အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် ရန်ကုန်မြို့ရှိ ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူးရုံး(UN)မှ ဌာနေညှိနှိုင်းရေးမှူး Ms. Renata Lok-Dessallien နှင့်အဖွဲ့အား ဧပြီလ(၂၇)ရက်၊ နံနက်(၉)နာရီခွဲတွင် နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံ၍ ဝန်ကြီးဌာနနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်မှု အခြေအနေများအား ဆွေးနွေးခဲ့ပါသည်။
ထို့အပြင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် ယနေ့ ဧပြီလ(၂၈)ရက် နံနက်(၉)နာရီတွင် ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA) ဌာနေကိုယ်စားလှယ် Ms. Janet E. Jackson နှင့်အဖွဲ့အား ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံ၍ သန်းခေါင်စာရင်းအချက်အလက်များအား ထုတ်ပြန်နိုင်ရေး ဆောင်ရွက်မှုအခြေအနေအတွက် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။[download id=”687″]