၁။ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကော်မတီဖွဲ့စည်းခြင်း။ လုပ်ငန်းခွင် ထိခိုက်ဒဏ်ရာရရှိမှုနှင့်သေဆုံးမှုများ လျော့နည်းပပျောက်စေရန်၊ ဘေးအန္တရာယ်ကင်းရှင်းရေး ဆိုင်ရာ အသိပညာများ ပိုမိုရရှိစေရန်၊ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်ပတ်သက်၍ အလုပ်ရှင်နှင့် အလုပ်သမားများအကြား ပူးပေါင်းဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးကော်မတီများကို ဖွဲ့စည်းနိုင်ရေး စည်းရုံးဆောင်ရွက်ခဲ့ရာ ၂၇-၂-၂၀၂၄ ရက်နေ့မှ ၁၅-၃-၂၀၂၄ ရက်နေ့ထိ အလုပ်သမား (၅၀) ဦးနှင့်အထက်ရှိသည့် စက်ရုံ၊ အလုပ်ရုံ များတွင် ကော်မတီ (၁၃) ဖွဲ့ ဖွဲ့စည်းနိုင်ခဲ့ပါသည်။
၂။ လုပ်ငန်းခွင် ပတ်ဝန်းကျင် အခြေအနေ တိုင်းတာအကဲဖြတ်ခြင်း။ လုပ်ငန်းခွင် ပတ်ဝန်းကျင် အခြေအနေများ တိုးတက်ကောင်းမွန်စေရန်အတွက် စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ငန်းခွင် ဆူညံသံ၊ အလင်းရောင်၊ လေဝင်လေထွက်၊ စိုထိုင်းဆ၊ တုန်ခါမှု စသည့်အခြေအနေတို့အား ကွင်းဆင်းတိုင်းတာအကဲဖြတ်လျက်ရှိရာ ၂၇-၂-၂၀၂၄ ရက်နေ့မှ ၁၅-၃-၂၀၂၄ ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီနယ်မြေ၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံ (၄၆) ရုံတွင် လုပ်ငန်းခွင် ပတ်ဝန်းကျင် အခြေအနေများ တိုင်းတာခဲ့ပါကြောင်းနှင့် တိုင်းတာခဲ့သည့် စက်ရုံများအနက် စက်ရုံ (၉) ရုံတွင် သတ်မှတ်အလင်းရောင် ပမာဏအတွင်း မရှိခြင်း၊ စက်ရုံ (၇) ရုံတွင် သတ်မှတ် ဆူညံသံပမာဏထက် ကျော်လွန်နေခြင်းတို့ကို စစ်ဆေးတွေ့ရှိခဲ့သဖြင့် စက်ရုံများသို့ လုပ်ငန်းခွင် ပတ်ဝန်းကျင်အခြေအနေ တိုးတက်ကောင်းမွန်စေရေးအတွက် ညွှန်ကြားချက်နှင့် အကြံပြုချက်များ ထုတ်ပြန်ခဲ့ပါသည်။
၃။ သင်ထောက်ကူပြုမော်တော်ယာဉ်ဖြင့် အသိပညာပေးခြင်း။ ဦးစီးဌာနအနေဖြင့် အလုပ်ရှင်နှင့် အလုပ်သမားများ၏ အသိအမြင်အား မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်၍ လုပ်ငန်းခွင် မပျက် စက်ရုံ၊ အလုပ်ရုံများမှ ပိုင်ရှင်၊ မန်နေဂျာနှင့် အလုပ်သမားများအား ဦးစီးဌာနမှ စစ်ဆေး စည်းကြပ်လျက်ရှိသည့် အလုပ်သမားဥပဒေဆိုင်ရာကိစ္စရပ်များ၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များကို သင်ထောက်ကူပြု မော်တော်ယာဉ်ဖြင့် လုပ်ငန်းခွင်အရောက် ပို့ချပေးလျက်ရှိရာ ၂၇-၂-၂၀၂၄ ရက်နေ့မှ ၁၅-၃-၂၀၂၄ ရက်နေ့ အထိ ရန်ကုန်တိုင်းဒေသကြီးတွင် (၂) ကြိမ်နှင့် နေပြည်တော်ကောင်စီနယ်မြေတွင် (၁) ကြိမ်၊ စုစုပေါင်း (၃) ကြိမ်၊ အလုပ်သမား (၇၅) ဦးအား သင်ထောက်ကူပြုမော်တော်ယာဉ်ဖြင့် အသိပညာပေးဆွေးနွေး ခြင်းများကို ဆောင်ရွက်နိုင်ခဲ့ပါသည်။
၄။ အာဆီယံ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက်ဆုများ ရွေးချယ်နိုင်ရေး ဆောင်ရွက်ခြင်း။ “(၅) ကြိမ်မြောက် အာဆီယံ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက်ဆု ရွေးချယ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး များကို အောက်ပါအတိုင်း ကျင်းပပြုလုပ်ခဲ့ပါသည်-
(က) ၇-၃-၂၀၂၄ ရက်နေ့တွင် အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ သင်တန်းခန်းမတွင် (၅) ကြိမ်မြောက် အာဆီယံ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက်ဆု ရွေးချယ်ရေးကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဆုရွေးချယ်ရေးကော်မတီဥက္ကဋ္ဌ ညွှန်ကြားရေးမှူး ချုပ် ဦးတင်ကိုကို ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ရာ အဖွဲ့ဝင်များအားလုံးတက် ရောက်ခဲ့ကြပြီး အစည်းအဝေးတွင် ASEAN-OSHNET ဆုများကို ဝင်ရောက်ယှဉ် ပြိုင်နိုင်စေရေး ရှင်းလင်းဆွေးနွေးပွဲများ ဆောင်ရွက်ခဲ့မှု အခြေအနေများ၊ ကွင်းဆင်း စစ်ဆေးခြင်း ဆောင်ရွက်မည့် အစီအစဉ်နှင့် အမှတ်ပေးစည်းမျဉ်းများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ခြင်း၊
