နေပြည်တော်၊ ဖေဖော်ဝါရီလ ၂၆  ရက်

အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) မှ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Greg Vines ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ်ဦးဆောင်သော တာဝန်ရှိ သူများနှင့် နေပြည်တော်လူမှုဖူလုံရေးရုံးချုပ်၊ အစည်းအဝေးခန်းမ၌တွေ့ဆုံ၍ လူမှုဖူလုံရေးအဖွဲ့ မှ ဆောင်ရွက်လျက်ရှိသည့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများတွင် ILO မှ နည်းပညာအကူအညီ ပေးနေမှုများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခဲ့ကြပါ သည်။

ဆက်လက်ပြီး အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO)၊ ဒုတိယညွှန်ကြားရေး မှူးချုပ် Mr. Greg Vines မှ မြန်မာနိုင်ငံလူမှုဖူလုံရေးအဖွဲ့၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ တွင် အကူအညီပေးရသည့်အတွက် ဝမ်းမြောက်ပါကြောင်း၊ လူမှုဖူလုံရေးအဖွဲ့၏ ပူးပေါင်းဆောင် ရွက်မှုများကို အားရကျေနပ်မိပါကြောင်း၊ လိုအပ်သော နည်းပညာအကူအညီများကို ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားပါသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့(ILO) မှ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Greg Vines၊ Liaison Officer Mr. Dounglin Li၊ Programme Manager Ms. Anne Margaret  Boyd၊ National Coordinator Dr. Thein Than Htay တို့တက် ရောက်ကြပြီး၊ လူမှုဖူလုံရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန် ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပါ သည်။