အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်

သြဂုတ် ၁၅။

အလုပ်သမားဝန်ကြီးဌာန၊ အရာထမ်းများ လုပ်ငန်းခွင်ဝင်သင်တန်း အမှတ်စဉ်(၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကို နေပြည်တော်၊ ရုံးအမှတ်(၅၁)၊ အလုပ်သမားဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ ယနေ့နံနက်ပိုင်းတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ ထုတ်ပြန်ထားသော စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ကျင်းပသည်။

          သင်တန်းဖွင့်ပွဲအခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ၊  ဦးစီးဌာန/ အဖွဲ့ရုံးများမှ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)တွင် ဖွင့်လှစ်သော ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာသင်တန်း တက်ရောက်ပြီးစီး၍ သင်တန်းဆင်း အရာထမ်း(၇၇)ဦး အပါအဝင် စုစုပေါင်း (၉၀)ဦး တက်ရောက် ခဲ့ကြသည်။

          ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် နိုင်ငံတော်အပေါ် သစ္စာရှိပြီး တာဝန် သိတတ်သော၊ ကိုယ်ကျင့်တရားကောင်းမွန်သော၊ တော်တည့်မှန်ကန်သော ဝန်ထမ်းကောင်းများ ဖြစ်လာစေရန်နှင့် မိမိရာထူး အဆင့်နှင့်လျော်ညီသည့် အရည်အသွေးနှင့် စွမ်းဆောင်ရည်တိုးတက် လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပို့ချပေးခြင်းဖြစ်ကြောင်း၊

          နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံ့ဝန်ထမ်းဥပဒေနှင့်အညီ နိုင်ငံတော်၏တာဝန်ကို ထမ်းဆောင် နေချိန်တွင် ပါတီနိုင်ငံရေး ကင်းရှင်းရန်လိုကြောင်း၊ အဆင့်ဆင့်သော အစိုးရဝန်ထမ်းများ ပြည်သူ့ ဆက်ဆံရေးကောင်းမွန်ရန်အတွက် ကြပ်မတ်ဆောင်ရွက်ပေးရန်လိုကြောင်း၊ လုပ်ငန်းများ အောင်မြင်မှုရရှိရေး မိမိလက်အောက်မှ လိုက်ပါပူးပေါင်းဆောင်ရွက်နိုင်ရန် ကောင်းမွန်သည့် ခေါင်းဆောင်မှုပေးနိုင်ရန် လိုသကဲ့သို့ မိမိကိုယ်တိုင် လုပ်ငန်းကျွမ်းကျင်၍ လက်အောက်သို့ သွန်သင် ပြသရန်လိုအပ်ကြောင်း ကိန်းဂဏန်း နှင့်အချက်အလက်များ မှန်ကန်မှုရှိမှသာ နိုင်ငံတော်အစိုးရ၏ လုပ်ငန်းအောင်မြင်မှုအတွက် များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း၊ အလုပ်အကိုင်အခွင့် အလမ်းများကို နိုင်ငံအနှံ့အပြား၌ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ ပြည်တွင်း၌ အလုပ်အကိုင်အခွင့်အလမ်း များပြားလာမည်ဆိုပါက ပြည်ပသို့သွားရောက် လုပ်ကိုင် မှုများ နည်းပါးသွားမည်ဖြစ်ပြီး နိုင်ငံအတွက် လုပ်အားဆုံးရှုံးမှုများ နည်းပါးသွားမည်ဖြစ် ကြောင်း၊

          နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ခေါင်းဆောင်ပီသသည့် ဝန်ထမ်း ကောင်းများအား လေ့ကျင့်ဆောင်ရွက်ရေး၊ နိုင်ငံ့ဝန်ထမ်း နည်းဥပဒေနှင့်အညီ နေထိုင် လုပ်ကိုင်စေရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်ရေး၊ လူ့စွမ်းအားအရင်း အမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေး၊ လုံခြုံရေးအထူးဂရုပြု ဆောင်ရွက်စေရေးတို့အတွက် ဌာန အကြီးအကဲများမှ ဆရာနှင့်တပည့်၊ မိဘနှင့်သားသမီးသဖွယ် သင်ကြားပြသ ကြပ်မတ်ဆောင် ရွက်သွားရမည်ကြောင်း၊

          မိမိတို့ဝန်ကြီးဌာနအနေဖြင့် တည်ဆဲအလုပ်သမားဥပဒေများနှင့်အညီ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်မှုဖြင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်စေရေး မျှော်မှန်း ချက်များ ချမှတ်ပြီး တည်ငြိမ်အေးချမ်းသည့် လုပ်ငန်းခွင် များဖြစ်ပေါ်ရေး၊ အလုပ်သမားဥပဒေပါ အကျိုးခံစားခွင့်များ ရရှိစေရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ သင့်လျော်ကောင်း မွန်သည့် အလုပ်အကိုင်များရရှိရေး၊ ဘေးကင်းသည့်ရွှေ့ပြောင်းသွားလာမှုဖြစ်ပေါ်ရေး၊ ကျွမ်းကျင်မှု လေ့ကျင့်သင်ကြားပေးရေး၊ လူမှုအကာအကွယ်ပေးရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင် ရေး စသည့်ရည်မှန်းချက်များဖြင့် လုပ်ငန်းတာဝန်များကို အကောင်အထည် ဖော်ဆောင်ရွက် လျက်ရှိကြောင်း၊

