Myanmar Ixora Co.,Ltd အိမ်တွင်းစီးဖိနပ်စက်ရုံ
Suzhou Silk Fashion (Myanmar) Co.., Ltd. အထည်ချုပ်စက်ရုံ
(၁) လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကော်မတီဖွဲ့စည်းခြင်း
လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရရှိမှုနှင့် သေဆုံးမှုများ လျော့နည်းပပျောက်စေရန်၊ ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ အသိပညာများ ပိုမိုရရှိစေရန်၊ ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ပတ်သက်၍ အလုပ်ရှင်နှင့် အလုပ်သမားများအကြား ပူးပေါင်းဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကော်မတီများကို ဖွဲ့စည်းနိုင်ရေး စည်းရုံးဆောင်ရွက် ခဲ့ရာ ၂၇-၉-၂၀၂၃ ရက်နေ့မှ ၁၅-၁၀-၂၀၂၃ ရက်နေ့ထိ အလုပ်သမား (၅၀) ဦးနှင့်အထက်ရှိသည့် စက်ရုံ၊ အလုပ်ရုံများတွင် ကော်မတီ (၂) ဖွဲ့ ဖွဲ့စည်းနိုင်ခဲ့ပါသည်။
(၂) လုပ်ငန်းခွင် ပတ်ဝန်းကျင် အခြေအနေ တိုင်းတာအကဲဖြတ်ခြင်း
ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ စက်ရုံ၊ အလုပ်ရုံများရှိ ဆူညံသံနှင့် အလင်းရောင်ရရှိမှုတို့ကို ကွင်းဆင်း လေ့လာ တိုင်းတာလျက်ရှိရာ ၂၇-၉-၂၀၂၃ ရက်နေ့မှ ၁၅-၁၀-၂၀၂၃ ရက်နေ့အထိ စက်ရုံ၊ အလုပ်ရုံ (၁၅) ရုံတွင် လုပ်ငန်းခွင် ပတ်ဝန်းကျင်အခြေအနေများ တိုင်းတာခဲ့ပါကြောင်းနှင့် တိုင်းတာခဲ့သည့် စက်ရုံများအနက် စက်ရုံ (၁၀) ရုံတွင် သတ်မှတ်အလင်းရောင်ပမာဏအတွင်း မရှိခြင်း၊ စက်ရုံ (၂) ရုံတွင် သတ်မှတ်ဆူညံသံပမာဏထက် ကျော်လွန်နေခြင်းတို့ကို စစ်ဆေးတွေ့ရှိခဲ့ သဖြင့် စက်ရုံများသို့ လုပ်ငန်းခွင် ပတ်ဝန်းကျင်အခြေအနေ တိုးတက်ကောင်းမွန်စေရေးအတွက် ညွှန်ကြားချက်နှင့် အကြံပြုချက်များ ထုတ်ပြန်ခဲ့ပါသည်။
(၃) သင်ထောက်ကူပြုမော်တော်ယာဉ်ဖြင့် အသိပညာပေးခြင်း
ဦးစီးဌာနအနေဖြင့် အလုပ်ရှင်နှင့် အလုပ်သမားများ၏ အသိအမြင်အား မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်၍ လုပ်ငန်းခွင်မပျက် စက်ရုံ၊ အလုပ်ရုံများမှ ပိုင်ရှင်၊ မန်နေဂျာနှင့် အလုပ်သမားများအား
ဦးစီးဌာနမှ စစ်ဆေးစည်းကြပ်လျက်ရှိသည့် အလုပ်သမားဥပဒေဆိုင်ရာကိစ္စရပ်များ၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များကို သင်ထောက်ကူပြု မော်တော် ယာဉ်ဖြင့် လုပ်ငန်းခွင်အရောက် ပို့ချပေးလျက်ရှိရာ ၂၇-၉-၂၀၂၃ ရက်နေ့မှ ၁၅-၁၀-၂၀၂၃ ရက်နေ့ အထိ ပဲခူးတိုင်းဒေသကြီးတွင် (၂) ကြိမ်၊ အလုပ်သမား (၅၀) ဦးအား သင်ထောက်ကူပြု မော်တော် ယာဉ်ဖြင့် အသိပညာပေးဆွေးနွေးခြင်းများကို ဆောင်ရွက်နိုင်ခဲ့ပါသည်။