အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

၁။      လုပ်ငန်းခွင်ထိခိုက်မှု စုံစမ်းစစ်ဆေးခြင်း။      လုပ်ငန်းခွင် ထိခိုက်မှုများကို စစ်ဆေးပြီး လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်များ ထုတ်ပြန်ခြင်းအားဖြင့် အလားတူ လုပ်ငန်း ခွင်ထိခိုက်မှုများအား ကာကွယ်တားဆီးနိုင်မည်ဖြစ်သဖြင့် လူမှုဖူလုံရေးအဖွဲ့နှင့်ညှိနှိုင်း၍ လုပ်ငန်းခွင်ထိခိုက်မှု ဖြစ်ပွားကြောင်းသိရှိပါက အမြန်ဆုံးသွားရောက်စစ်ဆေး ဆောင်ရွက် လျက်ရှိပြီး အလုပ်ရုံစစ်ဆေးရေးအရာရှိများသည် ၂၇-၉-၂၀၂၄ ရက်နေ့ မှ ၁၄-၁၀-၂၀၂၄ ရက်နေ့အထိ အလွန်ပြင်းထန်အဆင့် လုပ်ငန်းခွင်ထိခိုက်မှု (၁) မှု၊ သေဆုံးမှု (၁)မှု၊ စုစုပေါင်း လုပ်ငန်းခွင် ထိခိုက်မှု (၂) မှုတို့ကို စုံစမ်းစစ်ဆေးခဲ့ပြီး လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်များ ထုတ်ပြန်ခြင်း၊ ညွှန်ကြားချက်များကို အလုပ်ရှင်၊ မန်နေဂျာများ အနေဖြင့် လိုက်နာရန် ပျက်ကွက်ပါက အရေးယူခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။၂။       လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာကော်မတီဖွဲ့စည်းခြင်း။ လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရရှိမှုနှင့် သေဆုံးမှုများ လျော့နည်းပပျောက်စေရန်၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာများ ပိုမိုရရှိစေရန်၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးနှင့်ပတ်သက်၍ အလုပ်ရှင်နှင့် အလုပ်သမားများအကြား ပူးပေါင်းဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ကော်မတီများကို ဖွဲ့စည်းနိုင်ရေး စည်းရုံးဆောင်ရွက်ခဲ့ရာ ၂၇-၉-၂၀၂၄ ရက်နေ့ မှ ၁၄-၁၀-၂၀၂၄ ရက်နေ့အထိ အလုပ် သမား (၅၀) ဦးနှင့်အထက်ရှိသည့် စက်ရုံ၊ အလုပ်ရုံများတွင် ကော်မတီ (၆) ဖွဲ့ တိုးချဲ့ ဖွဲ့စည်းနိုင်ခဲ့ပြီး အစီရင်ခံသည့် ကာလအထိ အလုပ်သမား (၅၀) ဦးနှင့်အထက် စက်ရုံ၊ အလုပ်ရုံ (၂၂၀၃) ရုံရှိသည့်အနက် စက်ရုံ၊ အလုပ်ရုံ (၂၀၉၈) ရုံ၌ ကော်မတီများ ဖွဲ့စည်းပြီးဖြစ်သဖြင့် (၉၅.