အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်                                                                                                                  ဇူလိုင် ၉

          အထည်ချုပ်လုပ်ငန်းတွင် Assessment Center များ တိုးမြှင့်တည်ထောင်ရန်နှင့် Assessor များ ပိုမိုမွေးထုတ်ပေးရေး  တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာစက်မှုဇုန်ရှိ ကနောင်ခန်းမတွင် ကျင်းပရာ မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) ဥက္ကဋ္ဌ၊ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်နှင့် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးနှင့် အသိအမှတ်ပြုရေးကော်မတီ (ACC) မှ တာဝန်ရှိသူများ၊ စက်မှု ဇုန်ဥက္ကဋ္ဌများ၊ အထည်ချုပ်လုပ်ငန်းရှင်များ၊ မန်နေဂျာများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက် ရောက်ကြသည်။

          ဒုတိယဝန်ကြီးက မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ အနေဖြင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင် ရေးကို အလေးထားဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ဖြေဆိုသူ ၅၀၀၀ ဦးကို စစ်ဆေးအကဲဖြတ်ရန် လျာထားပြီး အထည်ချုပ်အလုပ်အကိုင်ကို အဓိကဦးစားပေး၍ ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်သွားမည်ဖြစ်ကြောင်း။

နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ အလုပ်သမားဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ပြည်ထောင်စုနယ်မြေတွင် “လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရေး၊ စက်ရုံများ မှတ်ပုံတင်ရေးနှင့် SME လုပ်ငန်းများ စနစ်တကျရှိစေရေး” လုပ်ငန်းစီမံချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း။

လုပ်ငန်းစီမံချက်အရ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်၊ မတ်လထိ ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်တွင် NSSA အသိပညာပေးဆွေးနွေးပွဲ (၆) ကြိမ် ကျင်းပခဲ့ပြီး အထည်ချုပ် အလုပ်အကိုင်၊ လျှပ်စစ်အလုပ်အကိုင်နှင့် အုတ်စီအလုပ်အကိုင်ရှိ လုပ်သား ၃၈၀ ဦးကို  ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ကာ ချင်းတွင်းတံခွန်၊ Maple Win အထည်ချုပ်စက်ရုံနှင့် အစိုးရနည်းပညာ ကောလိပ်(နေပြည်တော်)တို့ကို အထည်ချုပ်စစ်ဆေးအကဲဖြတ်ရေးဌာနအဖြစ် အသိအမှတ်ပြုနိုင်ခဲ့ ကြောင်း။      

          ကုန်ထုတ်စွမ်းအား မြင့်မားစေရေး ကျွမ်းကျင်လုပ်သားလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင် ရန် ကိုဗစ်-၁၉ ကပ်ရောဂါ ကန့်သတ်ချက်ကြားက အခက်အခဲနှင့် စိန်ခေါ်မှုများကို အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုဖြင့် ကျော်ဖြတ်ခဲ့ပြီး နိုင်ငံတော်အစိုးရ၏ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး အလေးထားဆောင်ရွက်မှုကို မှတ်ကျောက်တင်နိုင်ခဲ့ကြောင်း။

          NSSA အနေဖြင့် ၂၀၁၄ ခုနှစ်မှ ယနေ့ထိ ကျွမ်းကျင်မှု “စံ” ရေးဆွဲပြီး အလုပ်အကိုင် (၈၁) မျိုး တွင် Inspector နှင့် Assessor ၆၅၀ ကျော်၊ စစ်ဆေးအကဲဖြတ်ရေးဌာန ၂၀၀ ခု တည်ထောင်၍ အလုပ်အကိုင် (၃၀) မျိုးအတွက် ကျွမ်းကျင်လုပ်သား ၁၇,၅၀၀ ကျော်ကို အသိအမှတ်ပြုနိုင်ခဲ့ကြောင်း။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကဏ္ဍစုံတွင် ထိခိုက်ခံစားခဲ့ရပြီး အထူးသဖြင့် အလုပ်အကိုင် အခွင့်အလမ်းများပြီး အလုပ်သမား အများဆုံးရှိသည့် အထည်ချုပ်လုပ်ငန်းများတွင် အမှာစာလျော့ နည်းခြင်း၊  ထုတ်ကုန်တင်ပို့ရန် ခက်ခဲခြင်းတို့ကြောင့်  စက်ရုံများ ရပ်နားခြင်း၊ ပိတ်သိမ်းခြင်းများ ရှိခဲ့၍ အလုပ်အကိုင်အခွင့်အလမ်းများ ဆုံးရှုံးခဲ့ရကြောင်း။  

