အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်                                                                                                
ဇူလိုင် ၁။

အလုပ်သမားဝန်ကြီးဌာန လူ့စွမ်းအား ဖွံ့ဖြိုးမှုအညွှန်းကိန်းများ အသုံးပြုသူများ၏ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် (၀၉:၃၀) နာရီအချိန်တွင် နေပြည်တော်၊ ရုံးအမှတ်(၅၁)၊ အလုပ်သမားဝန်ကြီးဌာန စုဝေးခန်းမ၌ Video Conferencing ဖြင့် ကျင်းပရာ အလုပ်သမား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် မှ တက်ရောက် အဖွင့်အမှာစကားပြောကြား သည်။
အဆိုပါ အစည်းအဝေးသို့ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဌာနဆိုင်ရာ ကိုယ်စားလှယ်များနှင့် စာရင်းအင်းနှင့်သက်ဆိုင်သည့် ကျွမ်းကျင်ပညာရှင်များ၊ ကိုယ်စားလှယ်များနှင့် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများမှ ကိုယ်စား လှယ်များ တက်ရောက်ခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီး က အမှာစကားပြောကြားရာတွင် အလုပ်သမားဝန်ကြီးဌာန၏ ရည်မှန်းချက်များတွင် အလုပ်သမားရေးရာ သုတေသနလုပ်ငန်းများ ဆောင်ရွက်ရေးနှင့် အလုပ် သမားဈေးကွက်ဆိုင်ရာ သတင်းအချက်အလက်များ စုဆောင်းပြုစုရေး အချက်များပါဝင်ခြင်း ကြောင့် ၁၉၉၅ ခုနှစ် မှစ၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် “လူဦးရေနှင့်ဖွံ့ဖြိုးမှု စီမံကိန်း ရေးဆွဲမှုလုပ်ငန်းစဉ်အတွက် လူ့စွမ်းအားဖွံ့ဖြိုးမှု အညွှန်းကိန်းများ ဖော်ထုတ် ရေးဆိုင်ရာ လုပ်ငန်းစီမံကိန်း” ရလဒ်အရ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန အနေဖြင့် ၁၉၉၇ ခုနှစ်မှ စတင်ပြီး လူ့စွမ်းအားဖွံ့ဖြိုးမှု အညွှန်းကိန်းများ လက်စွဲစာအုပ်ကို ပြုစုထုတ်ဝေခဲ့ရာ ၂၀၂၁ ခုနှစ်အထိ ၂၁ အုပ်မြောက် ထုတ်ဝေခဲ့ပြီးဖြစ်ကြောင်း၊
လက်စွဲစာအုပ် ပြုစုထုတ်ဝေရာတွင် တစ်နှစ်ထက်တစ်နှစ် ပိုမိုပြည့်စုံသည့် အညွှန်းကိန်း စာအုပ် ဖြစ်ပေါ်လာစေရန် “လူ့စွမ်းအားဖွံ့ဖြိုးမှုအညွှန်းကိန်းများ အသုံးပြုသူများ၏ အလုပ်ရုံ ဆွေးနွေးပွဲ” ကို နှစ်စဉ်ပြုလုပ်ခဲ့ပြီး ၂၀၁၉-၂၀၂၀ ခုနှစ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် လူ့စွမ်းအားဖွံ့ဖြိုးမှုအညွှန်းကိန်းများ ပုံမှန်ပြုစုထုတ်ပြန်နိုင်ရေး အထောက်အကူပြုလုပ်ငန်းအဖွဲ့ (Core Working Group-CWG) အစည်းအဝေးနှင့် အလုပ်ရုံဆွေးနွေးပွဲများကို ပြုလုပ်နိုင်ခဲ့ခြင်း မရှိဘဲ ယခုနှစ်တွင် အလုပ်ရုံဆွေးနွေးပွဲကို ပြန်လည်ကျင်းပနိုင်ခြင်းဖြစ်ကြောင်း၊ လူ့စွမ်းအား ဖွံ့ဖြိုးမှု အညွှန်းကိန်းများ ရေရှည်တည်တံ့ဖွံ့ဖြိုးရေးနှင့် အချိန်နှင့်တစ်ပြေးညီ မှန်ကန်သော အညွှန်းကိန်းများ ပြုစုထုတ်ပြန်နိုင်ရန်  အညွှန်းကိန်းနှင့် သက်ဆိုင်သည့် ဌာနဆိုင်ရာကိုယ်စား လှယ်များ၊ အစိုးရမဟုတ်သည့် အဖွဲ့အစည်းကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော လူ့စွမ်းအား ဖွံ့ဖြိုးမှုအညွှန်းကိန်းများ ပုံမှန်ပြုစုထုတ်ပြန်နိုင်ရေး အထောက်အကူပြု လုပ်ငန်းအဖွဲ့ (Core Working Group -CWG) အဖွဲ့ဝင်များအား