၁။ လုပ်ငန်းခွင်ထိခိုက်မှု စုံစမ်းစစ်ဆေးခြင်း
(က) လုပ်ငန်းခွင်ထိခိုက်မှုများကို စစ်ဆေးပြီး လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်များ ထုတ်ပြန်ခြင်းအားဖြင့် အလားတူ လုပ်ငန်းခွင်ထိခိုက်မှုများအား ကာကွယ်တားဆီး နိုင်မည်ဖြစ်သဖြင့် လုပ်ငန်းခွင်ထိခိုက်မှု ဖြစ်ပွားကြောင်းသိရှိပါက အမြန်ဆုံး သွားရောက်စုံစမ်းစစ်ဆေးခြင်း၊ လူမှုဖူလုံရေးအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်လျက် ရှိပါသည်။
(ခ ) အလုပ်ရုံစစ်ဆေးရေးအရာရှိများသည် ၂၇-၁၀-၂၀၂၃ ရက်နေ့မှ ၂၆-၁၁-၂၀၂၃ ရက် နေ့ထိ ပြင်းထန် (၂)မှုနှင့် သေဆုံး (၃) မှုတို့ကို စုံစမ်းစစ်ဆေးခဲ့ပြီး လိုက်နာ ဆောင်ရွက်ရန် ညွှန်ကြားချက်များထုတ်ပြန်ခြင်း၊ ညွှန်ကြားချက်များကို အလုပ်ရှင်၊ မန်နေဂျာများအနေဖြင့် လိုက်နာရန်ပျက်ကွက်ပါက အရေးယူခြင်းများ ဆောင်ရွက် လျက်ရှိပါသည်။
၂။ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကော်မတီဖွဲ့စည်းခြင်း။ လုပ်ငန်းခွင် ထိခိုက်ဒဏ်ရာရရှိမှုနှင့်သေဆုံးမှုများ လျော့နည်းပပျောက်စေရန်၊ ဘေးအန္တရာယ်ကင်းရှင်းရေး ဆိုင်ရာ အသိပညာများ ပိုမိုရရှိစေရန်၊ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်ပတ်သက်၍ အလုပ်ရှင်နှင့် အလုပ်သမားများအကြား ပူးပေါင်းဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးကော်မတီများကို ဖွဲ့စည်းနိုင်ရေး စည်းရုံးဆောင်ရွက်ခဲ့ရာ ၂၇-၁၀-၂၀၂၃ ရက်နေ့မှ ၂၆-၁၁-၂၀၂၃ ရက်နေ့ထိ အလုပ်သမား (၅၀) ဦးနှင့်အထက်ရှိသည့် စက်ရုံ၊ အလုပ်ရုံ များတွင် ကော်မတီ (၉) ဖွဲ့ ဖွဲ့စည်းနိုင်ခဲ့ပါသည်။
၃။ လုပ်ငန်းခွင် ပတ်ဝန်းကျင် အခြေအနေ တိုင်းတာအကဲဖြတ်ခြင်း။ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် နေပြည်တော်ကောင်စီ နယ်မြေ အတွင်းရှိ စက်ရုံ၊ အလုပ်ရုံများရှိ ဆူညံသံနှင့် အလင်းရောင်ရရှိမှုတို့ကို ကွင်းဆင်းလေ့လာ တိုင်းတာလျက်ရှိရာ ၂၇-၁၀-၂၀၂၃ ရက်နေ့မှ ၂၆-၁၁-၂၀၂၃ ရက်နေ့အထိ စက်ရုံ၊ အလုပ်ရုံ (၃၁) ရုံတွင် လုပ်ငန်းခွင် ပတ်ဝန်းကျင် အခြေအနေများ တိုင်းတာခဲ့ပါကြောင်းနှင့် တိုင်းတာခဲ့သည့် စက်ရုံများအနက် စက်ရုံ (၇) ရုံတွင် သတ်မှတ်အလင်းရောင်ပမာဏအတွင်း မရှိခြင်း၊ စက်ရုံ (၁၆) ရုံတွင် သတ်မှတ်ဆူညံသံပမာဏထက် ကျော်လွန်နေခြင်းတို့ကို စစ်ဆေးတွေ့ရှိခဲ့သဖြင့် စက်ရုံများသို့ လုပ်ငန်းခွင် ပတ်ဝန်းကျင်အခြေအနေ တိုးတက်ကောင်းမွန်စေရေးအတွက် ညွှန်ကြားချက်နှင့် အကြံပြုချက်များ ထုတ်ပြန်ခဲ့ပါသည်။
