အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်                                                                                              ဩဂုတ် ၂၃         

စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်ရှင်၊ အလုပ်သမားများ၏ အခက်အခဲများနှင့်ပတ်သက်၍ အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမား သုံးပွင့်ဆိုင်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်း တွင် အလုပ်သမားဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ Virtual ဖြင့် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ခုံသမာဓိကောင်စီဝင်များ၊ ခုံသမာဓိအဖွဲ့ဝင်များ၊ အလုပ်ရှင်ကိုယ်စား လှယ်များ၊ အလုပ်သမားကိုယ်စားလှယ်များနှင့် စက်မှုဇုန်အသီးသီးမှ ကိုယ်စားလှယ်များ တက် ရောက်ကြသည်။

အစည်းအဝေးတွင် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်က စက်ရုံ၊ အလုပ်ရုံများ ပုံမှန် လည်ပတ် နိုင်ရေး၊ အလုပ်သမားများ အလုပ်လက်မဲ့မဖြစ်စေရေး၊ အလုပ် အကိုင်အခွင့်အလမ်းများရရှိရေး၊ အလုပ်သမားများ လုပ်ခ လစာ အချိန်မီရရှိနိုင်ရေး၊ အလုပ်သမား ရေးရာအငြင်းပွားမှုများအား ဥပဒေနှင့်အညီ ဖြေရှင်းပေးနိုင်ရေးနှင့် လုပ်ငန်းခွင် များတွင် ကြုံတွေ့ နေရသည့် အခက်အခဲများကို ပွင့်ပွင့်လင်းလင်းတိုင်ပင်ဆွေးနွေးပြီး အောင်မြင်စွာအကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်၍ သုံးပွင့်ဆိုင်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပရ ခြင်းဖြစ်ပါကြောင်း၊

          ဝန်ကြီးဌာနအနေဖြင့် တည်ဆဲအလုပ်သမားဥပဒေများနှင့်အညီ အစိုးရ၊ အလုပ်ရှင်၊    အလုပ်သမား သုံးပွင့်ဆိုင် ပူးပေါင်း ဆောင်ရွက်မှုဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရေး ရေရှည် မျှော်မှန်းချက်များချမှတ်၍ တည်ငြိမ်အေးချမ်းသည့် လုပ်ငန်းခွင်များဖြစ်ပေါ်စေရေး၊ အလုပ်သမား ဥပဒေပါ အကျိုးခံစားခွင့်များရရှိစေရေး၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး၊ သင့်လျော် ကောင်းမွန်သည့်အလုပ်အကိုင်များရရှိရေး၊ ဘေးကင်းသည့် ရွှေ့ပြောင်းသွားလာမှုဖြစ်ပေါ်စေရေး၊ ကျွမ်းကျင်မှုလေ့ကျင့်သင်ကြားပေးရေး၊ လူမှုအကာအကွယ်ပေးရေးနှင့် ကျန်းမာရေးစောင့်ရှောက် မှုပေးနိုင်ရေးစသည့် ရည်မှန်းချက် (၉)ရပ်ဖြင့် လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ဒေသတွင်းသာမက နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပါ စဉ်ဆက်မပြတ် ပူးပေါင်း ဆောင်ရွက်လျက် ရှိပါကြောင်း၊

နိုင်ငံအနေဖြင့် လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်နှင့် ဖွဲ့စည်းခွင့်ကွန်ဗင်းရှင်း (အမှတ်-၈၇) ကို လိုက်နာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ၂၀၁၁ ခုနှစ်၊ အလုပ်သမားအဖွဲ့အစည်း ဥပဒေအရ အာဏာတည်ပြီးနောက် ၂၀၁၂ ခုနှစ်မှစ၍ ယနေ့ အချိန်ထိ အသိအမှတ်ပြုလက်မှတ် ထုတ်ပေးထားသော အခြေခံအလုပ်သမားအဖွဲ့အစည်း ၂၈၂၃ ဖွဲ့၊ အခြေခံ အလုပ်ရှင် အဖွဲ့အစည်း     ၂၆ ဖွဲ့၊ မြို့နယ်အလုပ်သမားအဖွဲ့အစည်း ၁၅၆ ဖွဲ့၊ မြို့နယ်အလုပ်ရှင်အဖွဲ့အစည်း ၁ ဖွဲ့ ၊ တိုင်း ဒေသကြီး/ ပြည်နယ် အလုပ်သမားအဖွဲ့အစည်း ၂၅ ဖွဲ့၊ အလုပ်သမားအဖွဲ့ချုပ် ၉ ဖွဲ့၊ အလုပ်ရှင် အဖွဲ့ချုပ် ၁ ဖွဲ့၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ၁ ဖွဲ့၊ စုစုပေါင်း ၃၀၄၂ ဖွဲ့  ဖွဲ့စည်း ထားရှိပါကြောင်းနှင့် အလုပ်သမားအဖွဲ့အစည်းများကို လွတ်လပ် စွာ ဖွဲ့စည်းနိုင်ရေး ဥပဒေနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊

