အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်                                                                                                  ဧပြီ ၂၅

၂၀၂၄ ခုနှစ်၊ မေလ (၁) ရက်နေ့တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)နှင့် အမှတ်(၂) တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀) တို့၌ အလုပ်သမားဝန်ကြီး ဌာနမှ ဝန်ထမ်းများ စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အလုပ်သမားဝန်ကြီးဌာနသည် နိုင်ငံတော်၏ မူဝါဒများနှင့်အညီ အလုပ်ရှင်၊ အလုပ်သမား များ၏အကျိုးကို ဘက်ပေါင်းစုံမှ ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် လူမှုကာကွယ်စောင့်ရှောက် ရေးလုပ်ငန်းများအား တစ်ဘက်တစ်လမ်းမှ ဆောင်ရွက်လျက်ရှိပြီး သွေးလှူဒါန်းခြင်းအားဖြင့် ခွဲစိတ်ကုသမှုခံယူရမည့် လူနာများနှင့် ကိုယ်ဝန်ဆောင်မိခင်များ မီးဖွားချိန်တွင် လိုအပ်ပါက အသုံးပြုနိုင်ရန်၊ အရေးပေါ်အခြေအနေများတွင် အဆင်သင့်အသုံးပြုနိုင်စေရန်၊ ရှားပါးသော သွေးအုပ်စုလိုအပ်သည့်လူနာများကို သွေးအလှူရှင်များမှတစ်ဆင့် ရရှိနိုင်စေရန်၊ သွေးလိုအပ်မှု ကြောင့် လူ့အသက်များ မဆုံးရှုံးစေရန် မျှော်မှန်း၍ အလုပ်သမားဝန်ကြီးဌာနရှိ ဝန်ထမ်းများ အနေဖြင့် စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပရခြင်းဖြစ်သည်။

အဆိုပါ စုပေါင်းသွေးလှူဒါန်းပွဲတွင် အလုပ်သမားဝန်ကြီးဌာနရှိ ဝန်ထမ်းများက ပြည်သူ့ ဆေးရုံကြီး (ခုတင်-၁၀၀၀)၊ နေပြည်တော်တွင် (၅၀)ဦးနှင့် အမှတ်(၂) တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀)၊ နေပြည်တော်တွင် (၅၀)ဦး၊ စုစုပေါင်း ဝန်ထမ်းဦးရေ (၁၀၀)ဦး စုပေါင်း သွေးလှူ ဒါန်းခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ် များသည် သွေးလှူရှင်ဝန်ထမ်းများအား ဆေးဝါးများနှင့် အာဟာရပစ္စည်းများပေးအပ်၍ ဝန်ထမ်းများ စုပေါင်းသွေးလှူဒါန်းနေမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး နှင့် တာဝန်ရှိသူများသည် အမှတ်(၂) တပ်မတော် ဆေးရုံကြီး (ခုတင်-၁၀၀၀)၊ နေပြည်တော်တွင် တက်ရောက်ဆေးကုသမှုခံယူနေသော  တပ်မတော်သားများအတွက် ထောက်ပံ့ငွေ ကျပ် ၅၀ သိန်းတိတိအား ပေးအပ်လှူဒါန်းခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။

၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့တွင် အလုပ်သမားဝန်ကြီးဌာနရှိ ဝန်ထမ်း (၅၀)ဦးတို့မှ အမှတ်(၂) တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀) ၊ နေပြည်တော်တွင် ဆက်လက်သွေးလှူဒါန်း သွားမည်ဖြစ်သဖြင့် စုစုပေါင်း ဝန်ထမ်း (၁၅၀)ဦး သွေးလှူဒါန်းမည်ဖြစ်ကြောင်း သိရှိရပါသည်။