အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးသည် ၂၇-၁-၂၀၂၃ ရက်နေ့တွင် ဗဟိုသင်တန်း ကျောင်း (သုဝဏ္ဏ) ၌ ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ် ပြဋ္ဌာန်းရေးအဖွဲ့ အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ် ပေးအပ်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆက်စပ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ ကျွမ်းကျင်မှုစစ်ဆေး အကဲဖြတ်ရေးနှင့် အသိအမှတ်ပြုရေးကော်မတီမှ တာဝန်ရှိသူများ၊ လုပ်ငန်းကဏ္ဍအလိုက် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေးကော်မတီမှ တာဝန်ရှိသူများ၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံ အင်ဂျင် နီယာအသင်းချုပ်နှင့် မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ်တို့မှ တာဝန်ရှိ သူများ၊ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဌာနများမှ တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များ၊ ကျွမ်းကျင်မှု အသိ အမှတ်ပြုလက်မှတ်ရယူကြမည့် ကျွမ်းကျင်လုပ်သားများ၊ တာဝန်ရှိသူများ စုစုပေါင်း (၂၅၂) ဦးနှင့်အတူ တက်ရောက်ခဲ့ကြပါသည်။