          ကိုဗစ်-၁၉ အလွန်ကာလတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မြန်မာ့အထည်ချုပ်လုပ်ငန်း ပြန်လည်ဦးမော့လာပြီး Buyer များမှ အလုပ်အပ်နှံစေရေး အထည်ချုပ် လုပ်ငန်းရှင်များအနေဖြင့် ကျွမ်းကျင်မှုမြင့်မားသည့် အထည်ချုပ်လုပ်သားများနှင့် လုပ်ကိုင်နေမှုကို သတင်းဖြန့်ဝေရန်လိုကြောင်း။          

          ရန်ကုန်တိုင်းဒေသကြီးတွင် NSSA အသိအမှတ်ပြု အထည်ချုပ်စစ်ဆေးအကဲဖြတ်ရေးဌာန  ၄၀ နီးပါးရှိ၍ NSSA အသိအမှတ်ပြု ကျွမ်းကျင်လုပ်သား ၅၃၀၀ ကျော်၊ Inspector နှင့် Assessor ၃၀  ဦး သာရှိကြောင်း။

          မြန်မာနိုင်ငံရှိ အထည်ချုပ်စက်ရုံနှင့် လုပ်သားအရေအတွက်ဖြင့်  NSSA အသိအမှတ်ပြု စစ်ဆေးအကဲဖြတ်ရေးဌာန၊ ကျွမ်းကျင်လုပ်သားအရေအတွက် အချိုးချကြည့်ပါက စစ်ဆေးအကဲ ဖြတ်ရေးဌာနများ၊ စစ်ဆေးအကဲဖြတ်သူများ ၊ စစ်ဆေးရေးမှူးများ များစွာမွေးထုတ်ရမည်ကို မြင်တွေ့ ရပြီး လုပ်ငန်းရှင်များက မြန်မာ့အထည်ချုပ်ကဏ္ဍ တိုးတက်စေရေး ကျွမ်းကျင်လုပ်သားများ မွေးထုတ် ပေးရေး လုပ်ငန်းစဉ်တွင် စိတ်ပါဝင်စားစွာ ပူးပေါင်းဆောင်ရွက်ပေးရန်လိုကြောင်း။

          အထည်ချုပ်အလုပ်အကိုင်စစ်ဆေးအကဲဖြတ်ရာတွင် စစ်ဆေးအကဲဖြတ်သူများအတွက် ဉာဏ် ပူဇော်ခနှင့်  ဖြေဆိုသူများအတွက်  ကုန်ကျစရိတ်များကို နိုင်ငံတော်ဘဏ္ဍာငွေက ကျခံသုံးစွဲနေရသဖြင့် အဆင့်မီ အထည်ချုပ်ကျွမ်းကျင်လုပ်သားများ အသိအမှတ်ပြုပေးခြင်းအားဖြင့် လုပ်သားများ၏ လူမှု ဘဝ မြင့်မားစေပြီး လုပ်ငန်းရှင်များအတွက်ပါ များစွာအထောက်အပံ့ဖြစ်စေကြောင်း။  

သို့ဖြစ်၍ အထည်ချုပ်လုပ်ငန်းရှင်များအနေဖြင့်  မိမိလုပ်သားများ ကျွမ်းကျင်မှုအဆင့်နှင့် ကိုက်ညီသော အသိအမှတ်ပြုလက်မှတ်များ ရရှိရေး NSSA ၏ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ် ရေးလုပ်ငန်းစဉ်များတွင် စစ်ဆေးအကဲဖြတ်ရေးဌာနများ တည်ထောင်ခြင်း၊  Assessor များ မွေးထုတ် ပေးခြင်းဖြင့် ကုန်ထုတ်စွမ်းအား မြင့်မားတိုးတက်၍ တစ်ဦးချင်းဝင်ငွေ ပိုမိုရရှိစေပြီး လုပ်သားများ၏ လူနေမှုဘဝ မြင့်မားတိုးတက်စေရေးအတွက် အလေးထားဆောင်ရွက်ပေးရန် တိုက်တွန်းမှာကြား ခဲ့သည်။

ဆက်လက်၍ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးနှင့် အသိအမှတ်ပြုရေးကော်မတီမှ တာဝန်ခံ နှင့် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း ကိုယ်စားလှယ်တို့က ဆွေးနွေးတင်ပြ၍ စက်မှုဇုန် ဥက္ကဋ္ဌနှင့် တက်ရောက်လာသူများက သိရှိလိုသည်များ မေးမြန်းရာ ဒုတိယဝန်ကြီးက လိုအပ်သည် များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။