ရန်ကုန်တိုင်းဒေသကြီး၊ UMFCCI မင်္ဂလာခန်းမ၌ ၂၂-၅-၂၀၁၆ ရက်နေ့ နံနက်ပိုင်းတွင် အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန က ကြီးမှူးကျင်းပသည့် အာဆီယံ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက် (ASEAN-OSHNET) ဆုရ Fame Pharmaceutical Industry Co., Ltd နှင့် Proven Technnology Industry Co., Ltd (TOYO Battery) တို့၏ ဂုဏ်ပြုပွဲ အခမ်းအနားသို့ အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ အလုပ်သမားနှင့် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်ရှိန်၊ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဌ ဦးဝင်းအောင်၊ ရန်ကုန်တိုင်းဒေသကြီ အတွင်းရှိ စက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီ ဥက္ကဌ နှင့် အတွင်းရေးမှူးများ၊ စက်ရုံ၊ အလုပ်ရုံများမှ လုပ်ငန်းပိုင်ရှင်များနှင့် ကိုယ်စားလှယ်များ၊ စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြပါသည်။[download id=”716″]