          နိုင်ငံ့ဝန်ထမ်းများသည် မိမိဝန်ကြီးဌာနအလိုက် လုပ်ငန်း၊ ဌာနများ၏ သတ်မှတ်ပြဋ္ဌာန်း ထားသော ဥပဒေ၊ နည်းဥပဒေများနှင့်အညီ မိမိတို့၏ လုပ်ငန်းတာဝန်များကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ မိမိတို့ဆန္ဒအရ နိုင်ငံ့ဝန်ထမ်းအလုပ်ကို လုပ်ကိုင်ကြသူများဖြစ်သည့်အတွက် မည်သို့သော အကြောင်းကြောင့် ဝင်ရောက်လုပ်ကိုင်သည် ဖြစ်စေ စတင်တာဝန် ထမ်းဆောင်စဉ်ကတည်းက ဆိုင်ရာစည်းမျဉ်းစည်းကမ်းများကို လိုက်နာ ကြမည်ဟု ကတိကဝတ်ပြုခဲ့ကြသူများဖြစ်ရာ မိမိတို့၏ လုပ်ငန်းတာဝန်များကို ကျေပွန်အောင် ထမ်းဆောင်ပြီး နိုင်ငံ့ဝန်ထမ်းကောင်း တစ်ဦးအဖြစ် ရပ်တည်နိုင်အောင် ကြိုးစားလုပ်ကိုင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊

          သင်တန်းကနေပို့ချပေးလိုက်သည့် အလုပ်သမားရေးရာဥပဒေများ၊ နိုင်ငံ့ဝန်ထမ်း ဥပဒေ နှင့်နည်းဥပဒေများ၊ ကျင့်ဝတ်၊ စံတန်ဖိုးနှင့် ရုံးလုပ်ငန်းလက်စွဲစာစောင်များ ဌာနအလိုက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအား သိရှိအောင်လေ့လာ သင်ယူပြီး မိမိတို့ တစ်ဦးချင်း စွမ်းဆောင်ရည်များ တိုးတက်စေရေးအတွက် အမြဲလေ့လာဆည်းပူးနေရမှာဖြစ်ကြောင်း၊ တစ်ဦး ချင်း စွမ်းဆောင်ရည် ကောင်းမွန်မှသာလျှင် ဌာနအလိုက် စွမ်းဆောင်ရည်များလည်း တိုးတက် ကောင်းမွန်လာမည်ဖြစ်ကြောင်း၊

          နိုင်ငံနှင့် ပြည်သူအကျိုးကို သယ်ပိုးရင်း တာဝန်ကျေပွန်သော ဝန်ထမ်းကောင်းများ၊ အနာဂတ်နိုင်ငံတော်ကို ဦးဆောင်ကြမည့် ခေါင်းဆောင် ကောင်းများဖြစ်အောင် ကြိုးစား ဆောင်ရွက်ကြရန်၊ စွမ်းဆောင်ရည်မြင့်မားသည့် ဝန်ထမ်းကောင်းများ ဖြစ်လာစေရေးအတွက် လိုအပ်သည့် ဘာသာရပ်ကျွမ်းကျင်မှုတွေကို တာဝန်သိမှု၊ တာဝန်ယူမှု၊ လေ့လာဆည်းပူးမှုတို့ဖြင့် အစဉ်ကြိုးစားသင်ယူကြရန်လိုကြောင်း၊

          မိမိဌာနက ယုံကြည်စိတ်ချစွာ တာဝန်ပေးအပ်နိုင်သူဖြစ်အောင်၊ ဝန်ထမ်း အချင်းချင်း၏ ယုံကြည်လေးစား အားကိုးထိုက်သူဖြစ်အောင်၊ ကြီးကြပ်ကွပ်ကဲမှု အနည်းဆုံးဖြင့် လုပ်ငန်း တာဝန်များကို အောင်မြင်ပြီးမြောက် ဆောင်ရွက်နိုင်သူများဖြစ်အောင် ခေါင်းဆောင်မှုဆိုင်ရာ အရည်အသွေးနှင့် စီမံခန့်ခွဲမှုစွမ်းရည်များ မြင့်မားလာစေရေး စဉ်ဆက်မပြတ် လေ့လာဆည်းပူး ကြရန် ဝန်ကြီးဌာန၏ ဂုဏ်သိက္ခာမြင့်မားစေရေး အလေးထားဆောင်ရွက်ပေးရန် တိုက်တွန်း မှာကြားခဲ့သည်။ အဆိုပါသင်တန်းကို အရာထမ်း (၇၇)ဦး တက်ရောက်လျက်ရှိပြီး ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၁၅) ရက်နေ့မှ (၁၉) ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ထုတ်ပြန်ထားရှိသော စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်