နေပြည်တော်၊ ဒီဇင်ဘာလ ၅ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၏ EDMS နှင့် Internet & e-mail အသုံးချမှုသင်တန်း အမှတ်စဉ် (၁/ ၂၀၁၈) သင်တန်းဖွင့်ပွဲအခမ်းအနားကို ၅-၁၂-၂၀၁၈ ရက်နေ့ နံနက်(၉:၃၀) နာရီအချိန်တွင် နေပြည်တော်၊ လူမှုဖူလုံရေးအဖွဲ့(ရုံးချုပ်)၊ သင်တန်းခန်းမ(၁)၌ကျင်းပပြုလုပ်ခဲ့ရာအခမ်းအနားသို့အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများ၊ သင်တန်းအုပ်ချုပ်သူများနှင့် သင်တန်းသား/သူ(၅၀)ဦးတို့တက်ရောက်ခဲ့ကြပါသည်။
အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ ညွှန်ကြားရေးမှူးမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ သင်တန်းတာဝန်ခံမှ သင်တန်းဖွင့်လှစ်ရခြင်းနှင့် သင်တန်း စည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့ပြီး အခမ်းအနားကို နံနက် (၁၀:၀၀) နာရီအချိန်တွင် ရုတ်သိမ်းခဲ့ပါ သည်။ လူမှုဖူလုံရေးအဖွဲ့တွင် တာဝန်ထမ်းဆောင်လျှက်ရှိသော ဝန်ထမ်းများအားရုံးလုပ်ငန်းများ လက်တွေ့လုပ်ဆောင်ရာတွင် ကွန်ပျူတာနည်းပညာအသုံးပြု၍ လျှင်မြန်စွာ ဆောင်ရွက်တတ်စေ ရန်ရည်ရွယ်၍ သင်တန်းသား/သူ (၅၀)ဦးတို့အား ၅-၁၂-၂၀၁၈ ရက်နေ့မှ ၁၁-၁၂-၂၀၁၈ ရက်နေ့အထိ သင်ကြားပေးသွားမည်ဖြစ်ပါသည်။