ရန်ကုန် စက်တင်ဘာ ၂၆
ရန်ကုန်တိုင်းဒေသကြီး ၊ လှိုင်သာယာမြို့နယ်၊ လူမှုဖူလုံရေးရုံး၌ အကျုံးဝင်မှတ်ပုံတင်ထား သော Primier Coffee Lluvia Co,Ltd မှ အာမခံအလုပ်သမားများ(၅-၈-၂၀၂၂) ရက်နေ့တွင် လုပ်ငန်းခွင်သို့လာရောက်ရာတွင် အလုပ်သမားများ စီးနင်းလိုက်ပါလာသော ဖယ်ရီအား မျက်နှာ ချင်းဆိုင်မှ မောင်းနှင်လာသည့် ဒိုင်နာကားတစ်စီးမှ ဝင်ရောက်တိုက်မိခဲ့ခြင်းကြောင့် အာမခံ အလုပ်သမား(၃)ဦးသည် ထိခိုက်ဒဏ်ရာရရှိပြီး သေဆုံးခဲ့သည့်အတွက် ကျန်ရစ်သူ မိသားစု များအား ကျန်ရစ်သူအကျိုးခံစားခွင့်ခွင့်ပြုထုတ်ပေးသည့် အခမ်းအနားကို ၂၆-၉-၂၀၂၂ ရက်နေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံစက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ၌ ကျင်းပပြုလုပ် ခဲ့သည်။
အခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိမ်း၊အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေး ဝန်ကြီး၊ (UMFCCI)မှ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ လူမှုဖူလုံရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ရန်ကုန်တိုင်း ဒေသကြီးတိုင်းတာဝန်ခံအရာရှိနှင့် အရာထမ်းများ၊ အလုပ်ရှင် အလုပ်သမား ကိုယ်စားလှယ်များ၊ Primier Coffee Lluvia Co,Ltd မှ တာဝန်ရှိသူများနှင့် အကျိုးခံစားခွင့် လက်ခံမည့်သူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ကျန်ရစ်သူအကျိုးခံစားခွင့်ငွေလုံးငွေရင်းအဖြစ် အလုပ်သမား ဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီးမှ အာမခံအလုပ်သမား ဒေါ်စန်းယုမော်၏ ခင်ပွန်းဖြစ်သူအား ကျပ် ၁၁,၁၁၈,၀၀၀/-(ကျပ်တစ်ရာ့တစ်ဆယ့်တစ်သိန်းတစ်သောင်းရှစ်ထောင်တိတိ)၊ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်မှ အာမခံအလုပ်သမားဒေါ်စန္ဒာခိုင်၏ မိသားစုအား ကျပ် ၁၀,၈၇၁,၅၅၀/- (ကျပ်တစ်ရာ့ရှစ်သိန်းခုနှစ်သောင်းတစ်ထောင့်ငါးရာငါးဆယ်တိတိ)၊ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးမှ ဦးမျိုးကိုကို၏ ဖခင်ဖြစ်သူအား ကျပ် ၁၀,၄၇၃,၁၀၀/- (ကျပ်တစ်ရာ့လေးသိန်း ခုနှစ်သောင်းသုံးထောင့်တစ်ရာတိတိ) ၊ အာမခံအလုပ်သမား စုစုပေါင်း အကျိုးခံစားခွင်ငွေကျပ် ၃၂,၄၆၂,၆၅၀/-ကို ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ ခွင့်ပြုထုတ်ပေးခဲ့သည်။
၂၀၁၂ နှစ်၊ လူမှုဖူလုံရေးဥပဒေတွင် ကျန်းမာရေးနှင့်လူမှုရေးစောင့်ရှောက်မှု အာမခံ စနစ်နှင့် အလုပ်တွင်ထိခိုက်မှုအကျိုးခံစားခွင့် အာမခံစနစ်တို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လူမှုဖူလုံရေးအဖွဲ့သို့ အလုပ်ရှင်၊အလုပ်သမား ထည့်ဝင်ကြေးအဖြစ် အလုပ်သမား လုပ်ခလစာ၏ ၅% ကို လစဉ်ထည့်ဝင်ကြေးပေးသွင်းခြင်းဖြင့် အာမခံအလုပ်သမား များနှင့် မှီခိုသူ မိသားစုများ လူမှုဒုက္ခကြုံတွေ့ရသည့်အခါ လူမှုဖူလုံရေးအဖွဲ့မှ ကျန်းမာရေးစောင့် ရှောက်မှုနှင့် ငွေကြေးအကျိုးခံစားခွင့်အပါအဝင် အကျိုးခံစားခွင့်(၁၅)မျိုးကို ခွင့်ပြုထုတ်ပေး လျှက်ရှိကြောင်း၊
လူမှုဖူလုံရေးအဖွဲ့အနေဖြင့်ဥပဒေအသစ်စတင်အကောင်အထည်ဖော်သည့် (၂၀၁၄–၂၀၁၅) ဘဏ္ဍာနှစ်မှ၈/၂၀၂၂လအထိကျန်းမာရေးနှင့်လူမှုရေးစောင့်ရှောက်မှု အာမခံစနစ်အရအာမခံအလုပ်သမား(၁,၆၄၈,၁၇၅)ဦးအတွက်ငွေကျပ်သန်း(၇၇,၄၆၆,၂၃၉)ကိုခွင့်ပြုထုတ်ပေး ခဲ့ပြီးအလုပ်တွင်ထိခိုက်မှုအကျိုးခံစားခွင့်အာမခံစနစ်အရအာမခံအလုပ်သမား (၆၃,၈၁၉)ဦး အတွက်ငွေကျပ်သန်း(၆,၉၇၇,၉၆၃)ကို ခွင့်ပြုနိုင်ခဲ့ပြီးဖြစ်ပါသည်။