၂
၄။ သင်ထောက်ကူပြုမော်တော်ယာဉ်ဖြင့် အသိပညာပေးခြင်း။ ဦးစီးဌာနအနေဖြင့် အလုပ်ရှင်နှင့် အလုပ်သမားများ၏ အသိအမြင်အား မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်၍ လုပ်ငန်းခွင် မပျက် စက်ရုံ၊ အလုပ်ရုံများမှ ပိုင်ရှင်၊ မန်နေဂျာနှင့် အလုပ်သမားများအား ဦးစီးဌာနမှ စစ်ဆေး စည်းကြပ်လျက်ရှိသည့် အလုပ်သမားဥပဒေဆိုင်ရာကိစ္စရပ်များ၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များကို သင်ထောက်ကူပြု မော်တော်ယာဉ်ဖြင့် လုပ်ငန်းခွင်အရောက် ပို့ချပေးလျက်ရှိရာ ၂၇-၁၀-၂၀၂၃ ရက်နေ့မှ ၂၆-၁၁-၂၀၂၃ ရက်နေ့ အထိ ရန်ကုန်တိုင်းဒေသကြီးတွင် (၄) ကြိမ်၊ ပဲခူးတိုင်းဒေသကြီးတွင် (၂) ကြိမ်နှင့် နေပြည်တော် ကောင်စီနယ်မြေတွင် (၁) ကြိမ်၊ စုစုပေါင်း (၇) ကြိမ်၊ အလုပ်သမား (၁၇၅) ဦးအား သင်ထောက်ကူပြု မော်တော်ယာဉ်ဖြင့် အသိပညာပေးဆွေးနွေးခြင်းများကို ဆောင်ရွက်နိုင်ခဲ့ပါသည်။
၅။ ပြည်ပဆေွးနွေးပွဲများ တက်ရောက်ခြင်း
(က) ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့နှင့် ၂၈ ရက်နေ့တို့တွင် အင်ဒိုနီးရှား နိုင်ငံမှ ဦးဆောင်၍ ကျင်းပပြုလုပ်သည့် “1st Workshop on the Development of ASEAN Guideline on the Placement and Protection of Migrant Fishers” အလုပ်ရုံဆွေးနွေးပွဲသို့ ဦးစီးအရာရှိများ ဖြစ်ကြသည့် ဒေါ်ပွင့်သီရိမောင်နှင့် ဒေါ်ပန်းမြတ်ဖြူတို့က Virtual စနစ်ဖြင့် တက်ရောက်ခဲ့ခြင်း။
(ခ ) ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ထိုင်းနိုင်ငံမှ ဦးဆောင်၍ Virtual စနစ်ဖြင့် ကျင်းပပြုလုပ်သည့် “(၉) ကြိမ်မြောက် HIV/ AIDS ဆိုင်ရာ အာဆီယံ စီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အစည်းအဝေး” သို့ ညွှန်ကြားရေးမှူး ဦးကျော်ကျော်ထွန်းနှင့် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ငြိမ်းမိုးရွှေတို့ တက်ရောက်ခဲ့ခြင်း။
Sen Ma Te (Myanmar) Apparel Co., Ltd အထည်ချုပ်စက်ရုံတွင် တိုင်းတာနေပုံ
Universal Apparel Co., Ltd အထည်ချုပ်စက်ရုံတွင် တိုင်းတာနေပုံ