အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

၃၀-၈-၂၀၂၃ ရက်နေ့တွင် ရုံးအမှတ်(၅၁)၊ အလုပ်သမားဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည့် လူ့စွမ်းအားဖွံ့ဖြိုးမှုအညွှန်းကိန်းများ ပုံမှန်ပြုစုထုတ်ပြန်နိုင်ရေးလုပ်ငန်းအဖွဲ့   (Core Working Group-CWG) ၏ (၁/၂၀၂၃) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးသို့ လူ့စွမ်းအား ဖွံ့ဖြိုးမှုအညွှန်းကိန်းများ ပုံမှန်ပြုစုထုတ်ပြန်နိုင်ရေး အထောက်အကူပြုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌဖြစ်သူ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးဆောင်၍ လူ့စွမ်းအားဖွံ့ဖြိုးမှု အညွှန်းကိန်းများ ပုံမှန်ပြုစုထုတ်ပြန်နိုင်ရေး အထောက်အကူပြုလုပ်ငန်းအဖွဲ့ ဒုတိယဥက္ကဋ္ဌဖြစ်သူ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် လူ့စွမ်းအားဖွံ့ဖြိုးမှုအညွှန်းကိန်းများ ပုံမှန်ပြုစုထုတ်ပြန်နိုင်ရေး အထောက်အကူပြုလုပ်ငန်းအဖွဲ့မှ အဖွဲ့ဝင်များ၊ လူ့စွမ်းအားဖွံ့ဖြိုးမှုအညွှန်းကိန်းများနှင့် သက် ဆိုင်သည့်ဌာန၊ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ အပါအဝင် စုစုပေါင်း (၆၀) ဦးခန့်နှင့် Zoom Application အသုံးပြု၍ Online မှ တက်ရောက်သူ (၄) ဦးခန့် တက်ရောက်ခဲ့ပါသည်။