Updated ပြင်ဆင်ဖွဲ့စည်းပြီးဖြစ်ကြောင်း၊ တိုးတက် ပြောင်းလဲနေသော ခေတ်ကာလတွင် မြန်မာနိုင်ငံ၏ လက်ရှိ လူဦးရေ၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနဲ့ စီးပွားရေးဆိုင်ရာ အချက်အလက်များ တိကျမှန်ကန် ပြည့်စုံသည့် စာရင်းအင်းများကို အချိန်နှင့်တစ်ပြေးညီ သိရှိခြင်းဖြင့် အကျိုးရှိမည့် လုပ်ငန်းစဉ်များတွင် အသုံးချနိုင်သောကြောင့်် စဉ်ဆက်မပြတ် စာရင်းမှန်ရရှိရေး ဆောင်ရွက်ရန်လိုအပ်ကြောင်း၊
လူ့စွမ်းအားဖွံ့ဖြိုးမှု အညွှန်းကိန်းများနှင့်ပတ်သက်၍ ဝန်ကြီးဌာနများအလိုက် စာရင်းများ ကောက်ယူပြုစုလျက်ရှိပြီး ကဏ္ဍအားလုံးနှင့် သက်ဆိုင်လွှမ်းခြုံသည့် အညွှန်းကိန်းများကို လူ့စွမ်းအားဖွံ့ဖြိုးမှု အညွှန်းကိန်းများ လက်စွဲစာအုပ်တွင် တစ်စုတစ်စည်းတည်းတွေ့မြင်နိုင်မည် ဖြစ်ကြောင်း၊ လူ့စွမ်းအားဖွံ့ဖြိုးမှု အညွှန်းကိန်းများ လက်စွဲစာအုပ် ပုံမှန်ပြုစု ထုတ်ဝေခြင်းဖြင့် စာရင်းအင်းဆိုင်ရာ သတင်းအချက်အလက်များကို ဆုံးဖြတ်ချက် ချမှတ်လုပ်ဆောင်ရမည့် လုပ်ငန်းများတွင် လက်တွေ့အထောက် အကူဖြစ်စေနိုင်ခြင်း၊ ယုံကြည်စိတ်ချရပြီး မှန်ကန်မှု ရှိသည့် ကိန်းဂဏန်း အချက်အလက်များ အလွယ်တကူရရှိနိုင်ခြင်း၊ အညွှန်းကိန်းများကို အခြေခံပြီး သတင်းအချက်အလက်များ ဖော်ထုတ်၍ ခိုင်မာသော မူဝါဒချမှတ်နိုင်ခြင်း၊  စီးပွားရေးဖွံ့ဖြိုးမှု အဆင့်အတန်းကို သိရှိနိုင်ခြင်း၊ လူနေမှုအဆင့်အတန်းကို သိရှိနိုင်ခြင်းတို့ကြောင့် လက်စွဲစာ အုပ်ပြုစု ထုတ်ပြန်နိုင်ခြင်းသည် နိုင်ငံ၏ လူ့စွမ်းအားဆိုင်ရာ မှတ်တိုင်တစ်ခုဖြစ်ကြောင်း၊
ဝန်ကြီးဌာနများတွင်ရှိသည့် ကဏ္ဍအမျိုးမျိုးသော စာရင်းအင်းယူနစ်များသည် အမျိုးသား စာရင်းအင်းစနစ် (National Statistical System) ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်နေပြီး အမျိုးသားစာရင်းအင်းစနစ် အရည်အသွေးပြည့်ဝသော စီမံကိန်းရေးဆွဲသူများ၊ ပုဂ္ဂလိကလုပ်ငန်း ရှင်များ၊ လူမှု-စီးပွား သုတေသနဆောင်ရွက်သူများ အားလုံးအတွက် မူဝါဒများချမှတ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရန် မှန်ကန်တိကျသည့် အချက်အလက်များ ရရှိနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏မူဝါဒများ၊ စီမံကိန်းများ ရေးဆွဲချမှတ်နိုင်ရန်နှင့် စီမံကိန်းများကို အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် စောင့်ကြည့်အကဲဖြတ်နိုင်ရန်အတွက် အခြေခံစာရင်းအင်း အချက် အလက်များ၏ တိကျခိုင်မာမှုက အရေးကြီးကြောင်း၊ လူ့စွမ်းအားဖွံ့ဖြိုးမှု အညွှန်းကိန်းများ ဖော်ထုတ်အသုံးပြုရေး လုပ်ငန်းစီမံကိန်းအရ မိမိတို့ဝန်ကြီးဌာနက ဦးတည်ဆက်သွယ်ရာ ဌာနအဖြစ် ဆောင်ရွက်လျက်ရှိပြီး ဝန်ကြီးဌာန ၂၁ ခုမှ အညွှန်းကိန်းနှင့် သက်ဆိုင်သည့် ဦးစီးဌာန ၄၅ ဌာနဖြင့် အဖွဲ့အစည်း ၂ ဖွဲ့တို့က လုပ်ငန်းအဖွဲ့ဝင်များ၊ ကျွမ်းကျင်ပညာရှင်များနှင့် ညှိနှိုင်း ပေါင်းစပ် အကောင်အထည်ဖော် ဆောင်ရွက်နေသည့်အတွက် အညွှန်းကိန်းနှင့်သက်ဆိုင်သည့် ဝန်ကြီးဌာန၊  ဦးစီးဌာနများအားလုံး မိမိတို့ဌာန၏ စာရင်းအင်းများ ဂရုတစိုက် ကောက်ယူပြုစု