အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

၂၀၂၄-၂၀၂၅ ခုနှစ်၊ လူ့စွမ်းအားဖွံ့ဖြိုးမှု အညွှန်းကိန်းများလက်စွဲစာအုပ် (ပထမ အကြိမ်မူကြမ်း) အပေါ် လိုအပ်သည်များ ထပ်မံဖြည့်စွက်၊ အကြံပြုခြင်းများ ဆောင်ရွက်နိုင် ရန်အတွက် ၁၉-၈-၂၀၂၅ ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန၊ ယာယီအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည့် လူ့စွမ်းအားဖွံ့ဖြိုးမှုအညွှန်း ကိန်းများ ပုံမှန်ပြုစုထုတ်ပြန်နိုင်ရေး အထောက်အကူပြုလုပ်ငန်းအဖွဲ့ (Core Working Group-CWG) ညှိနှိုင်းအစည်းအဝေးအား လူ့စွမ်းအားဖွံ့ဖြိုးမှုအညွှန်းကိန်းများ ပုံမှန်ပြုစု ထုတ်ပြန်နိုင်ရေး အထောက်အကူပြုလုပ်ငန်းအဖွဲ့၊ ဥက္ကဋ္ဌ၊ အလုပ်သမားညွှန်ကြားရေးဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးတင်ကိုကိုဦးဆောင်၍ CWG အဖွဲ့ဝင်များ၊ ကိုယ်စား တက်ရောက်သူများ စုစုပေါင်း (၂၆) ဦးဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။