အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

၁၂-၇-၂၀၂၃ ရက်နေ့၊ (၁၆:၀၀) နာရီတွင် ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ အလုပ်သမား ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဦးဆောင်၍ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြား ရေးဦးစီးဌာနနှင့် SOILBUILD CONSTRUCTION GROUP LTD တို့အကြား ဆောက်လုပ်ရေး လုပ်သားများအဖြစ် လေ့ကျင့်သင်ကြားရေး၊ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးနှင့် အမျိုးသား အဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်ရရှိသူများကို စင်ကာပူနိုင်ငံ တွင် အလုပ်အကိုင်ရရှိရေး စီမံကိန်းအကောင်အထည်ဖော်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် နှင့် တာဝန်ရှိသူများ၊ နားလည်မှုစာချွန်လွှာ (မူကြမ်း) အပေါ် သဘောထားမှတ်ချက်ပေးပို့ခဲ့သော သက်ဆိုင်ရာဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ SOILBUILD CONSTRUCTION GROUP LTD မှ Chairman၊ Mr. Lim Cham Huat နှင့် SOILBUILD CONSTRUCTION GROUP (Myanmar) မှ Director ဖြစ်သူ ဦးငွေဇော်နှင့် တာဝန်ရှိသူများ စုစုပေါင်း (၂၅) ဦး တက်ရောက်ခဲ့ပါသည်။