အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ရန်ကုန်မြို့ရှိ ဂျာမနီဖောင်ဒေးရှင်း တစ်ခုဖြစ်သော Friedrich-Ebert-Stiftung(FES) မှ ဌာနေကိုယ်စားလှယ် Mr. Konstantistantin Barwaldt နှင့် အဖွဲ့အား ယနေ့ မေလ (၅) ရက်နေ့၊ နံနက် (၉)နာရီခွဲ အချိန် တွင် ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့ပြီး ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) မှ အလုပ်ဌာနေကိုယ်စားလှယ် Mr. Keiichiro NAKAZAWA နှင့် အဖွဲ့အား နံနက် (၁၀)နာရီခွဲတွင် တွေ့ဆုံခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် အလုပ်သမားရေးရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရေးအတွက် ဆွေးနွေးမှုများပြုလုပ်ခဲ့ပါသည်။[download id=”693″]