အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

၁။      လုပ်ငန်းခွင်ထိခိုက်မှု စုံစမ်းစစ်ဆေးခြင်း

        (က)    လုပ်ငန်းခွင်ထိခိုက်မှုများကို စစ်ဆေးပြီး လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်များ ထုတ်ပြန်ခြင်းအားဖြင့် အလားတူ လုပ်ငန်းခွင်ထိခိုက်မှုများအား ကာကွယ်တားဆီး နိုင်မည်ဖြစ်သဖြင့် လုပ်ငန်းခွင်ထိခိုက်မှု ဖြစ်ပွားကြောင်းသိရှိပါက အမြန်ဆုံး သွားရောက်စုံစမ်းစစ်ဆေးခြင်း၊ လူမှုဖူလုံရေးအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။

          (ခ )    အလုပ်ရုံစစ်ဆေးရေးအရာရှိများသည် ၂၇-၁၁-၂၀၂၃ ရက်နေ့မှ ၁၅-၁၂-၂၀၂၃ ရက်နေ့ထိ သေဆုံး (၁) မှုကို စုံစမ်းစစ်ဆေးခဲ့ပြီး လိုက်နာဆောင်ရွက်ရန် ညွှန်ကြား ချက်များထုတ်ပြန်ခြင်း၊ ညွှန်ကြားချက်များကို အလုပ်ရှင်၊ မန်နေဂျာများအနေဖြင့် လိုက်နာရန်ပျက်ကွက်ပါက အရေးယူခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။

၂။      လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကော်မတီဖွဲ့စည်းခြင်း။ လုပ်ငန်းခွင် ထိခိုက်ဒဏ်ရာရရှိမှုနှင့် သေဆုံးမှုများ လျော့နည်းပပျောက်စေရန်၊ ဘေးအန္တရာယ် ကင်းရှင်းရေး ဆိုင်ရာ အသိပညာများပိုမိုရရှိစေရန်၊ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်ပတ်သက်၍ အလုပ်ရှင်နှင့် အလုပ်သမားများအကြား ပူးပေါင်းဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးကော်မတီများကို ဖွဲ့စည်းနိုင်ရေး စည်းရုံးဆောင်ရွက်ခဲ့ရာ ၂၇-၁၁-၂၀၂၃ ရက်နေ့မှ ၁၅-၁၂-၂၀၂၃ ရက်နေ့ထိ အလုပ်သမား (၅၀) ဦးနှင့်အထက်ရှိသည့် စက်ရုံ၊ အလုပ်ရုံ များတွင် ကော်မတီ (၃၁) ဖွဲ့ ဖွဲ့စည်းနိုင်ပါသည်။

၃။      လုပ်ငန်းခွင်ပတ်ဝန်းကျင် အခြေအနေ တိုင်းတာအကဲဖြတ်ခြင်း။      ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ စက်ရုံ၊ အလုပ်ရုံများရှိ ဆူညံသံနှင့် အလင်းရောင်ရရှိမှုတို့ကို ကွင်းဆင်းလေ့လာ တိုင်းတာလျက်ရှိရာ ၂၇-၁၁-၂၀၂၃ ရက်နေ့မှ ၁၅-၁၂-၂၀၂၃ ရက်နေ့အထိ စက်ရုံ၊ အလုပ်ရုံ (၄၄) ရုံတွင် လုပ်ငန်းခွင် ပတ်ဝန်းကျင်အခြေအနေများ တိုင်းတာခဲ့ပါကြောင်းနှင့် တိုင်းတာခဲ့သည့် စက်ရုံများအနက် စက်ရုံ (၂၀) ရုံတွင် သတ်မှတ်အလင်းရောင်ပမာဏအတွင်း မရှိခြင်း၊ စက်ရုံ (၁၈) ရုံ တွင် သတ်မှတ်ဆူညံသံပမာဏထက် ကျော်လွန်နေခြင်းတို့ကို စစ်ဆေးတွေ့ရှိခဲ့သဖြင့် စက်ရုံများသို့ လုပ်ငန်းခွင်ပတ်ဝန်းကျင်အခြေအနေ တိုးတက်ကောင်းမွန်စေရေးအတွက် ညွှန်ကြားချက်နှင့်အကြံပြု ချက်များ ထုတ်ပြန်ခဲ့ပါသည်။

