ရန်ကုန်
မတ်လ ၁၉။
၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အလုပ်ခွင်ထိခိုက်မှုကြောင့်သေဆုံးခြင်း၊ အမြဲ တမ်း မသန်စွမ်းဖြစ်ခြင်းတို့အတွက် ကျန်ရစ်သူအကျိုးခံစားခွင့်နှင့် ငွေလုံးငွေရင်း ခွင့်ပြု ထုတ်ပေးသည့် အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်း ကျောင်း (ရန်ကင်း) ၌ ၁၉-၃-၂၀၂၂ ရက်နေ့၊ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ အလုပ်သမား ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တာဝန်ရှိသူများ၊ အလုပ်သမားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံများ တက်ရောက်ခဲ့ကြသည်။
အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့တွင် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အတွင်း၌ အကျုံးဝင်မြို့နယ်ပေါင်း ၁၁၆ မြို့နယ်၌ မှတ်ပုံတင်အလုပ်ဌာန အလုပ်ဌာန (၃၃,၇၇၆) ဌာနနှင့် အာမခံအလုပ်သမား ပေါင်း (၁,၀၈၇,၁၁၃) ဦးရှိသည်။
နိုင်ငံတစ်ဝှမ်းတွင် မြို့နယ်လူမှုဖူလုံရေးရုံး (၇၈) ရုံး ဖွင့်လှစ်ထားပြီး ရန်ကုန်တိုင်း ဒေသကြီး၌ အလုပ်ဌာန (၁၃,၄၀၇) ဌာနနှင့် အာမခံအလုပ်သမား (၇၅၈,၃၂၄) ဦးရှိ၍ အာမခံ အလုပ်သမားများအတွက် ကျန်းမာရေးစောင့်ရှောက်မှု ပေးခြင်းနှင့် မကျန်းမာမှု၊ မီးဖွားမှု၊ သေဆုံးမှုနှင့် လုပ်ငန်းခွင်တွင် ထိခိုက်ဒဏ်ရာ ရမှုများအတွက် အကျိုးခံစားခွင့်များ ခွင့်ပြုထုတ် ပေးလျက်ရှိသည်။
၂၀၁၂ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေ ပုဒ်မ ၂ (စ) နှင့်အညီ အာမခံအလုပ်သမား တစ်ဦးသည် အလုပ်ရှင်၏ အကျိုးငှာ အလုပ်ခွင်အတွင်း (သို့မဟုတ်) အလုပ်ခွင်ပြင်ပနှင့် အလုပ်ခွင်သို့ အသွား၊ အပြန်၊ လမ်းခရီးတို့တွင် မတော်တဆ ထိခိုက်ဒဏ်ရာရခြင်း၊ သေဆုံးခြင်းတို့ ဖြစ်ပေါ်သည့်အခါ အလုပ်ခွင်ထိခိုက်မှုကြောင့် သေဆုံးခြင်းအတွက် ကျန်ရစ်သူ အကျိုးခံစားခွင့်နှင့် မတော်တဆ ထိခိုက်ဒဏ်ရာ ရခြင်းများအတွက် အမြဲတမ်းမသန်စွမ်းမှု တစ်လုံးတစ်ခဲတည်း ငွေလုံးငွေရင်း အကျိုးခံစားခွင့်များ ထုတ်ပေးလျက်ရှိသည်။
ယနေ့ ကျင်းပသည့် အခမ်းအနားတွင် အလုပ်ခွင်အတွင်း (သို့မဟုတ်) အလုပ်ခွင် ပြင်ပ နှင့် အလုပ်ခွင်သို့ အသွား၊ အပြန် လမ်းခရီးတို့တွင် မတော်တဆသေဆုံးခဲ့သည့် အလုပ်သမား (၃) ဦးနှင့် မတော်တဆ ထိခိုက်ဒဏ်ရာရခဲ့သည့် အလုပ်သမား (၄) ဦး၊ စုစုပေါင်း (၇) ဦးတို့အတွက် အကျိုးခံစားခွင့် ခွင့်ပြုငွေ ကျပ် ၄၃,၃၂၈,၅၂၀.၀၀ ကို ဒုတိယဝန်ကြီးက ကာယကံရှင် အလုပ် သမားများနှင့် ကျန်ရစ်သူမိသားစုများထံသို့ လက်ရောက် ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်