၂၃) ရာခိုင်နှုန်း ဖွဲ့စည်းထားပြီးဖြစ်ပါသည်။ ၃။      လုပ်ငန်းခွင် ပတ်ဝန်းကျင် အခြေအနေ တိုင်းတာအကဲဖြတ်ခြင်း။        လုပ်ငန်းခွင် ပတ်ဝန်း ကျင် အခြေအနေများ တိုးတက်ကောင်းမွန်စေရန်အတွက် စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ငန်းခွင် ဆူညံသံ၊ အလင်းရောင်၊ လေဝင်လေထွက်၊ စိုထိုင်းဆ၊ တုန်ခါမှုစသည့် အခြေ အ‌နေတို့အား ကွင်းဆင်းတိုင်းတာအကဲြဖတ်လျက်ရှိရာ ၂၇-၉-၂၀၂၄ ရက်နေ့ မှ ၁၄-၁၀-၂၀၂၄ ရက်နေ့အထိ နေပြည်တော်ကောင်စီ၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံ (၂၀) ရုံ တွင် လုပ်ငန်းခွင် ပတ်ဝန်းကျင်အခြေအနေများ တိုင်းတာခဲ့ပါကြောင်းနှင့် တိုင်းတာခဲ့သည့် စက်ရုံများအနက် စက်ရုံ (၂) ရုံတွင် သတ်မှတ်အလင်းရောင်ပမာဏအတွင်း မရှိခြင်းကို စစ်ဆေးတွေ့ရှိခဲ့သဖြင့် စက်ရုံများသို့ လုပ်ငန်းခွင်ပတ်ဝန်းကျင် အခြေအနေ တိုးတက် ကောင်းမွန်စေရေးအတွက် ညွှန်ကြားချက်နှင့် အကြံပြုချက်များ ထုတ်ပြန်ခဲ့ပါသည်။၄။      သင်ထောက်ကူပြု မော်တော်ယာဉ်ဖြင့် အသိပညာပေးခြင်း။  ဦးစီးဌာန အနေဖြင့် အလုပ်ရှင်နှင့် အလုပ်သမားများ၏အသိအမြင်အား မြှင့်တင်ပေးနိုင်ရန်ရည်ရွယ်၍ လုပ်ငန်း ခွင်မပျက် စက်ရုံ၊ အလုပ်ရုံများမှ ပိုင်ရှင်၊ မန်နေဂျာနှင့် အလုပ်သမားများအား ဦးစီးဌာနမှ စစ်ဆေး စည်းကြပ်လျက်ရှိသည့် အလုပ်သမားဥပဒေဆိုင်ရာကိစ္စရပ်များ၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့်ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များကို သင်ထောက်ကူပြု မော်တော်ယာဉ်ဖြင့် လုပ်ငန်းခွင် အရောက် ပို့ချပေးလျက်ရှိရာ ၂၇-၉-၂၀၂၄ ရက်နေ့မှ ၁၄-၁၀-၂၀၂၄ ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီးတွင် (၄) ကြိမ်၊ အလုပ် သမား (၁၀၀) ဦးနှင့် ပဲခူးတိုင်းဒေသကြီးတွင် (၂) ကြိမ်၊ အလုပ်သမား (၅၀) ဦး၊ စုစုပေါင်း (၆) ကြိမ်၊ အလုပ်သမား (၁၅၀) ဦးတို့အား သင်ထောက်ကူပြုမော်တော်ယာဉ်ဖြင့် အသိပညာပေး ဆွေးနွေးခြင်းများကို  ဆောင်ရွက်နိုင်ခဲ့ပါသည်။

၂၀၂၄ ခုနှစ်၊ ၂၇-၉-၂၀၂၄ ရက်နေ့ မှ ၁၄-၁၀-၂၀၂၄ ရက်နေ့အထိ မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့၌ လုပ်ငန်းခွင်ပတ်ဝန်းကျင် အခြေအနေ တိုင်းတာစစ်ဆေးခဲ့မှု မှတ်တမ်းဓါတ်ပုံများ
၉-၁၀-၂၀၂၄ ရက်နေ့တွင် တမာ ပိုးသတ်ဆေးစက်ရုံ၌ တိုင်းတာနေပုံ
၈-၁၀-၂၀၂၄ ရက်နေ့တွင် JK Garments Co,Ltd (အထည်ချုပ်စက်ရုံ) ၌ တိုင်းတာနေပုံ
၂-၁၀-၂၀၂၄ ရက်နေ့တွင် Oaktree  Enterprises  (Myanmar)  Co.,Ltd အိတ်ချုပ်စက်ရုံ၌ အသိပညာပေးဆွေးနွေးနေပုံ
၁၀-၁၀-၂၀၂၄ ရက်နေ့တွင် Cobes Industrial Bago Co;Ltd ခွဲစိတ်ခန်းတစ်ခါသုံးအဝတ်အထည်ထုတ်လုပ်‌ရေးစက်ရုံ (၂)၌ အသိပညာပေးဆွေးနွေးနေပုံ