၄။      သင်ထောက်ကူပြုမော်တော်ယာဉ်ဖြင့် အသိပညာပေးခြင်း။               ဦးစီးဌာနအနေဖြင့် အလုပ်ရှင်နှင့် အလုပ်သမားများ၏ အသိအမြင်အား မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်၍ လုပ်ငန်းခွင် မပျက် စက်ရုံ၊ အလုပ်ရုံများမှ ပိုင်ရှင်၊ မန်နေဂျာနှင့် အလုပ်သမားများအား ဦးစီးဌာနမှ စစ်ဆေး စည်းကြပ်လျက်ရှိသည့် အလုပ်သမားဥပဒေဆိုင်ရာ ကိစ္စရပ်များကို သင်ထောက်ကူပြုမော်တော်ယာဉ် ဖြင့် လုပ်ငန်းခွင်အရောက် ပို့ချပေးလျက်ရှိရာ ၂၇-၁၁-၂၀၂၃ ရက်နေ့မှ ၁၅-၁၂-၂၀၂၃ ရက်နေ့ အထိ ရန်ကုန်တိုင်းဒေသကြီးတွင် (၂) ကြိမ်နှင့် ပဲခူးတိုင်းဒေသကြီးတွင် (၂) ကြိမ်၊ စုစုပေါင်း (၄) ကြိမ်၊ အလုပ်သမား (၁၀၀) ဦးအား သင်ထောက်ကူပြုမော်တော်ယာဉ်ဖြင့် အသိပညာပေး ဆွေးနွေးခြင်း များကို ဆောင်ရွက်နိုင်ခဲ့ပါသည်။

၅။      ပြည်ပဆွေးနွေးပွဲများ တက်ရောက်ခြင်း

        (က)    ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့နှင့် ၅ ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ အိမ်ရှင်အဖြစ် နန်နင်းမြို့တွင် ကျင်းပပြုလုပ်သည့် “ အာဆီယံ-တရုတ် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး ပူးပေါင်းဆောင်ရွက်မှုဖိုရမ်” သို့ ညွှန်ကြားရေးမှူးချုပ် ဦးတင်ကိုကိုနှင့် လက်ထောက်ညွှန်ကြားရေးမှူးများဖြစ်ကြသည့် ဒေါငြိမ်းမိုးရွှေနှင့် ဒေါခိုင်ဝင့်မော်တို့က In Person နည်းလမ်းဖြင့်တက်ရောက်ခဲ့ပြီး ညွှန်ကြားရေးမှူးချုပ် ဦးတင်ကိုကိုက လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ကြိုတင်တားဆီး ကာကွယ်ရေးဆိုင်ရာ အကြောင်းအရာများနှင့်ပတ်သက်၍ အမှာစကားပြောကြားခဲ့ခြင်း၊

          (ခ )    ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့မှ ၇ ရက်နေ့တို့တွင် အင်ဒိုနီးရှားနိုင်ငံမှ ဦးဆောင်၍ Hybrid နည်းလမ်းဖြင့် ကျင်းပပြုလုပ်သည့် “(၃) ကြိမ်မြောက် အာဆီယံ အလုပ်သမားရေးရာစစ်ဆေးရေး ကော်မတီအစည်းအဝေးနှင့် (၁၂) ကြိမ်မြောက် အာဆီယံ အလုပ်သမားရေးရာ စစ်ဆေးရေးညီလာခံ” သို့ လက်ထောက် ညွှန်ကြားရေးမှူးများဖြစ်ကြသော ဦးစိုးညီညီနှင့် ဒေါ်ချောဂျူလိုင်မြင့်တို့က Vitural နည်းလမ်းဖြင့် တက်ရောက်ခဲ့ခြင်း။

GTIG Hubo Co.,Ltd အထည်ချုပ်စက်ရုံတွင် တိုင်းတာနေပုံ

Golden-5 အထည်ချုပ်စက်ရုံတွင် တိုင်းတာနေပုံ

အာဆီယံ−တရုတ်လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး ပူးပေါင်းဆောင်ရွက်မှုဖိုရမ်သို့ တက်ရောက်ခဲ့မှုမှတ်တမ်းဓါတ်ပုံများ                                                                                           

ဖိုရမ်တက်ရောက်ခဲ့သည့် မြန်မာကိုယ်စားလှယ်အဖွဲ့

အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးတင်ကိုကိုက အမှာစကားပြောကြားနေပုံ