရောဂါရရှိခံစားမှု လျော့နည်းကျဆင်းရေး၊ ပြည်တွင်း၊ ပြည်ပတို့၌ သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင်ရရှိစေရေးနှင့် ဘေးကင်းသည့် ရွှေ့ပြောင်းသွားလာမှု ဖြစ်ပေါ်စေရေး၊ လုပ်သားထု၏ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ပေးရန် လုပ်ငန်းခွင်ကျွမ်းကျင်မှု လေ့ကျင့်သင်ကြားပေးရေး၊ လူမှုဖူလုံရေးအာမခံအလုပ်သမားများအတွက် လူမှုအကာအကွယ်နှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်သည့် လူမှုဖူလုံရေးစီမံကိန်းကို အကောင် အထည်ဖော်ဆောင်ရွက်ရေး၊ အလုပ်သမားရေးရာအငြင်းပွားမှုများကို သက်ဆိုင်ရာဥပဒေနှင့်အညီ ညှိနှိုင်းဖျန်ဖြေဆောင်ရွက်ပေးရေး၊ အလုပ်သမားရေးရာ သုတေသနလုပ်ငန်းများ ဆောင်ရွက်ရေးနှင့် အလုပ်သမားဈေးကွက်ဆိုင်ရာ သတင်းအချက်အလက်များ စုဆောင်းပြုစုရေး၊ အပြည်ပြည်ဆိုင်ရာ နှင့် ဒေသဆိုင်ရာ အလုပ်သမားရေးရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရေး၊ နိုင်ငံတော်အစိုးရ မှ ချမှတ်ပေးသည့် မူဝါဒ၊ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်သွားရေး ချမှတ်ဆောင်ရွက်လျက် ရှိရာ အလုပ်လုပ်နိုင်သော အသက်အရွယ်အပိုင်းအခြားအတွင်းရှိသူများကို ၎င်းတို့၏ အရည်အချင်း၊ ကျွမ်းကျင်မှုတို့နှင့်အညီ အလုပ်ရှင်၏ လိုအပ်ချက်နှင့် သင့်လျော်သည့် အလုပ်အကိုင်များ ရရှိစေ ရေးအတွက် အလေးထား‌ဆောင်ရွက်လျက်ရှိကြောင်း၊

ပြည်သူလူထု၏ လူနေမှုဘဝမြင့်မားတိုးတက်စေရန် ကျန်းမာရေး၊ ပညာရေးနှင့် စီးပွားရေး ကောင်းမွန်ပြီး ဆင်းရဲနွမ်းပါးမှုလျော့ချနိုင်ရေး အလုပ်လုပ်နိုင်သူတိုင်း အလုပ်ရရှိရေးသည် အလွန်အရေးကြီးပါကြောင်း၊ အလုပ်အကိုင်များ တိုးတက်ရရှိနိုင်ရန် စက်မှုဇုန် (၁၃) ဇုန် ရှိပြီး အလုပ်အကိုင်အခွင့်အလမ်းများပြားသည့် လှိုင်သာယာစက်မှုဇုန်တွင် အလုပ်ရှာဖွေသူများအား အလုပ်ရှင်များနှင့် One Stop Service ဖြင့် တိုက်ရိုက်တွေ့ဆုံပြီး အလုပ်အကိုင်များရရှိနိုင်ရန် အလုပ်အကိုင်အခွင့်အလမ်းပြပွဲ Job Fair ကို ကျင်းပရခြင်းဖြစ်ကြောင်း၊

အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန လက်အောက်တွင် ကျွမ်း ကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (၇)ကျောင်း ဖွင့်လှစ်ထားပြီး လုပ်သားထုကျွမ်းကျင်မှု ဖွံ့ဖြိုး ရေးအတွက် အသက်မွေးဝမ်းကျောင်းဆိုင်ရာ လေ့ကျင့်သင်ကြားခြင်း၊ လုပ်သားဈေးကွက်တွင် လိုအပ်နေသော ကျွမ်းကျင်လုပ်သားရရှိစေရေးအတွက် အလုပ်အကိုင်အလိုက် အမျိုးသားအဆင့် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊

အလုပ်သမားဝန်ကြီးဌာနအနေဖြင့် အလုပ်လုပ်နိုင်သည့် အသက်အပိုင်းအခြားအတွင်းရှိသူ တိုင်းအတွက်  အလုပ်အကိုင်များရရှိရေး၊ ကျွမ်းကျင်မှုလေ့ကျင့်ရေး၊ အလုပ်သမားများ၏ ရပိုင်ခွင့် များဆောင်ရွက်ပေးရေးအတွက် အလုပ်သမားဥပဒေများနှင့်အညီ အကျိုးခံစားခွင့်များကို ရရှိနိုင်စေ ရန် အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊

အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအနေဖြင့် ပြည်ထောင်စု နယ်မြေ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် (၁၅) ခု တွင် ခရိုင်နှင့်မြို့နယ်  အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံး (၈၉)ရုံး ဖွင့်လှစ်၍ အလုပ်ရှာဖွေသူနှင့် အလုပ်သမားလိုအပ်သော အလုပ်ရှင်တို့အတွက် ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊

ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေး ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်လိုသည့် နိုင်ငံသား ပိုင်ကုမ္ပဏီများအား ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေးအကျိုးဆောင်လိုင်စင်ကို ခွင့်ပြုဆောင်ရွက် ပေးလျက်ရှိရာ ယနေ့အထိ ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေးအကျိုးဆောင် အေဂျင်စီ ၇၃ ခု ရှိကြောင်း၊

အလုပ်သမားဝန်ကြီးဌာနအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းပြပွဲ (Job Fair) များကို အသင်းအဖွဲ့များ၊ ကုမ္ပဏီများ၊ ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေး အကျိုးဆောင်အေဂျင်စီများနှင့် ပူးပေါင်း၍ တိုင်းဒေသကြီး/ ပြည်နယ်များတွင် အလုပ်အကိုင်အခွင့်အလမ်းပြပွဲများ ကျင်းပခဲ့ရာ အကြိမ် ၇၀ ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း၊

အလုပ်လုပ်နိုင်သည့် အရွယ်ရောက်သူတိုင်း သင့်လျော်ကောင်းမွန်သော အလုပ်အကိုင်ရရှိ စေရေး ကျွမ်းကျင်လုပ်သားများ ပြုစုပျိုးထောင်ပေးရန်အတွက် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်ပါကြောင်းနှင့် Stakeholders များ အားလုံးလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ကြရမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အလုပ်အကိုင်အခွင့်အလမ်းပြပွဲ (Job Fair) ကို အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဦးဝင်းရှိန်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ တိုင်းရင်းသားရေးရာဝန်ကြီး နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး အလုပ်လာရောက်လျှောက်ထားသူများ၊ ပြပွဲတွင် ပါဝင်ပြသသော ကုမ္ပဏီများ၊ လုပ်ငန်းများကို  လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။

အဆိုပါ အလုပ်အကိုင်အခွင့်အလမ်းပြပွဲတွင် ကုမ္ပဏီ (၁၈) ခုနှင့် ပြည်တွင်းအလုပ်အကိုင် ရှာဖွေရေး အကျိုးဆောင်လိုင်စင်ရအေဂျင်စီ (၉) ခုတို့က ပြခန်း စုစုပေါင်း (၃၀) ခန်းဖြင့် ပါဝင်ပြသခဲ့ပါသည်။