အစိုးရသစ်လက်ထက် ရက် (၁၀၀) အတွင်း၊ အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မှ အောက်ဖော်ပြပါ လုပ်ငန်း (၁၃)မျိုးအား အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။[download id=”712″]
- (က) ရွှေ့ပြောင်းလုပ်သားများထောက်ပံ့ကူညီရေးဗဟိုဌာန(Migrant Workers Resource Center-MRC)(၂)ခုအားဧရာဝတီတိုင်းဒေသကြီးနှင့်ရခိုင်ပြည်နယ်များတွင်ဖွင့်လှစ်ခြင်း၊
- (ခ) ကျွမ်းကျင်လုပ်သားများမွေးထုတ်ပေးနိုင်ရေးအတွက် သက်မွေးပညာသင်တန်းများ ဖွင့်လှစ် ပေးခြင်းနှင့် နိုင်ငံအဆင့်ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်ထုတ်ပေးခြင်း၊
- (ဂ) အလုပ်သမားရေးရာကိစ္စရပ်များအသိပညာပေးဆွေးနွေးခြင်း၊
- (ဃ) လူမှုဖူလုံရေးအဖွဲ့နှင့် ပုဂ္ဂလိကကျန်းမာရေးဝန်ဆောင်မှု ကုမ္ပဏီများပူးပေါင်း၍ လူမှုဖူလုံ ရေးအကျုံးဝင် အာမခံအလုပ်သမားများအတွက် ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းများအား ပိုမိုကျယ်ပြန့်စွာဆောင်ရွက်ခြင်း၊
- (င) နိုင်ငံခြားသားအလုပ်သမားဥပဒေ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာ ရေး ဥပဒေတို့အား ပြည်ထောင်စုလွှွတ်တော်သို့ တင်သွင်းနိုင်ရေး ဆောင်ရွက်ခြင်း၊
- (စ) ထိုင်းဘုရင့်နိုင်ငံအစိုးရနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရတို့အကြား အလုပ်သမားများ အလုပ်ခန့်ထားရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေး ထိုးနိုင်ရေး ဆောင်ရွက်ခြင်း၊
- (ဆ) အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာကျွမ်းကျင်မှုဆွေးနွေးပွဲ (National Skills Forum) ကျင်းပခြင်း၊
- (ဇ) ရွှေ့ပြောင်းနေထိုင်သူများနှင့် အလုပ်သမားများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သောမှတ်ပုံတင် တစ်မျိုးမျိုးထုတ်ပေးရေး ဆောင်ရွက်ခြင်း၊
- (ဈ) အခြေခံပညာကျောင်းများတွင် အသက် (၁၀) နှစ်ပြည့်ကျောင်းသား/သူများအား နိုင်ငံသား စိစစ်ရေးကတ်ပြား (သို့မဟုတ်) ကိုင်ဆောင်သင့်သော မှတ်ပုံတင်တစ်မျိုးမျိုး ထုတ်ပေးရေး ဆောင်ရွက်ခြင်း၊
- (ည) ၁၉၈၂ ခုနှစ်မြန်မာနိုင်ငံသားဥပဒေနှင့်အညီ သက်ဆိုင်သည့် စိစစ်ရေးကတ်ပြားတစ်မျိုးမျိုး စိစစ်ထုတ်ပေးခြင်း၊
- (ဋ) အမည်မည်းစာရင်း (Black List) ရေးသွင်းထားသူများအား ဥပဒေ၊ လုပ်ထုံးလုပ်နည်း နှင့်အညီ ဖြေလျှော့ဆောင်ရွက်ပေးခြင်း၊
- (ဌ) ပြည်ဝင်ဗီဇာကိစ္စရပ်များအား လူဝင်မှုကြီးကြပ်ရေးဥပဒေ၊ လုပ်ထုံးလုပ်နည်းများအရ ဖြေလျှော့ဆောင်ရွက်ခြင်း၊
- (ဍ) ၂၀၁၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမှ ရရှိသော ဘာသာရေး ဆိုင်ရာ အချက်အလက်များထုတ်ပြန်ခြင်း၊