စက်ရုံ၊ အလုပ်ရုံများတွင် လုပ်သားအင်အားလျှော့ချခြင်း၊ ပိတ်သိမ်းရခြင်းများရှိပါက အလုပ်ရှင်နှင့် အလုပ်သမားများ၏ အကျိုးစီးပွားများ နစ်နာမည်ဖြစ်သကဲ့သို့ နိုင်ငံတော်၏ ကုန်ထုတ်စွမ်းအားပိုင်းဆိုင်ရာ ထိခိုက်နိုင်ပြီး တိုင်းပြည်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ထပ်ဆင့်အားနည်းစေနိုင်ကြောင်း၊ အလုပ်ရှင်၊ အလုပ်သမားများ လုပ်ငန်းခွင် ဆက်ဆံရေး တိုးတက် ကောင်းမွန်စေရေးအတွက် မည်သည့်ကိစ္စမဆို အပြုသဘောဆောင်၍ ဥပဒေနှင့်အညီ စက်ရုံ အတွင်း ငြိမ်းချမ်းစွာ ညှိနှိုင်းဖြေရှင်းခြင်းဖြင့် လုပ်ငန်းခွင်ဆက်ဆံရေးတိုးတက်ကောင်းမွန်လာ မည်ဖြစ်ပါကြောင်း၊

          Online ဖြင့် တက်ရောက်လာကြသော အလုပ်ရှင်၊ အလုပ်သမား၊ ခုံသမာဓိအဖွဲ့ဝင်များနှင့် စက်မှုဇုန်များမှ ကိုယ်စား လှယ်များအနေဖြင့် အမှန်တကယ်ကြုံတွေ့နေရသည့် အခက်အခဲများကို ဆွေးနွေးပေးရန်နှင့် ဖြည့်ဆည်းပေးရန် လိုအပ် သည့် အချက်များကို ပွင့်ပွင့်လင်းလင်းအကောင်း ဆုံးဆွေးနွေးအဖြေရှာပြီး သုံးပွင့်ဆိုင်ပူးပေါင်း ဆောင်ရွက်ခြင်းအား ဖြင့် နိုင်ငံ၏ ကုန်ထုတ်စွမ်းအား မြင့်မားတိုးတက်စေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။

          ဆက်လက်၍ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့ တွင် ကျင်းပခဲ့သည့် အစည်းအဝေးဆုံးဖြတ်ချက်များနှင့်ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှုများကို ရှင်းလင်း ဆွေနွေး တင်ပြခဲ့ ပြီး Online ဖြင့် တက်ရောက်လာကြသော ခုံသမာဓိကောင်စီ၊ ခုံသမာဓိအဖွဲ့နှင့် ညှိနှိုင်းဖျန်ဖြေရေး အဖွဲ့ဝင် များ၊ အလုပ်ရှင်၊  အလုပ်သမား ကိုယ်စားလှယ်များ၊ စက်မှုဇုန်အသီးသီးမှ ကိုယ်စားလှယ်များက လတ်တလောတွေ့ ကြုံနေရ သည့် လုပ်ငန်း ဆိုင်ရာအခက်အခဲများ၊ လိုအပ်ချက်များကို အသီးသီးဆွေးနွေးတင်ပြခဲ့ကြရာ ညွှန်ကြားရေးမှူးချုပ်များနှင့် အမြဲတမ်း အတွင်းဝန် တို့က ပြန်လည်ရှင်းလင်းဆွေးခဲ့ကြပြီး ဒုတိယဝန်ကြီးမှ လိုအပ်ချက်များကို ဖြည့်စွက်ဆွေးနွေးမှာ ကြား ခဲ့သည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေး ပြီး အစိုးရ၊ အလုပ်ရှင်၊ အလုပ် သမားများမှ ကြုံတွေ့နေရသည့် အခက်အခဲများကို အတူတကွ လက်တွဲကျော်ဖြတ်၍ လုပ်ငန်းခွင်တည်ငြိမ် အေးချမ်း ရေးနှင့် ကုန်ထုတ်စွမ်းအား မြင့်မားတိုးတက် စေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရှိရပါသည်။