အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

၁၄-၁၂-၂၀၁၆ ရက်နေ့တွင် နေပြည်တော်၊ Hotel Max ရှိ အစည်းအဝေးခန်းမတွင် မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယား သုံးနိုင်ငံအတွင်း ကျွမ်းကျင်မှု အပြန်အလှန်အသိအမှတ်ပြုနိုင်ရန် အတွက် “National Awareness – raising Workshop on Mutual Recogniton of Skills အစီအစဉ်ကို ILO ၏ အကူအညီဖြင့် အာဆီယံဒေသအတွင်း ရွှေ့ပြောင်းလုပ်ကိုင်လျက်ရှိသည့် အလုပ်သမားများ၏ ကျွမ်းကျင်မှုနှင့် အရည်အသွေးများကို အပြန်အလှန်အသိအမှတ်ပြုနိုင်ရေး အတွက် ဆောင်ရွက်ပြီးစီးသည့် အခြေအနေများကို ချပြရန်နှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား တက်ရောက်လာသူများအနေဖြင့် ညှိနှိုင်းဆွေးနွေးရန် ရည်ရွယ်၍ အလုပ် သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနမှ ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။
အဆိုပါ အစည်းအဝေးသို့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်မှ ကိုယ်စားလှယ် တော်များ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင်၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ လုပ်သားများကျွမ်းကျင်မှု“စံ”သတ်မှတ်ပြဌာန်းရေးအဖွဲ့နှင့်စပ်ဆိုင်သော အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အလုပ်ရှင် ကိုယ်စားလှယ်များ၊ အလုပ်သမားကိုယ်စားလှယ်များ၊ ILO နှင့် အခြားမိတ်ဖက်အဖွဲ့အစည်းများမှ သက်ဆိုင်ရာပုဂ္ဂိုလ်များ တက်ရောက်ခဲ့ပါသည်။

Untitled

2