ကြရန် အရေးကြီးကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး မှ ကိုယ်စားလှယ်များ၏ တင်ပြဆွေးနွေးချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးပြီးနောက် အလုပ်ရုံဆွေးနွေးပွဲကို လုပ်ငန်းတာဝန် များ မအားလပ်သည့်ကြားက တက်ရောက်လာကြသည့် စာရင်းအင်းနှင့်သက်ဆိုင်သည့် ကျွမ်းကျင်ပညာရှင်များ၊ ကိုယ်စားလှယ်များနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စား လှယ်များအားလုံးကို ကျေးဇူးအထူးတင်ရှိကြောင်းနှင့် စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်ပေး ကြရန် တိုက်တွန်းမှာကြာခဲ့သည်။
ထို့နောက် ကိုင်တိုင်တက်ရောက်လာကြသည့် ပညာရေးဝန်ကြီးဌာန၊ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါက်တာအေးအေးဝင်း၊ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ခိုင်ဦး၊ နယ်စပ်ရေးရာ၀န်ကြီးဌာန၊ ညွှန်ကြားရေးမှူး ဦးမျိုးဝင်းထွန်း၊ စက်မှု ဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူး ဦးစောမှတ်ကျော်၊ လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန၊ ညွှန်ကြားရေးမှူး ဦးဇော်မင်းလတ်၊ အခြေခံပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာအေးအေးစမ်း၊ အဆင့်ပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးအောင်စိုး၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာသက်နှင်းအေး၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးကောင်းညွန့်၊ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်း အဖွဲ့ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သီတာထွေး၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူး ဒေါ်ခင်မိုးမြင့်၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စောစန္ဒာမိုး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာနှင်းပပခိုင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စောညိုညိုသင်း၊ ကုသရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာချယ်ရီအောင်၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းနိုင် တို့နှင့် Online မှ တက်ရောက်ကြသည့် ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ပါမောက္ခ(ဌာနမှူး) ဒေါက်တာအေးသီတာ၊ မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်၊ မော်ကွန်းထိန်း ဦးတင့်နောင်ထူး၊ မြန်မာနိုင်ငံရေ ကြောင်းပညာတက္ကသိုလ်၊ လက်ထောက်မော်ကွန်းထိန်း ဒေါ်အေးမြတ်မိုး တို့က လူ့စွမ်းအား ဖွံ့ဖြိုးမှု အညွှန်းကိန်းများ လက်စွဲစာအုပ်တွင်ပါရှိသည့် အညွှန်းကိန်းများကို လက်တွေ့ လုပ်ငန်း နယ်ပယ်တွင် အသုံးပြုနိုင်မှုအခြေအနေ၊ အညွှန်းကိန်းများ တွက်ချက်ပြုစုရာတွင် တွေ့ကြုံရသည့် အခက်အခဲများနှင့် အတွေ့အကြုံများ ဆွေးနွေးသုံးသပ်အကြံပြုချက်များရယူကာ လူ့စွမ်းအား ဖွံ့ဖြိုးမှု အညွှန်းကိန်းများ လက်စွဲစာအုပ် (၂၀၂၀-၂၀၂၁) ခုနှစ် ထွက်ရှိနိုင်ရေး ဆက်လက်ဆောင် ရွက်မည့်လုပ်ငန်းစဉ်များကို လျာထား၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။