အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် ရန်ကုန်မြို့အခြေစိုက် ကုလသမ္မဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)ဌာနေ ကိုယ်စားလှယ် Mr. Giuseppe de Vincentiis နှင့်အဖွဲ့အား ယနေ့ ဧပြီလ (၂၅)ရက်၊ မွန်းလွဲ (၂)နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၏ ဧည့်ခန်းမ၌် လက်ခံတွေ့ဆုံပြီး နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုး၍ လုပ်ငန်းများဆောင်ရွက်မှုအခြေအနေများကို ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြပါသည်။[download id=”685″]