( ခ ) ၁၂-၃-၂၀၂၄ ရက်နေ့တွင် အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ သင်တန်းခန်းမတွင် (၅) ကြိမ်မြောက် အာဆီယံ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက်ဆု ရွေးချယ်ရေးကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဆုရွေးချယ်ရေးကော်မတီဥက္ကဋ္ဌ ညွှန်ကြားရေးမှူး ချုပ် ဦးတင်ကိုကို ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ရာ အဖွဲ့ဝင်များအားလုံးတက် ရောက်ခဲ့ကြပြီး အစည်းအဝေးတွင် ASEAN-OSHNET ဆုဝင်ရောက်ယှဉ်ပြိုင်သည့် စက်ရုံများမှတင်ပြသော လျှောက်လွှာနှင့် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး နှင့်ကျန်းမာရေးဆိုင်ရာ မှတ်တမ်းအပေါ် စိစစ်တွေ့ရှိချက်များ၊ ပဏာမအဆင့် အောင်မြင်သည့် စက်ရုံများအား အတည်ပြုရွေးချယ်ခြင်း၊ ကွင်းဆင်းစစ်ဆေးမည့် လျာထားအစီအစဉ်အား ဆွေးနွေးခြင်း။
ရန်ကုန်တိုင်းဒေသကြီး၌ သင်ထောက်ကူပြုမော်တော်ယာဉ် (Mobile Training Bus) ဖြင့် အသိပညာပေးဆွေးနွေးမှု မှတ်တမ်းဓါတ်ပုံများ
၆-၃-၂၀၂၄ ရက်နေ့တွင် Fine Line Co.,Ltd အိတ်ချုပ်စက်ရုံတွင် အသိပညာပေးဆွေးနွေးနေပုံ
၆-၃-၂၀၂၄ ရက်နေ့တွင် UA Electronic Co.,Ltd (လျှပ်စစ်ပစ္စည်းအစိတ်အပိုင်းများ ထုတ်လုပ်သည့်စက်ရုံ)တွင် အသိပညာပေးဆွေးနွေးနေပုံ
၁၃-၃-၂၀၂၄ ရက်နေ့တွင် Myanmar York Fashion Co.,Ltd အထည်ချုပ်စက်ရုံတွင် တိုင်းတာနေပုံ
၄-၃-၂၀၂၄ ရက်နေ့၌ King Lead International Co.,Ltd (ဖိနပ်စက်ရုံ) တွင် တိုင်းတာနေပုံ
၇-၃-၂၀၂၄ ရက်နေ့တွင် (၅) ကြိမ်မြောက် အာဆီယံလုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက်ဆု ရွေးချယ်ရေးကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့မှု မှတ်တမ်းဓါတ်ပုံများ
အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးတင်ကိုကိုက အဖွင့်အမှာစကားပြောကြားနေပုံ
(၅) ကြိမ်မြောက် အာဆီယံလုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက်ဆု ရွေးချယ်ရေးကော်မတီဝင်များမှ ဆွေးနွေးပြောကြားနေပုံ
၁၂-၃-၂၀၂၄ ရက်နေ့တွင် (၅) ကြိမ်မြောက် အာဆီယံလုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက်ဆု ရွေးချယ်ရေးကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့မှု မှတ်တမ်းဓါတ်ပုံများ
(၅) ကြိမ်မြောက် အာဆီယံလုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက်ဆု ရွေးချယ်ရေးကော်မတီဝင်များမှ ဆွေးနွေးပြောကြားနေပုံ
(၅) ကြိမ်မြောက် အာဆီယံလုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက်ဆု ရွေးချယ်ရေးကော်မတီဝင်များမှ ဆွေးနွေးပြောကြားနေပုံ
စဉ် | မြို့နယ် | ယခင်လလက်ကျန်မှု | ယခုလအသစ်ဝင်ရောက်မှု | စုစုပေါင်း | ||||||
ရရှိ | ပြီးစီး | ဆောင် ရွက်ဆဲ | ရရှိ | ပြီးစီး | ဆောင်ရွက်ဆဲ | ရရှိ | ပြီးစီး | ဆောင်ရွက် ဆဲ | ||
၁ | လှိုင်သာယာမြို့နယ် | ၁ | – | ၁ | – | – | – | ၁ | – | ၁ |
၂ | ချမ်းအေးသာစံမြို့နယ် | ၁ | – | ၁ | – | – | – | ၁ | – | ၁ |
စုစုပေါင်း | ၂ | – | ၂ | – | – | – | ၂ | – | ၂ |