၁။ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ တိုင်းဒေသကြီးရုံးလူမှုဖူလုံရေးရုံးခန်းမ၌ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံ ရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များခွင့်ပြုထုတ်ပေးခြင်းအခမ်းအနားကို၁၀-၁-၂၀၂၀ရက်နေ့တွင် ကျင်းပခဲ့ရာပဲခူးတိုင်းဒေသကြီး၊ မြို့နယ်လူမှုဖူလုံရေးရုံး၊ ပြည်မြို့တွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် LOTTE MGS Beverages Co.,Ltdမှ အာမခံအလုပ်သမားဦးမြင့်ကြိုင်ဦး၏ အလုပ်တွင်ထိခိုက်မှုကြောင့်သေဆုံးခြင်းအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေလုံးငွေရင်းငွေကျပ် ၄,၃၂၀,၀၀၀/-ကိုအာမခံအလုပ်သမား၏ညီဦးစန်းလွင်ဦးအားပဲခူးတိုင်းဒေသကြီးလူမှုဖူလုံရေးရုံး၊ တိုင်းဒေသကြီးတာဝန်ခံအရာရှိလက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသီခိုင်မှ ပေးအပ်ခဲ့ပြီး အကျိုးခံစားခွင့်ရရှိသူ ဦးစန်းလွင်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။
၂။ စစ်ကိုင်းတိုင်းဒေသကြီး၊မုံရွာမြို့၊ မြို့နယ်လူမှုဖူလုံရေးရုံး၌၂၀၁၂ခုနှစ်၊လူမှုဖူလုံရေးဥပဒေ နှင့်အညီအကျိုးခံစားခွင့် များခွင့်ပြုထုတ်ပေးခြင်းအခမ်းအနားကို ၁၄-၁-၂၀၂၀ရက်နေ့တွင်ကျင်းပခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး၊ မြို့နယ်လူမှုဖူလုံရေးရုံး၊ မုံရွာမြို့တွင်အကျုံးဝင်မှတ်ပုံတင်ထားသည့် စီနိုဟိုက်ဒရိုကုမ္ပဏီမှ အာမခံအလုပ်သမား ဦးရန်နိုင်စိုး၏ အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးခြင်း အတွက် နာရေးစရိတ်နှင့် ကျန်ရစ်သူ အကျိုးခံစားခွင့် ငွေလုံးငွေရင်းငွေကျပ် ၉,၈၀၁,၀၀၀/-ကိုအာမခံအလုပ်သမား၏ဇနီးဒေါ်သဲမွန်ရတနာသန့်အား စစ်ကိုင်းတိုင်းဒေသကြီး လူမှုဖူလုံရေးရုံး၊ တိုင်းဒေသကြီးတာဝန်ခံအရာရှိဦးသန်းနိုင်ဦးမှပေးအပ်ခဲ့ပြီး အကျိုးခံစားခွင့် ရရှိသူကိုယ်စား စီနိုဟိုက်ဒရိုကုမ္ပဏီမှ အာမခံအလုပ်သမားဦးလှရွှေမှ ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။
၃။ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ပြည်နယ်လူမှုဖူလုံရေးရုံး၌ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များခွင့်ပြုထုတ်ပေးခြင်းအခမ်းအနားကို၂၈-၁-၂၀၂၀ရက် နေ့တွင် ကျင်းပခဲ့ရာရှမ်းပြည်နယ်၊ မြို့နယ်လူမှုဖူလုံရေးရုံး၊ တောင်ကြီးမြို့တွင် အကျုံးဝင် မှတ်ပုံတင်ထားသည့်တီကျစ်ကျောက်မီးသွေးစက်ရုံမှ အာမခံအလုပ်သမားဦးစိုးဝင်း၏အလုပ်တွင်ထိခိုက်မှုကြောင့်သေဆုံးခြင်းအတွက်ကျန်ရစ်သူအကျိုးခံစားခွင့် ငွေလုံးငွေရင်းငွေကျပ်၁၅,၀၀၀,၀၀၀/- ကိုအာမခံအလုပ်သမား၏ဇနီးဒေါ်သိန်းသိန်းဟန်အား ရှမ်းပြည်နယ် လူမှုဖူလုံရေးရုံးတာဝန်ခံအရာရှိ၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်တင်တင်အောင်မှပေးအပ်ခဲ့ပြီးအကျိုးခံစားခွင့်ရရှိသူ ကိုယ်စားတီကျစ်ကျောက်မီးသွေးစက်ရုံမှ လက်ထောက်မန်နေဂျာဦးအောင်ငွေမှ ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ပါသည်။